All News Health Local News

စက်တင်ဘာလ ၂၄ ရက်နေ့ တစ်ရက်တည်း ကိုဗစ်လူနာ ၁၀၅၂ ဦး တွေ့ရှိရပြီး သေဆုံးသူ ၂၀ ရှိခဲ့၊ လူနာပေါင်း ၈၃၄၄ ဦးရှိလာပြီး သေဆုံးသူ ၁၅၀ ရှိပြီ

စက်တင်ဘာလ ၂၄ ရက်နေ့ တစ်ရက်တည်း ကိုဗစ်လူနာ ၁၀၅၂ ဦး တွေ့ရှိရပြီး သေဆုံးသူ ၂၀ ရှိခဲ့၊ လူနာပေါင်း ၈၃၄၄ ဦးရှိလာပြီး သေဆုံးသူ ၁၅၀ ရှိပြီ

ရန်ကုန်၊ စက်တင်ဘာ ၂၄

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စိစစ်တွေ့ရှိရသူ တစ်ရက်တည်းတွင် ၁၀၅၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၀ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဓာတ်ခွဲအတည်ပြု ကိုဗစ်လူနာ ၅၃၅ ဦး တွေ့ရှိရပြီး ညပိုင်းတွင် ၅၁၇ ဦး ထပ်မံတွေ့ရှိရကြောင်း စုစုပေါင်း တစ်ရက်တည်းတွင်ပင် ကိုဗစ်လူနာ ၁၀၅၂ ဦးရှိခဲ့ကြောင်း၊ စုစုပေါင်း လူနာအရေအတွက် ၈၃၄၄ ဦးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူများအနေဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့ စိစစ်စစ်ဆေးချက်အရ အရေအတွက်အားဖြင့် ၂၀ ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၅၀ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts