All News Health Local News

ဆီးချိုနှင့်သွေးတိုးရောဂါ အခံရှိသူ ကိုဗစ်လူနာသက်ကြီးပိုင်း ၂ ဦး ထပ်မံသေ ဆုံး၊ သေဆုံး ၂၆ ဦးနှင့် ကူးစက်ခံရသူ ၃၀၁၅ ဦးရှိလာ

ဆီးချိုနှင့်သွေးတိုးရောဂါ အခံရှိသူ ကိုဗစ်လူနာသက်ကြီးပိုင်း ၂ ဦး ထပ်မံသေဆုံး၊ သေဆုံး ၂၆ ဦးနှင့် ကူးစက်ခံရသူ ၃၀၁၅ ဦးရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းတွင် ဆီးချိုနှင့်သွေးတိုးရောဂါ အခံရှိသူ ကိုဗစ်လူနာသက်ကြီးပိုင်း ၂ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံး ၂၆ ဦးနှင့် ကူးစက်ခံရသူ ၃၀၁၅ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြောက်ဥက္ကလာပဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-1987) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ရောဂါဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၃၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ကြောင်း၊ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၂၆)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၀၁၅)ဦး ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts