All News Local News Peace

တပ်မတော်နှင့်စစ်ပွဲ ဆန့်ကျင်ရေး စတေကာကပ်သူ မုံရွာကျောင်းသား ၃ ဦးကို ရဲက ဖမ်းဝရမ်း ထုတ်ထား

တပ်မတော်နှင့်စစ်ပွဲ ဆန့်ကျင်ရေး စတေကာကပ်သူ မုံရွာကျောင်းသား ၃ ဦးကို ရဲက ဖမ်းဝရမ်း ထုတ်ထား

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တပ်မတော်နှင့် စစ်ပွဲများကို ဆန့်ကျင်သည့် စာတမ်းကပ်ခဲ့သူ မုံရွာတက္ကသိုလ်ကျောင်းသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်၊မုံရွာခရိုင်)ထံမှ စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ မုံရွာတွင် ” သွေးစွန်းသောအစိုးရ၊ လူသတ်စစ်တပ် အလိုမရှိ၊ ရခိုင်လူထုနှင့်အတူ ရပ်တည်ကြ” ဆိုသော စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့သည့် မုံရွာစီးပွားရေးတက္ကသိုလ်( ဗကသများ အဖွဲ့ချုပ်၊ မုံရွာခရိုင်)မှ အတွင်း ရေးမှူး ကိုလင်းသူရကို ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) ဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါလှုပ်ရှားမှုတွင်ပါဝင်သော မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) မှ ကိုသီဟကျော်၊ ကိုပြည့်ဖြိုးမောင်မောင်၊ ကိုညီလင်းထင် တို့ကို ရဲက ၎င်းတို့နေအိမ် အသီးသီးတွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ဖမ်းမမိသဖြင့် ဝရမ်းထုတ်ထားကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(က)၊၅၀၅(ခ) ဖြင့် ကလေးမြို့ နေအိမ်တွင်ဝင်ရောက်ဖမ်းဆီးခဲ့သော ဗကသများအဖွဲ့ချုပ်(မုံရွာခရိုင်)မှ အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ကို မည်သူနှင့်မျှ တွေ့ခွင့်မပြုဘဲ မုံရွာအကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်း ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်) ထံမှ စုံစမ်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts