All News Local News Peace

နှစ်နိုင်ငံနယ်စပ်အနီး မြန်မာ့တပ်မ တော် က စစ်ရေးလှုပ်ရှားနေမှု ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

နှစ်နိုင်ငံနယ်စပ်အနီး မြန်မာ့တပ်မတော်က စစ်ရေးလှုပ်ရှားနေမှု ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

ရန်ကုန်၊ စက်တင်ဘာ ၁၄


ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်နိုင်ငံနယ်စပ်အနီး မြန်မာ့တပ်မ တော်၏ စစ်ရေးလှုပ်ရှားနေမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးကို ယမန်နေ့ က ခေါ်ယူကန့်ကွက်လိုက်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star ၏ သတင်းဖော်ပြချက်အရ ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီးဌာနကဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာမြန်မာသံအမတ်ဦးအောင်ကျော်မိုးကိုဆင့်ခေါ်ပြီးဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်နှင့်အလွန်နီးကပ်သော မြန်မာစစ်တပ်၏လှုပ်ရှားမှုကိုကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် (DG-Myanmar Wing) မှ Md Delwar Hossain ၏ရုံးခန်းသို့ခေါ်ယူခဲ့ဖြစ်ကြောင်း သိရှိရသည်။

“ ဟုတ်တယ်၊ သံအမတ်ကိုဆင့်ခေါ်ပြီးဘင်္ဂလားဒေ့ရ်ှရဲ့ကန့်ကွက်မှုကိုထုတ်ဖော်ပြောကြားခဲ့တယ်” ဟုအကြီးတန်းအရာရှိတဦး က ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်၍ ဘင်္ဂလားဒေ့ရှ်က မြန်မာ့တပ်မတော်၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို နှစ်နိုင်ငံ ရေပိုင်နက်အနီးတွင် တွေ့ရှိရခြင်းဖြစ်သည်ဟုလည်း သတင်းက ဆိုသည်။

ဓာတ်ပုံ- မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့အကြား နှစ်နိုင်ငံသဘောတူချက်ဖြင့် နယ်စပ်လုံခြုံရေးကင်းလှည့်မှုတစ်ခု။ Photo Credit – ဘင်္ဂလားဒေ့ရှ်မီဒီယာများ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts