interview Peace political news

ကျောက်တော်၊ ဘုရားပေါင်းရွာမှ မောင်ဟန်မောင်သိန်းနှင့်မောင်ညွှန့်ဝင်းကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ပစ်သတ်ပြီးမှ AA ဟု အမည်တပ်မှု လူ့အခွင့်ရေးကော်မရှင်ထံတိုင်ကြားမည်

ကျောက်တော်၊ ဘုရားပေါင်းရွာမှ မောင်ဟန်မောင်သိန်းနှင့်မောင်ညွှန့်ဝင်းကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ပစ်သတ်ပြီးမှ AA ဟု အမည်တပ်မှု လူ့အခွင့်ရေးကော်မရှင်ထံတိုင်ကြားမည်

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ မောင်ဟန်မောင်သိန်းနှင့် မောင်ညွှန့်ဝင်းတို့ ၂ ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးမှ AA ဟု အမည် တပ်ခဲ့ခြင်းဖြစ်ပြီး မတရားသတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မ ရှင် ထံတိုင်ကြားရန်ရှိကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောဆိုသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဘုရားပေါင်းကျေးရွာသို့ သွားရောက်၍ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက သတ်ဖြတ်ခံခဲ့ရသော မောင်ညွှန့်ဝင်းနှင့် မောင်ဟန်မောင်သိန်းတို့၏ မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် မိဘများက အခြေအနေများကို သေချာစွာရှင်းပြခဲ့ပြီး ပစ်ခတ်သတ်ဖြတ်ခံရသူ နှစ်ဦးသည် AA အဖွဲ့ဝင်များမဟုတ်ဘဲ သာမန်အရပ်သားနှင့် အလုပ်လုပ်ရာမှ ပြန်လာသူများဖြစ်သည်ကို ရှင်းလင်းပြောဆိုခဲ့ကြကြောင်း ဦးမြတ်ထွန်းက ပြောဆိုသည်။

“အဖေဖြစ်သူ ဦးစံထွန်းလှက ပြောတာက သူ့သားလေး မောင်ဟန်မောင်သိန်းကို ဖမ်းပြီးတော့ သတ်ပြီးတော့ AA ဆိုပြီး စွပ်စွဲတာလေ။ သူ့အဖေ ဦးစံထွန်းလှကပြောတာက သူ့သားက ပန်းရံဆရာလုပ်နေတာဖြစ်ပါတယ်။ ကျောက်တော်က ပြန်လာပြီးတော့ အိမ်မှာ ရောက်နေတဲ့အချိန်မှာ ရေမိုးချိုးပြီးတော့ နားနေတော့ စစ်သား ၂ ဦးလာတယ်။ လူမရှိဘူးလား မေးတယ်။ ရှိတယ်ဆိုတော့ ပြန်သွားတယ်။ နောက်စစ်သား ၄ ဦးက လာမေးတယ်။ လူမရှိဘူးလာဆိုပြီး အကုန်ထွက်ဆိုပြီး ခေါ်သွားတယ်။ သူတို့ကို ရွာလယ်မှာထားတယ်။ ရွာလယ်မှာထားပြီးတော့ ညှဉ်းပန်းနှိပ်စက်တယ်။ အခြားလူတွေကိုရော။ နောက်ပြီးတော့ ၉ နာရီလောက်ကျတော့ သူ့သားကို မောင်ညွှန့်ဝင်းဆိုတဲ့သူနဲ့ ထားခဲ့ခိုင်းပြီးတော့ ကျန်တဲ့ရွာသားတွေကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ရွာရဲ့ အရှေ့ဘက် ကုလားတန်မြစ်ကမ်းဘေးမှာ သူတို့ကို ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ AA ဆိုပြီး စွပ်စွဲတယ်။ ကျနော်တို့ သွားတဲ့အခါကျတော့ သူတို့ကလည်း သူတို့သား မတရားအသတ်ခံရတယ်လို့ ပြောတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

မောင်ဟန်မောင်သိန်းနှင့်အသတ်ခံခဲ့ရသော မောင်ညွှန့်ဝင်းမှာလည်း တစ်ရွာတည်းနေသူဖြစ်ပြီး မြန်မာ့တပ်မတော်က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မိဘဖြစ်သူများက ပြောဆိုကြောင်း သိရှိရသည်။

” မောင်ညွှန့်ဝင်းက ရွာကို ဆိုင်ကယ်နဲ့လာတယ်။ သူ့ကို တွေ့တဲ့အခါကျတော့ တပ်ဘက်က သေ နတ် ဖောက်ပြီး ရပ်ခိုင်းတယ်။ ရပ်ခိုင်းတော့ ဆိုင်ကယ်ကို မီးရှို့ပစ်လိုက်တယ်။ နောက်ပြီးတော့ ဖမ်းလိုက်တယ်။ ဖမ်းလာပြီးတော့ ချုပ်ထားတယ်။ ချုပ်ပြီးတော့ ပစ်သတ်လိုက်တာပေါ့”ဟု ဦးမြတ်ထွန်းက ရှင်းပြသည်။

လတ်တလော ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့အနေဖြင့် AA ဟု စွပ်စွဲပြီး သတ်ဖြတ်ခံရသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားရန် စီစဉ်လျက်ရှိကြောင်း ဦးမြတ်ထွန်းက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ စက်တင်ဘာလ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် ကျောက်တော်မြို့အတွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝရဲကင်းစခန်းတွင်လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအားပို့ဆောင်စဉ် ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်-စစ်တွေကားလမ်း တောင်ပေါက်ကျေးရွာအနီးသို့အရောက် AA က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရီမုမိုင်း ၁ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းနေရာတွင် တပ်မတော်က လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကားလမ်း၏အရှေ့ဘက်မှ ရီမုမိုင်းတစ်လုံးဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ည ၉ နာရီခန့်၌ ၎င်းနေရာအနီး တစ်ဝိုက်သို့ AA က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ AAများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၂ လောင်းအား M-22 သေနတ် ၁ လက်၊ ပလပ်စတစ်ဗူးဖြင့်ပြုလုပ်ထားသည့် အချင်း ၄ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ရီမုမိုင်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က သတ်ဖြတ်ခံခဲ့ရသော မောင်ဟန်မောင်သိန်း၏ ဖခင်ဖြစ်သူ ဦးစံထွန်းလှနှင့် တွေ့ဆုံမေးမြန်းထားသည့် ဗီဒီယိုကို ပြန်လည် ၍ ဖော်ပြလိုက်ပါသည်။

ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ပစ်သတ်ပြီးမှ AA ဟု အမည်တပ်မှု တိုင်ကြားမည်(ရုပ်/သံ)

ကျောက်တော်၊ ဘုရားပေါင်းရွာမှ မောင်ဟန်မောင်သိန်းနှင့်မောင်ညွှန့်ဝင်းကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ပစ်သတ်ပြီးမှ AA ဟု အမည်တပ်မှု လူ့အခွင့်ရေးကော်မရှင်ထံတိုင်ကြားမည်ရန်ကုန်၊ စက်တင်ဘာ ၂၄ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ မောင်ဟန်မောင်သိန်းနှင့် မောင်ညွှန့်ဝင်းတို့ ၂ ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးမှ AA ဟု အမည် တပ်ခဲ့ခြင်းဖြစ်ပြီး မတရားသတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မ ရှင် ထံတိုင်ကြားရန်ရှိကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောဆိုသည်။ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဘုရားပေါင်းကျေးရွာသို့ သွားရောက်၍ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက သတ်ဖြတ်ခံခဲ့ရသော မောင်ညွှန့်ဝင်းနှင့် မောင်ဟန်မောင်သိန်းတို့၏ မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် မိဘများက အခြေအနေများကို သေချာစွာရှင်းပြခဲ့ပြီး ပစ်ခတ်သတ်ဖြတ်ခံရသူ နှစ်ဦးသည် AA အဖွဲ့ဝင်များမဟုတ်ဘဲ သာမန်အရပ်သားနှင့် အလုပ်လုပ်ရာမှ ပြန်လာသူများဖြစ်သည်ကို ရှင်းလင်းပြောဆိုခဲ့ကြကြောင်း ဦးမြတ်ထွန်းက ပြောဆိုသည်။ "အဖေဖြစ်သူ ဦးစံထွန်းလှက ပြောတာက သူ့သားလေး မောင်ဟန်မောင်သိန်းကို ဖမ်းပြီးတော့ သတ်ပြီးတော့ AA ဆိုပြီး စွပ်စွဲတာလေ။ သူ့အဖေ ဦးစံထွန်းလှကပြောတာက သူ့သားက ပန်းရံဆရာလုပ်နေတာဖြစ်ပါတယ်။ ကျောက်တော်က ပြန်လာပြီးတော့ အိမ်မှာ ရောက်နေတဲ့အချိန်မှာ ရေမိုးချိုးပြီးတော့ နားနေတော့ စစ်သား ၂ ဦးလာတယ်။ လူမရှိဘူးလား မေးတယ်။ ရှိတယ်ဆိုတော့ ပြန်သွားတယ်။ နောက်စစ်သား ၄ ဦးက လာမေးတယ်။ လူမရှိဘူးလာဆိုပြီး အကုန်ထွက်ဆိုပြီး ခေါ်သွားတယ်။ သူတို့ကို ရွာလယ်မှာထားတယ်။ ရွာလယ်မှာထားပြီးတော့ ညှဉ်းပန်းနှိပ်စက်တယ်။ အခြားလူတွေကိုရော။ နောက်ပြီးတော့ ၉ နာရီလောက်ကျတော့ သူ့သားကို မောင်ညွှန့်ဝင်းဆိုတဲ့သူနဲ့ ထားခဲ့ခိုင်းပြီးတော့ ကျန်တဲ့ရွာသားတွေကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ရွာရဲ့ အရှေ့ဘက် ကုလားတန်မြစ်ကမ်းဘေးမှာ သူတို့ကို ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ AA ဆိုပြီး စွပ်စွဲတယ်။ ကျနော်တို့ သွားတဲ့အခါကျတော့ သူတို့ကလည်း သူတို့သား မတရားအသတ်ခံရတယ်လို့ ပြောတယ်" ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။ မောင်ဟန်မောင်သိန်းနှင့်အသတ်ခံခဲ့ရသော မောင်ညွှန့်ဝင်းမှာလည်း တစ်ရွာတည်းနေသူဖြစ်ပြီး မြန်မာ့တပ်မတော်က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မိဘဖြစ်သူများက ပြောဆိုကြောင်း သိရှိရသည်။ " မောင်ညွှန့်ဝင်းက ရွာကို ဆိုင်ကယ်နဲ့လာတယ်။ သူ့ကို တွေ့တဲ့အခါကျတော့ တပ်ဘက်က သေ နတ် ဖောက်ပြီး ရပ်ခိုင်းတယ်။ ရပ်ခိုင်းတော့ ဆိုင်ကယ်ကို မီးရှို့ပစ်လိုက်တယ်။ နောက်ပြီးတော့ ဖမ်းလိုက်တယ်။ ဖမ်းလာပြီးတော့ ချုပ်ထားတယ်။ ချုပ်ပြီးတော့ ပစ်သတ်လိုက်တာပေါ့"ဟု ဦးမြတ်ထွန်းက ရှင်းပြသည်။ လတ်တလော ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့အနေဖြင့် AA ဟု စွပ်စွဲပြီး သတ်ဖြတ်ခံရသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားရန် စီစဉ်လျက်ရှိကြောင်း ဦးမြတ်ထွန်းက ဆိုသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ စက်တင်ဘာလ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် ကျောက်တော်မြို့အတွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝရဲကင်းစခန်းတွင်လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအားပို့ဆောင်စဉ် ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်-စစ်တွေကားလမ်း တောင်ပေါက်ကျေးရွာအနီးသို့အရောက် AA က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရီမုမိုင်း ၁ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ယင်းနေရာတွင် တပ်မတော်က လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကားလမ်း၏အရှေ့ဘက်မှ ရီမုမိုင်းတစ်လုံးဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ည ၉ နာရီခန့်၌ ၎င်းနေရာအနီး တစ်ဝိုက်သို့ AA က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ AAများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၂ လောင်းအား M-22 သေနတ် ၁ လက်၊ ပလပ်စတစ်ဗူးဖြင့်ပြုလုပ်ထားသည့် အချင်း ၄ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ရီမုမိုင်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က သတ်ဖြတ်ခံခဲ့ရသော မောင်ဟန်မောင်သိန်း၏ ဖခင်ဖြစ်သူ ဦးစံထွန်းလှနှင့် တွေ့ဆုံမေးမြန်းထားသည့် ဗီဒီယိုကို ပြန်လည် ၍ ဖော်ပြလိုက်ပါသည်။

Posted by Khit Thit Media on Thursday, 24 September 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts