interview Peace Web TV

ကျောက်တော်၊ကျေးရွာ ၂ ခု မီးရှို့ ခံရမှုတွင် ယမ်းထုပ်များနှင့် ယူနီဖောင်းများ သိမ်း ဆည်းရထားဟု AHRDPA ပြော

ကျောက်တော်၊ကျေးရွာ ၂ ခု မီးရှို့ ခံရမှုတွင် ယမ်းထုပ်များနှင့် ယူနီဖောင်းများ သိမ်း ဆည်းရထားဟု AHRDPA ပြော၊ နေအိမ်မီးရှို့ခံရသည့် တောင်ပေါက်ကျေးရွာသားတစ်ဦး ဗီဒီယိုထပ်မံထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ဘုရားပေါင်းကျေးရွာနှင့်တောင်ပေါက်ကျေးရွာမီးရှိုခံရမှုတွင် အိမ်မီးရှို့ရာတွင် အသုံးပြုခဲ့သည့် ယမ်းထုပ်များ၊ ယူနီဖောင်းများကို သိမ်းဆည်းရမိထားကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(AHRDPA) မှ ဒါရိုက်တာဦးမြတ်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာမှ ကျေးရွာ ၂ ခုမှ နေအိမ်များ မီးရှို့ခံရခြင်းဖြစ်ပြီး လူ ၂ ဦးသေဆုံးခဲ့သည်။

“ဘုရားပေါင်းက ၉၇ ဆောင်၊ တောင်ပေါက်ဆိုရင် ၆၇ ဆောင်အကုန်လုံး ၁၀၀ ကျော်မီးတိုက်ခံရတဲ့အခါကျတော့ အများဆန္ဒကို ယူပြီးလုပ်ရမှာပါ။ တချို့အိမ်တွေဆိုရင် အိမ်ကြီးတွေပါသွားတယ်။ အိမ်သေးသေးလေးတွေကို မီးမရှို့ခဲ့ဘူး။ နောက်ပြီးတော့ သက်သေခံပစ္စည်းက သူတို့မှာ မီးရှို့ဖို့ ပါလာတဲ့ ယမ်းထုပ်တွေ ဘာတွေပါလာတယ်။ ယမ်းထုပ်တွေတွဲပြီးတော့ တမင် တကာ ရည်ရွယ်ပြီးတော့ မီးတိုက်တာ။ အဲဒီဟာလေး သက်သေခံ ပစ္စည်းသိမ်းဆည်းရလို့တော့ရှိပါတယ်။ သိမ်းထားပါတယ်။ ရဲလည်းပါတယ်။ တပ်လည်းပါတယ်။ တချို့ဆိုရင် ရဲက ယူနီဖောင်းတွေ အင်္ကျီ တွေ မေ့ကျန်နေခဲ့တာတွေလည်း ရှိတယ်။ အဲဒီဟာတွေကိုလည်း သိမ်းထားပါတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

AHRDPAက ယင်းကျေးရွာ ၂ ခုသို့ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးစက်တင် ဘာလ ၁၃ ရက်နေ့တွင် နေအိမ်ဆုံးရှုံးခဲ့သူ ဘုရားပေါင်းကျေးရွာသား ဦးမောင်မောင်သန်း ၏ ပြောဆိုချက် ဗီဒီယို၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် နေအိမ်မီးရှိုခံခဲ့ရသူ တောင်ပေါက်ကျေးရွာမှ ဦးခိုင်တို့၏ ပြောဆိုချက်ကို ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန်ခဲ့သည်။

တောင်ပေါက်ကျေးရွာသား ဦးခိုင်က တောင်ပေါက်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး မြန်မာ့တပ်မတော်က မီးရှို့စဉ်အိမ်ခြေ ၆၇ ဆောင်နှင့်ဆိုင်ခန်းများ၊ ကားများ၊ဆိုင်ကယ်များမီးလောင်ဆုံးရှူံး သွားကြောင်း၊ မီးရှို့ခံရသည့်အထဲတွင်တိုက်အိမ်များကိုသာရွေးပြီးမီးရှို့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများကိုအဖွဲ့အစည်းတချို့က လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း၊ AA က မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝ ရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ် ဝန်း ကျင်၌ AA က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ် ခတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူထုတချို့၏ပြောပြချက်အရ AA က ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်နိုင်ကြောင်း ၊တပ်မတော်အပေါ်အပြစ်ပုံချ၍ ပြည်သူလူထုမှ ယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများ နှင့်ပတ်သက်၍ ပြည်သူများနားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။

ကျောက်တော်၊ကျေးရွာမီးရှို့ခံရမှုတွင် ယမ်းထုပ်နှင့် ယူနီဖောင်းများ သိမ်းဆည်းရထားဟုဆို

ကျောက်တော်၊ကျေးရွာ ၂ ခု မီးရှို့ ခံရမှုတွင် ယမ်းထုပ်များနှင့် ယူနီဖောင်းများ သိမ်း ဆည်းရထားဟု AHRDPA ပြော၊ နေအိမ်မီးရှို့ခံရသည့် တောင်ပေါက်ကျေးရွာသားတစ်ဦး ဗီဒီယိုထပ်မံထုတ်ပြန်ရန်ကုန်၊ စက်တင်ဘာ ၁၈ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ဘုရားပေါင်းကျေးရွာနှင့်တောင်ပေါက်ကျေးရွာမီးရှိုခံရမှုတွင် အိမ်မီးရှို့ရာတွင် အသုံးပြုခဲ့သည့် ယမ်းထုပ်များ၊ ယူနီဖောင်းများကို သိမ်းဆည်းရမိထားကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(AHRDPA) မှ ဒါရိုက်တာဦးမြတ်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာမှ ကျေးရွာ ၂ ခုမှ နေအိမ်များ မီးရှို့ခံရခြင်းဖြစ်ပြီး လူ ၂ ဦးသေဆုံးခဲ့သည်။ "ဘုရားပေါင်းက ၉၇ ဆောင်၊ တောင်ပေါက်ဆိုရင် ၆၇ ဆောင်အကုန်လုံး ၁၀၀ ကျော်မီးတိုက်ခံရတဲ့အခါကျတော့ အများဆန္ဒကို ယူပြီးလုပ်ရမှာပါ။ တချို့အိမ်တွေဆိုရင် အိမ်ကြီးတွေပါသွားတယ်။ အိမ်သေးသေးလေးတွေကို မီးမရှို့ခဲ့ဘူး။ နောက်ပြီးတော့ သက်သေခံပစ္စည်းက သူတို့မှာ မီးရှို့ဖို့ ပါလာတဲ့ ယမ်းထုပ်တွေ ဘာတွေပါလာတယ်။ ယမ်းထုပ်တွေတွဲပြီးတော့ တမင် တကာ ရည်ရွယ်ပြီးတော့ မီးတိုက်တာ။ အဲဒီဟာလေး သက်သေခံ ပစ္စည်းသိမ်းဆည်းရလို့တော့ရှိပါတယ်။ သိမ်းထားပါတယ်။ ရဲလည်းပါတယ်။ တပ်လည်းပါတယ်။ တချို့ဆိုရင် ရဲက ယူနီဖောင်းတွေ အင်္ကျီ တွေ မေ့ကျန်နေခဲ့တာတွေလည်း ရှိတယ်။ အဲဒီဟာတွေကိုလည်း သိမ်းထားပါတယ်" ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။ AHRDPAက ယင်းကျေးရွာ ၂ ခုသို့ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးစက်တင် ဘာလ ၁၃ ရက်နေ့တွင် နေအိမ်ဆုံးရှုံးခဲ့သူ ဘုရားပေါင်းကျေးရွာသား ဦးမောင်မောင်သန်း ၏ ပြောဆိုချက် ဗီဒီယို၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် နေအိမ်မီးရှိုခံခဲ့ရသူ တောင်ပေါက်ကျေးရွာမှ ဦးခိုင်တို့၏ ပြောဆိုချက်ကို ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန်ခဲ့သည်။ တောင်ပေါက်ကျေးရွာသား ဦးခိုင်က တောင်ပေါက်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး မြန်မာ့တပ်မတော်က မီးရှို့စဉ်အိမ်ခြေ ၆၇ ဆောင်နှင့်ဆိုင်ခန်းများ၊ ကားများ၊ဆိုင်ကယ်များမီးလောင်ဆုံးရှူံး သွားကြောင်း၊ မီးရှို့ခံရသည့်အထဲတွင်တိုက်အိမ်များကိုသာရွေးပြီးမီးရှို့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများကိုအဖွဲ့အစည်းတချို့က လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း၊ AA က မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝ ရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ် ဝန်း ကျင်၌ AA က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ် ခတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူထုတချို့၏ပြောပြချက်အရ AA က ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်နိုင်ကြောင်း ၊တပ်မတော်အပေါ်အပြစ်ပုံချ၍ ပြည်သူလူထုမှ ယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများ နှင့်ပတ်သက်၍ ပြည်သူများနားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။

Posted by Khit Thit Media on Friday, 18 September 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts