All News Election Local News Peace

ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းထွေး နေအိမ်သို့ ပစ်သည့် လက်ပစ်ဗုံး တပ်မတော်က သိမ်းဆည်း၊ တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဟုဆို

ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းထွေး နေအိမ်သို့ ပစ်သည့် လက်ပစ်ဗုံး တပ်မတော်က သိမ်းဆည်း၊ တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းထွေး၏နေအိမ်သို့ ယမန်နေ့ ညပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခံရပြီး ပစ်ခံရသည့် လက်ပစ်ဗုံးကို တပ်မတော်က သိမ်းဆည်းသွားပြီး လတ်တလော တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေဆဲဖြစ်ကြောင်း ဒက္ခိသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းထွေး၏နေအိမ်သို့ စက်တင်ဘာ ၁၉ ရက် နေ့ ည ၁၀ နာရီကျော် လက်ပစ်ဗုံးဖြင့် ပစ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“အဲဒီကိစ္စက မြို့နယ်မှူးက လှုပ်ရှားတာဆိုတော့ ကျနော်တို့က သတင်းလောက်ပဲသိတယ်။ အသေးစိတ်ကတော့မသိဘူးဗျ။ တရားခံဖမ်းမိတယ်လို့ မကြားသေးပါဘူး။ တပ်ကတော့ လက်ပစ်ဗုံးကို လာသိမ်းသွားတယ်။ ကျန်တဲ့ အသေးစိတ် မောင်ဖြူ၊ မောင်နီ တရားခံရယ်လို့ကတော့ မကြားသေးပါဘူး။ တရားခံကတော့ မသိသေးပါဘူး။ စုံစမ်းဆဲပါပဲ” ဟု ဒက္ခိသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်ကြောင်း အကြံပြုချက်များထွက်ပေါ်လာနေပြီး ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ အခင်းဖြစ်ပွားမှု မြင်ကွင်း။ Photo Credit – Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts