Election Local News political news

ပဲခူးတွင် ကြံ့ခိုင်ရေးနှင့် NLD လူရာချီအုပ်စုဖြင့် အပြိုင်လှည့်လည် မဲဆွယ်၊ နှာခေါင်းစည်းတပ်ခြင်းမရှိဘဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာ

ပဲခူးတွင် ကြံ့ခိုင်ရေးနှင့် NLD လူရာချီအုပ်စုဖြင့် အပြိုင်လှည့်လည် မဲဆွယ်၊ နှာခေါင်းစည်းတပ်ခြင်းမရှိဘဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာ

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှု ပြင်းထန်နေချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကြံ့ခိုင်ရေးပါတီနှင့် အာဏာရ NLD ပါတီမှ ပါတီဝင်များက ယနေ့ နံနက်ပိုင်း လူရာချီသော အုပ်စုကြီးဖြင့် အပြိုင်အဆိုင်လှည့်လည် မဲဆွယ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ကြံ့ခိုင်ရေးပါတီမှ ပါတီဝင်များက အစိမ်းရောင် ပါတီဝတ်စုံများကို ဝတ်ဆင်လျက် ကြံ့ခိုင်ရေးအလံများကို လွှင့်ထူလျက်လည်းကောင်း၊ အာဏာရ NLD ပါတီက အနီရောင်ပါတီဝတ်စုံများ ဝတ်ဆင်လျက် ခွပ်ဒေါင်းအလံများလွှင့်ထူ၍ လည်းကောင်း၊ မက်စ်တပ်ခြင်းမရှိသကဲ့သို့ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ဆိုင်ကယ်တစ်စီးတွင် လူ ၄ ဦးအထိ စီးခြင်း၊ ကားများတွယ်စီး၍ လည်းကောင်း စည်းပျက် ကမ်းပျက် အပြိုင်မဲဆွယ်ခဲ့ကြကြောင်း ပဲခူးအခြေစိုက် သတင်းထောက်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီလောက်ရောဂါတွေဖြစ်နေတဲ့အချိန်မှာ မြင်ရတာ အတော်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ မက်စ်တွေလည်းမတပ်ကြဘူး။ တကယ့်ကို စည်းပျက် ကမ်းပျက်ပုံစံနဲ့ မဲဆွယ်ကြတာပါ။ NLD က လူ ၅၀၀ လောက်ရှိတယ်။ ကြံ့ခိုင်ရေးပါတီက လူ ၂၀၀ ကျော်လောက်ရှိတယ်။ မြို့ထဲမှာ အပြိုင်ကို မဲဆွယ်တာ။ သူတို့ချင်းဆုံပေမယ့် ရန်တွေ ဘာတွေတော့ မဖြစ်ကြဘူး။ ဒါမျိုးတွေက ဒီအချိန်မှာ မလုပ်သင့်ဘူးလို့ ထင်ပါတယ်” ဟု ပဲခူးသတင်းထောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများကိုလိုက်နာရန်နှင့် Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် လုံး၀ မဲဆွယ်ခွင့်မပြုကြော်ငး ထုတ်ပြန်ထားပြီးဖြစ်သည်။

Photo -Supply

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts