All News Local News Peace

မြဝတီ-ကော့ကရိတ်လမ်းဟောင်း၊ အလယ်ဗိုလ်တဲစခန်းတွင် တပ်မတော်သား ၅ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လုပ်ကြံသတ်ဖြတ်ဟုဆို

မြဝတီ-ကော့ကရိတ်လမ်းဟောင်း၊ အလယ်ဗိုလ်တဲစခန်းတွင် တပ်မတော်သား ၅ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လုပ်ကြံသတ်ဖြတ်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂

ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်လမ်းဟောင်းရှိ အလယ်ဗိုလ်တဲစခန်းကို သြဂုတ် ၃ဝရက်နေ့က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်ဆက်သွယ်ရေးတပ်သား ၂ဦးသေဆုံးခဲ့ပြီး မိုင်းထပ်မံပေါက်ကွဲခြင်းကြောင့် တပ်မတော်သား ၃ဦး သေဆုံးခဲ့ကြောင်း ကရင် ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီး ဦးမင်းကိုခိုင်က ပြောဆိုသည်။

“ အဲဒီမှာ ( မြဝတီ၊ ကော့ကရိတ်လမ်းဟောင်းရှိအလယ်ဗိုလ်တဲစခန်း) က ဆက်သွယ်ရေးတပ်သားတွေနေတဲ့နေရာရှိတယ်။ အဲဒီဆက်သွယ်ရေးတပ်သားတွေ ၂ယောက်ပေါ့။ အဲဒီ ၂ယောက်ကို အဖွဲ့အစည်းတစ်ခုက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက လာလုပ်ကြံတယ်။ လုပ်ကြံတယ်ဆိုတာ အနီးကပ် သတ်သွားတာပေါ့။ သတ်သွားတော့ အဲ့အလောင်းတွေကို သွားစစ်တဲ့အဖွဲ့ပါ သွားစစ်တဲ့အဖွဲ့ပါ အဓီအလောင်းအောက်မှာ မိုင်းထောင်ထားတယ်ပေါ့။ မိုင်းထောင်ထားတော့ ထပ်ထိတယ်ပေါ့။ သွားတာ ၈ယောက် ၈ယောက်မှာ ၅ယောက်ထိတယ်။ ၅ယောက်ထိတာက မသေဘူးထင်တယ်။ ၃ယောက်ပဲ သေတာလား။ အဲတာတော့ အတိအကျတော့မသိဘူး။ စုစုပေါင်း ၅ယောက်တော့သေတယ်။ သေဆုံးသူ အမည်တွေကတော့ ကျွန်တော်တို့မသိဘူး။ သက်ဆိုင်ရာတပ်မတော်ဘက်ကပဲသိမယ် ” ဟု ၎င်းကပြောဆိုသည်။

ပစ်ခတ်သတ်ဖြတ်ခံရသော တပ်မတော်သား ၂ ဦးမှာ အမှတ်(၇)ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် မြတ်မင်းဇော်နှင့် တပ်သား ညီညီသန့်တို့ဖြစ်ပြီးအခင်းဖြစ်စဉ်ကို သွားရောက်စစ်ဆေးစဉ် မိုင်းကွဲမှဥကြောင့် တပ်မတော်ဗိုလ်မှူးမင်းသိန်း ၊ ဗိုလ်ကြီး ဇင်မင်းထက် ၊တပ်သား အောင်မိုးဆွေ ၊ တပ်ကြပ်ကြီး ထွန်းထွန်းဝင်း ၊ တပ်သား ပြည့်ဖြိုးအောင်၊တပ်သား ကောင်းမြတ်စံ၊ ဒုရဲအုပ်တစ်ဦး အပါအဝင် တပ်မတော်သားများ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သေဆုံးမှုများရှိခဲ့ကြောင်း ၊မိုင်းကွဲမှုကြောင့် ထပ်မံ သေဆုံးသူ ၃ ဦးမှာလည်း တပ်မတော်သားများဖြစ် ကြောင်း စုံစမ်း သိရှိသည်။

ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ကလည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေမရှိရသော်လည်း ဖြစ်စဉ်နှင့် သေဆုံးသူများရှိကြောင်းကို အတည်ပြုပြောဆိုသည်။

“ အဲတာကတော့ သူတို့သတင်းထုတ်ပြန်မယ်လို့ပြောတယ်။ ကျွန်တော်တို့က ထုတ်ပြန်လို့မရသေးဘူး။ အသေးစိတ်တော့ လူကိုယ်တိုင်သွားရောက် စုံစမ်းမခံတော့လည်း အသေးစိတ် တိတိကျကျကြီး ပြောလို့မရသေးဘူး။ ပထမကတော့ စစ်သည် ၂ယောက်သေတယ်။ နောက်သွားကြည့်တဲ့ အခါကျတော့ မိုင်းထပ်ကွဲတယ်။ ဒဏ်ရာရတယ် သေတဲ့သူရှိတယ်။ အဲလောက်ပဲ ကျွန်တေ ာ်တို့ထပ်ရသေးတယ်။ သွားလို့မရသေးတဲ့ အခါကျတော့ အသေးစိတ်တော့မသိရသေးဘူး။ ကော့ကရိတ်ကို ကျွန်တော်က ၂၉ရက်နေ့ပြန်ရောက်တာကို ဟုတ်တယ်။ ၃ဝရက်နေ့ဖြစ်တာ” ဟု ၎င်းကပြောဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းအချက် အလက် တိတိကျကျသိရှိရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

Photo Credit- News Ambassador

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts