All News Health Local News

ကိုဗစ်လူနာ ၃ ဦးထက်များပြားသည့်မြို့နယ်များ Stay at Home သတ်မှတ်မည်ဟုနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ်လူနာ ၃ ဦးထက်များပြားသည့်မြို့နယ်များ Stay at Home သတ်မှတ်မည်ဟုနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်များတွင် ကိုဗစ်လူနာ များပြားလားနေပြီး ကိုဗစ်လူနာ ၃ ဦးထက် များပြားသည့် မြို့နယ်များကို Stay at Home အစီအစဉ် သတ်မှတ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ယနေ့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံသည့် အွန်လိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ၃၉၈ ဦး။ ရန်ကုန်မှာဆိုရင် ကိုဗစ်လူနာ ၄၀၀ ပေါ့။ ရန်ကုန်ကတောင် ပြန့်ပွားတာ နည်းနည်းပိုများနေသလိုဖြစ်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ကိုဗစ်လူနာ ၃ ဦးထက်များပြားလျှင် Stay at Home အစီအစဉ်တွင် အကျူံးဝင်မည်ဖြစ်ပြီး Stay at Home သတ်မှတ်သည့် မြို့နယ်များ များပြား လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၇ ခုဖြစ်သော သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် စက်တင်ဘာလ ၂ ရက်နေ့မှ စတင်၍ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယမန်နေ့ညပိုင်းက အမိန့် ထုတ်ပြန်လိုက်ပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးမှာမူ အစိုးရက အသွားအလာကန့်သတ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်လူနာ ၉၃၈ ဦးရှိလာပြီဖြစ်ကြောင်း အစိုးရထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရှိရသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts