interview Peace Web TV

ကျောက်တော်၊ ဘုရားပေါင်းရွာကို တပ်မတော်က မီးရှို့ဟု ရွာသားတစ်ဦးထွက်ဆိုမှု ဗီဒီယို AHRDPA ထုတ်ပြန်၊ ရဲစခန်းများတွင် အမှုဖွင့်မည်ဟုဆို

ကျောက်တော်၊ ဘုရားပေါင်းရွာကို တပ်မတော်က မီးရှို့ဟု ရွာသားတစ်ဦးထွက်ဆိုမှု ဗီဒီယို AHRDPA ထုတ်ပြန်၊ ရဲစခန်းများတွင် အမှုဖွင့်မည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာကို စက်တင် ဘာလ ၃ ရက်နေ့က တပ်မတော်က မီးရှို့ကြောင်း နေအိမ်ဆုံးရှုံးခဲ့သူ ဘုရားပေါင်းကျေးရွာသား ဦးမောင်မောင်သန်း၏ ပြောဆိုချက် ဗီဒီယိုကို ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA) က စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါဗီဒီယိုတွင် ဘုရားပေါင်းကျေးရွာသား ဦးမောင်မောင်သန်းက စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် တပ်မတော်သားများက နေအိမ်များ၊ ဆိုင်ကယ်များ၊ ကားများကို ဝင်ရောက်မီးရှို့သွားကြောင်း၊ ဘုရားပေါင်းရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီးအိမ် ၉၀ ကျော်မီးလောင်ဆုံးရှုံးသွားကြောင်း ပြောဆိုထားသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA)မှ ကာကွယ် ရေး တာဝန်ခံ၊ ရှေ့နေ ဦးဇော်ဇော်မင်းက AAက ဘုရားပေါင်းကျေးရွာမှ နေအိမ်များကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု တပ်မတော်က ထုတ်ပြန်ထားသော်လည်း ကာယကံရှင်ကျေးရွာသားများကမူ တပ်မတော်သားများက မီးရှို့သည်ဟု ထွက်ဆိုထားကြောင်း၊ နေအိမ်များ မီးရှို့ခံရမှုသည် စစ်ရာဇဝတ်မှုမြောက်ပြီး ဥပဒေကြောင်းအရ နစ်နာဆုံးရှုံးသူများက ရဲစခန်းများတွင် အမှုဖွင့်လှစ်ရန်ရှိသည်ဟု ပြောဆိုသည်။

“ကျနော်တို့ကတော့ Statement တော့ ထုတ်ပြီးပြီ။ နောက်ပြီးတော့ အဲဒါက စစ်ရာဇဝတ်မှုမြောက်တယ်။ အဲဒါ War Crime ပါ။ ပြည်သူပိုင် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတော့ ပြီးတော့ ကျနော်တို့က နစ်နာတဲ့သူတွေက ပြည်တွင်းမှာလည်း ရဲစခန်းတွေမှာ အမှုဖွင့်ဖို့ဆိုတဲ့ကိစ္စလည်းရှိပါတယ်။ မီးတိုက်ခဲ့သူတွေကို အရေးယူပေးဖို့ ။ ကာယကံရှင်တွေ၊ သက်သေတွေ ဆုံးရှုံးနစ်နာတဲ့သူတွေ၊ ဒေသခံတွေ၊ မီးလောင်မှုမှာ အိမ်တွေပါသွားတဲ့သူတွေ၊ ပိုင်ရှင်တွေကတော့ စစ်တပ်ကပဲ ရှို့တယ်၊ ညအချိန်ဝင်လာပြီးတော့ ဓာတ်ဆီလောင်းပြီးတော့ ရှို့တယ်လို့ ပြောပါတယ်။ ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီပေးမယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများကိုအဖွဲ့အစည်းတချို့က လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း၊ AA က မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝ ရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ် ဝန်း ကျင်၌ AA က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ် ခတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူထုတချို့၏ပြောပြချက်အရ AA က ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်နိုင်ကြောင်း ၊တပ်မတော်အပေါ်အပြစ်ပုံချ၍ ပြည်သူလူထုမှ ယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများ နှင့်ပတ်သက်၍ ပြည်သူများနားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။

ဘုရားပေါင်းရွာကို တပ်မတော်က မီးရှို့ဟု ထွက်ဆိုမှု ဗီဒီယို AHRDPA ထုတ်ပြန်(ရုပ်/သံ)

ကျောက်တော်၊ ဘုရားပေါင်းရွာကို တပ်မတော်က မီးရှို့ဟု ရွာသားတစ်ဦးထွက်ဆိုမှု ဗီဒီယို AHRDPA ထုတ်ပြန်၊ ရဲစခန်းများတွင် အမှုဖွင့်မည်ဟုဆို၊ AA လက်ချက်ဟု တပ်ထုတ်ပြန်ထားရန်ကုန်၊ စက်တင်ဘာ ၁၄ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာကို စက်တင် ဘာလ ၃ ရက်နေ့က တပ်မတော်က မီးရှို့ကြောင်း နေအိမ်ဆုံးရှုံးခဲ့သူ ဘုရားပေါင်းကျေးရွာသား ဦးမောင်မောင်သန်း၏ ပြောဆိုချက် ဗီဒီယိုကို ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA) က စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါဗီဒီယိုတွင် ဘုရားပေါင်းကျေးရွာသား ဦးမောင်မောင်သန်းက စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် တပ်မတော်သားများက နေအိမ်များ၊ ဆိုင်ကယ်များ၊ ကားများကို ဝင်ရောက်မီးရှို့သွားကြောင်း၊ ဘုရားပေါင်းရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီးအိမ် ၉၀ ကျော်မီးလောင်ဆုံးရှုံးသွားကြောင်း ပြောဆိုထားသည်။ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA)မှ ကာကွယ် ရေး တာဝန်ခံ၊ ရှေ့နေ ဦးဇော်ဇော်မင်းက AAက ဘုရားပေါင်းကျေးရွာမှ နေအိမ်များကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု တပ်မတော်က ထုတ်ပြန်ထားသော်လည်း ကာယကံရှင်ကျေးရွာသားများကမူ တပ်မတော်သားများက မီးရှို့သည်ဟု ထွက်ဆိုထားကြောင်း၊ နေအိမ်များ မီးရှို့ခံရမှုသည် စစ်ရာဇဝတ်မှုမြောက်ပြီး ဥပဒေကြောင်းအရ နစ်နာဆုံးရှုံးသူများက ရဲစခန်းများတွင် အမှုဖွင့်လှစ်ရန်ရှိသည်ဟု ပြောဆိုသည်။ "ကျနော်တို့ကတော့ Statement တော့ ထုတ်ပြီးပြီ။ နောက်ပြီးတော့ အဲဒါက စစ်ရာဇဝတ်မှုမြောက်တယ်။ အဲဒါ War Crime ပါ။ ပြည်သူပိုင် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတော့ ပြီးတော့ ကျနော်တို့က နစ်နာတဲ့သူတွေက ပြည်တွင်းမှာလည်း ရဲစခန်းတွေမှာ အမှုဖွင့်ဖို့ဆိုတဲ့ကိစ္စလည်းရှိပါတယ်။ မီးတိုက်ခဲ့သူတွေကို အရေးယူပေးဖို့ ။ ကာယကံရှင်တွေ၊ သက်သေတွေ ဆုံးရှုံးနစ်နာတဲ့သူတွေ၊ ဒေသခံတွေ၊ မီးလောင်မှုမှာ အိမ်တွေပါသွားတဲ့သူတွေ၊ ပိုင်ရှင်တွေကတော့ စစ်တပ်ကပဲ ရှို့တယ်၊ ညအချိန်ဝင်လာပြီးတော့ ဓာတ်ဆီလောင်းပြီးတော့ ရှို့တယ်လို့ ပြောပါတယ်။ ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီပေးမယ်" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများကိုအဖွဲ့အစည်းတချို့က လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း၊ AA က မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝ ရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ် ဝန်း ကျင်၌ AA က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ် ခတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူထုတချို့၏ပြောပြချက်အရ AA က ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်နိုင်ကြောင်း ၊တပ်မတော်အပေါ်အပြစ်ပုံချ၍ ပြည်သူလူထုမှ ယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများ နှင့်ပတ်သက်၍ ပြည်သူများနားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။

Posted by Khit Thit Media on Monday, 14 September 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts