All News Local News Peace

ရခိုင်တွင် အင်တာနက် ဖွင့်ရေး၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု ရပ်ရေး တောင်းဆိုသော စာရွက်များ သီပေါနှင့်လားရှိုးတွင် လိုက်လံကပ်

ရခိုင်တွင် အင်တာနက် ဖွင့်ရေး၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု ရပ်ရေး တောင်းဆိုသော စာရွက်များ သီပေါနှင့်လားရှိုးတွင် လိုက်လံကပ်

ရန်ကုန်၊ စက်တင်ဘာ ၉

ရှမ်းပြည်နယ် သီပေါမြို့နှင့် လားရှိုးမြို့နယ်တို့တွင် တက္ကသိုလ် ကျောင်းသားများက ဦးဆောင်၍ ရခိုင်ပြည်နယ်၌ 4G အင်တာနက် ပြန်ဖွင့်ပေးရေးအပါ အဝင် တပ်မတော်၏ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းများ ရပ်တန့်ပေးရန် တောင်းဆိုသော စာရွက်များကို ယနေ့ နံနက်ပိုင်း မြို့အနှံ့ လိုက်ကပ်သော လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ လက်ရှိမှာ ရခိုင်မှာလည်း စစ်မက်တွေ ဖြစ်ပွားနေတယ်။ မငြိမ်းချမ်းဘူးရောဂါတွေလည်းဖြစ်နေတယ်။ ဒီအခြေအနေအတွင်းမှာတောင်မှ ကျွန်တော်တို့ရဲ့ တောင်းဆိုတဲ့အချက်တွေထဲမှာ အင်တာနက်ပြန်ဖွင့်ပေးရေးပါတယ်။ လူသားဆန်ဖို့အတွက် အချက်တွေပါတယ်။ ပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ရပ်တန်းက ရပ်ပေးဖို့ အကြောင်းအရာတွေပါတယ်။ အဲတာတွေကို သိသွားတဲ့သူတွေ တွေ့သွားတဲ့သူတွေက ဘာပဲဖြစ်ဖြစ်စိတ်ထဲမှာ အတွေးလေးတွေပေါ်လာတယ်ဆိုရင် အစိုးရကိုပဲ ဖြစ်ဖြစ် တပ်မတော်ကိုပဲ ဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ ဒီဟာက မဖြစ်သင့်မှန်း ဆိုပြီးတော့ အများကြီး သိရှိနားလည် လာတဲ့အခါမှာ ပြန်ပြီးတော့ တွန်းအားပေးလာမယ်။ တိုက်တွန်းလာမယ်လို့ ကျွန်တော်တို့က ယူဆတဲ့အတွက်ကြောင့် အများပြည်ကို အသိပေးတဲ့သဘောပါ” ဟု တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

တောင်းဆိုချက်စာရွက်များကို လားရှိုးတက္ကသိုလ်မျက်နှာစာ၊ လွတ်လပ် ရေးပန်းခြံရှေ့နှင့် သီပေါမြို့အဝင်ဆိုင်းဘုတ်တို့တွင် ကပ်ထားခဲ့ပြီး ရခိုင်ပြည်မှာ 4G အင်တာနက်ချက်ချင်းပေး၊ NO Bloody government ၊ NO Murder Army၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကျနှင့် ပြည်နယ်အစိုးရအား အယုံအကြည်မရှိ စသည့်အချက်များ ပါဝင်သည့် တောင်းဆိုချက် စာရွက်များကို လိုက်လံ ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်က နေပြီးတော့ တစ်ထောင့်တစ်နေရာကနေ ကူညီနိုင်တဲ့တာလေးတွေ ကူညီပေးတဲ့ အနေအထားမျိုးပါပဲ။ ကျွန်တော်တို့ အနေနဲ့တော့ တစ်နိုင်ငံလုံးထိ လွှမ်းခြုံလုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။ လောလောဆယ် ကျွန်တော်တို့ လုပ်နိုင်တာ အတိုင်းအတာတစ်ခုပဲ လုပ်တာပါ” ဟု ယင်းလားရှိုးမြို့နယ်မှ တက္ကသိုလ် ကျောင်းသားကဆိုသည်။

လက်ရှိချိန်တွင် ရခိုင်ပြည်နယ်၌ ကိုဗစ် ၁၉ရောဂါဖြစ်ပွားနေချိန်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးကျည်များ ရွာအတွင်းသို့ ကျရောက်သည့်ဖြစ်စဉ်များ မကြာခဏဖြစ်နေကာ ယမန်နေ့က မြေပုံမြို့နယ် ညောင်ကန် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts