All News interview Peace

ကိုဗစ်ကြောင့် Stay at Home မြို့နယ်များတွင် မဲဆွယ်မရဟု UEC သတ်မှတ်မှု ရခိုင်အမတ်လောင်းများ ဒုက္ခတွေ့ ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေ

ကိုဗစ်ကြောင့် Stay at Home မြို့နယ်များတွင် မဲဆွယ်မရဟု UEC သတ်မှတ်မှု ရခိုင်အမတ်လောင်းများ ဒုက္ခတွေ့ ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေ

By ရန်ကုန်ခေတ်သစ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကိုဗစ်ရောဂါကြောင့် Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် မဲဆွယ်စည်းရုံးခြင်းမပြုရ သတ်မှတ်ထုတ်ပြန်ထားရာ ရခိုင်တစ်ပြည်နယ်လုံးသည် Lock Down ကျနေသဖြင့် ရခိုင်အမတ်လောင်းများ မဲဆွယ်စည်းရုံးနိုင်ခြင်းမရှိတော့ဘဲ ဒုက္ခတွေ့ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုကြသည်။

ဦးမျိုးကျော်
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ကျွန်တော်တို့ကလည်း အခုက တစ်နေ့ တစ်မျိုး အမိန့်တွေက ထုတ်နေတယ်။ ဟိုတစ်လောတုန်းကဆိုရင် လူ ၃၀ ထက်မပိုရလို့ပြောတယ်။ အဲဒီနောက်နေပြီးတော့ ၅၀ အထိ Social Distance ကို ထားပြီးတော့ စုလို့ရတယ်လို့ပြောတယ်။

အဲကနေပြီး အခုကတော့ Stay at Home ၊ Lock down ချထားတဲ့နေရာတွေကို လုံးဝ မဲမဆွယ်ရဆိုတဲ့ ဟာမျိုးတွေဆိုတော့ ကျွန်တော်တို့လည်း အဲဒီ ထုတ်တဲ့ဟာတိုင်းကိုပေါ့။ ဒီအောက်ခြေပေါ့။ ကျွန်တော်တို့ နယ်မြေကိုတော့ အဲဒီအမိန့်ကိုတော့ ဖြန့်ဝေပေးနေတာပေါ့။ ဖြန့်ဝေပေးနေတယ်။ တစ်ချို့နေရာတွေမှာလည်း အဲဒီအမိန့်တွေကိုလည်း သူတို့မဖတ်မိဘူးဆိုတော့ အရင်ဖတ်မိတဲ့ဟာနဲ့ သွားတာမျိုးတွေရှိတယ်။

ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ဒါကတော့ အခုချိန်မှာ ဒီကိုဗစ်ကလည်း အရေးကြီးတယ်ဆိုတဲ့ အနေအထားမှာတော့ နည်းနည်းစောင့်ကြည့်ဖို့နဲ့ပေါ့။ မဲဆွယ်စည်းရုံးတာထက် ကိုဗစ်အတွက်က ကူညီပေးနိုင်တာရှိရင် ကူညီပေးကြဖို့ပေါ့။ အဲဒါမျိုးပဲ ညွှန်ကြားထားတယ်။ ဒီတော့ မဲဆွယ်စည်းရုံးတယ်ဆိုတဲ့ဟာမျိုးလည်း နောက်ပြီးတော့ ဖြစ်ဖြစ်မြောက်မြောက်လည်းသွားလို့ မရသေးဘူး။

ဘာဖြစ်လို့လဲဆိုတော့ အခုက ကျွန်တော်တို့ ဒေသတွေကိုက ဒီ Passenger တွေ ခရီးသွားပြည်သူတွေ သွားလာလို့ မရလို့သလို ဒီကုန်စည်ကိုလည်း ဖြတ်တောက်ထားတဲ့သဘောမျိုးဖြစ်နေတယ်ဗျာ။ အဲဒီတော့ အဲဒီမှာနေပြီးတော့ ကန်ပိမ်းအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာပေါ့နော်။ အဲဒီဟာတွေလည်း ကန်ပိမ်းအတွက်လည်း အဲဒီဟာတွေလည်း ကျွန်တော်တို့ကမလုပ်နိုင်သေးဘူး။ အဲဒီလိုတော့ ခက်ခက်ခဲခဲတော့ ဖြစ်တယ်။ ပါတီတွေအနေနဲ့ပေါ့။

အထူးသဖြင့် ရခိုင်ပြည်နယ်က ပါတီတွေအနေနဲ့တော့ ရွေးကောက်ပွဲကိုတော့ ဘယ်လိုလုပ် အားရမလဲ နဂိုတည်းကလည်း ကျွန်တော်တို့ ရခိုင် ပြည်နယ်အတိုင်းအတာမှာ စစ်ဘောင်တွေကျယ်လာတယ်။ နိုင်ငံရေးဘောင်က ကျဉ်းသွားတယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်မြောက်ပိုင်းဆိုရင် ပြည်သူအများကနေပြီးတော့ စစ်ဘေးရှောင်စခန်းတွေမှာနေနေ ရတယ်။

အဲဒီချိန်မှာ ဒီကိုဗစ်ဆိုတာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေပြီးတော့ဖြစ်လာဆိုတဲ့ဟာမျိုးတွေ သတင်းတွေတက်လာတယ်ဆိုတော့ ဒါတွေက ပြည်သူတွေ အနေနဲ့ ဘယ်လို ဒီသတင်း ဒီအချက်အလက်တွေ လက်ခံလို့ မရနိုင်တော့ဘူး။ နောက်တစ်ခု တစ်ချို့လည်းနေပြီးတော့ ဒီအပေါ်မှာ အကြောက်တရားတွေ လွှမ်းမိုးပြီးတော့ အကုန်လုံးဘယ်ဟာကို ယုံကြည်လို့ ယုံကြည်ရမှန်း အားကိုးလို့ အားကိုးရမှန်းမသိတော့ဘူး။

ဒီထဲမှာမှနေပြီးတော့ ဒီ Lock down တွေချတယ်ဆိုတဲ့ချိန်မှာ ကုန်စည်ကူးသန်းတာတွေကို ဖြတ်တောက်သလိုဖြစ်နေတယ်။ အဲဒီထဲမှာ ကုန်စည်တွေကလည်း ကမောက်ကမတွေဖြစ်လာတယ်ဆိုတော့ တဖြည်းဖြည်းနဲ့ အုပ်ချုပ်နေတဲ့ အစိုးရကော နောက်နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကော ဒီဟာတွေကို အကုန်လုံးကတော့ ပြည်သူ့တွေကတော့ စိတ်ပျက်လာတာပေါ့။

ပြည်သူတွေကလည်း တစ်နေ့ထက်တစ်နေပြီးတော့ အခုဆိုရင် ဟို ရွာကို မီးရှို့တာ ဒီလူတွေ ထိခိုက်ဒဏ်ရာရသေတာတွေပေါ့နော်။ သေနတ်ဒဏ်ရာတွေ လက်နက်ကြီး ဒဏ်ရာတွေ ဒီနေ့လည်း ထပ်ပြီး သတင်းတွေက ကြားနေရပြန်ပြီ ဆိုတော့ ရခိုင်ပြည်နယ်က ငရဲပြည်လိုပါပဲ အခုဟာကဖြစ်နေတာ။

ဦးစံကျော်လှ
ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ

မဲဆွယ်စည်းရုံးမှုတွေ ဒီအတိုင်းပဲ မြို့ကိုပတ်ပြီးတော့ တစ်ယောက်မှ သွားတာ လာတာမတွေ့ရသေးဘူး။ Facebookမှာတော့ ရေးနေကျတာပဲ။ စီစဉ်တယ်ဆိုတာက ဒီကလူတွေ ဘယ်လိုလုပ်ရမှန်းတောင်မသိဘူးလေ။ မီဒီယာကို အသုံးပြုဖို့ဆိုတော့လည်း အင်တာနက်မရှိတော့ ဒုက္ခဖြစ်တာကို ဒါပေမယ့် ဒီက ကိုယ်စားလှယ်လောင်းတစ်ချို့ကတော့ စိတ်ပျက်နေကြပြီ။ သူတို့ ရှိတဲ့နေရာတွေမှာ သူတို့ရှိတဲ့မြို့နယ်မှာ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားဆိုပြီးတော့ စိတ်ပျက်နေကြပြီ။

အခု တော်တော်များများက Lock down ဖြစ်နေပြီ မြို့နယ်တော်တော်များများက Lock down ဖြစ်နေပြီ သွားဖို့လာဖို့ဆိုတာ တော်တော်ခက်တာပဲ။ ကျွန်တော်တို့မှာ လွှတ်တော်မှာတာတောင်မှ လွှတ်တော်ကို ပြီးခဲ့တဲ့လ ၁၈ရက်နေ့စပြီးတော့ လုပ်မယ်လုပ်မယ်။

အဲဒီလို စဉ်စားနေတာ အခုထိမလုပ်ရသေးဘူး။ အခုဆိုရင် လုပ်ခွင့်လည်းမရှိတော့ဘူး။ ပါတီတွေကလည်း ဒီအတိုင်းပဲ ဒီနေ့ မနက်ပိုင်းမှာတော့ ANPပါတီကတော့ သူတို့ရဲ့ စတေကာလေးတွေ လိုက်ကပ်တာတော့ တွေ့ရတယ်။ အမှန်က အခုလို အချိန်အခါမျိုးဆိုရင် ပါတီတိုင်း ပါတီတိုင်းဟာ အားတက်သရော ဆောင်ရွက်တဲ့အနေအထားမျိုးရှိရမယ်လေ။ အခုဟာအဲဒီလိုမျိုးမဟုတ်ဘူး။

လူစုဖို့ဆိုတာထက် ရခိုင်မှာလူစုဖို့ဆိုတာလည်း မလွယ်ဘူး။ အဲဒါတော့ (ရခိုင်ပြည်နယ်တွင် လူစုလူဝေးလုပ်နိုင်သည့်အရေအတွက်) ကျွန်တော်လည်း လောလောဆယ်တော့ ကျွန်တော်ပြောခက်တယ်ပေါ့။ ကြေညာချက်တွေဘာတွေ ဖတ်တော့ဖတ်တယ်။ ဒါပေမယ့် ကြေညာချက်ကလည်း ခဏခဏပြောင်းနေတော့ လောလောဆယ်မှာတော့ ကျွန်တော်သတိမထားဘူး။

ကျွန်တော်ကတော့ ရွေးကောက်ပွဲ မဝင်တော့လည်း မဲဆွယ်တဲ့အထဲမှာတော့ မပါတော့ဘူးပေါ့။ သို့သော် ကိုယ်ပါတီအတွက်တော့ လိုအပ်သလိုဆောင် ရွက်ပေးရမှာပဲ။ ရခိုင်မှာ လှုပ်ရှားမှုက ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဒီပါတီတွေ လှုပ်ရှားမှုကအရမ်းအားနည်းတယ်။ အားနည်းတဲ့နေရာမှာ ဥပမာဆိုပါဆို့ ခုနက ကျွန်တော်ပြောသလို ကိုယ်ဒေသမှာ ကိုယ်မြို့နယ်မှာ ရွေး ကောက်ပွဲ ဖြစ်ဖို့ မဖြစ်ဖို့ မသေချာတဲ့နေရာမျိုးမှာ လုပ်ရကိုင်ရတာတော့ တော်တော်အခက်အခဲရှိတာကို ခေါင်းခဲနေတယ်။

ဒါပေမယ် ပါတီကတော့ နိုင်ငံတော်သမ္မတကြီးတို့ အကြံပေးတို့ထံကိုတော့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးလိုက်တယ် တွေ့တယ်မို့လား။ အဲဒါပါပဲ ပါတီသဘောထားက။ မဲဆွယ်ဖို့ အပိုင်းမှာလည်း နယ်တွေဘာတွေကို သွားဖို့လာဖို့ ခက်ခဲပါတယ်။ အရမ်းခက်ခဲတယ်။ တစ်ရွာနဲ့ တစ်ရွာလည်းသွားလို့မရဘူး။ တစ်မြို့နဲ့ တစ်မြို့လည်း သွားလို့မရဘူး။ ဒီအခြေအနေမှာ ဘယ်လိုမဲဆွယ်ကျမလဲ။

အွန်လိုင်းမဲဆွယ်မယ်ဆိုရင်လည်း ဒီကပြောချင်တဲ့စကားက ကိုယ်လူထုဆီကိုမရောက်ဘူး။ အင်တာနက်မှမရှိတာ အဲဒီတော့ ဘယ်လိုလုပ်ကျမလည်းဆိုတာ စဉ်စားလို့ကို မရတော့ဘူး။ အလုပ်ကတော့ အခြေအနေကို ကြည့်ပြီးလုပ်ကျရာမှာပဲလေ။ ပုံစံတစ်ခုကို သတ်သတ်မတ်မတ်ချပြီးတော့ ကဲဘယ်နေ့က ဘယ်နေရာကိုသွား ဘယ်နေ့ဘယ်နေရာကိုသွားမယ်။

အဲဒီလိုမှလုပ်လို့မှမရတာ ဗဟိုအောင်နိုင်ရေးအဖွဲ့က အဖွဲ့ခွဲပြီးတော့ ဆိုပါဆို့ဗျာ ရခိုင်ပြည်နယ်တောင်ပိုင်းကို ဘယ်သူဘယ်သွားမယ်။ မြောက်ပိုင်းကို ဘယ်သူဘယ်သွားမယ်။ ကျောက်ဖြူဘယ်သူသွားမယ်ဆိုတာ အမှန်က ဒီမှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ဆိုတာ ပါတီတိုင်းမှာရှိကြတယ်။ အခုလို အချိန်အခါမျိုးမှာဆိုရင် ဗဟိုအောင်နိုင်ရေးအဖွဲ့တို့ဆိုတာ ကိုယ်အဖွဲ့လိုက် ခွဲပြီးတော့ ကိုယ်သတ်မှတ်တဲ့နေရာတွေကို ခရီးထွက်ရမယ့်အချိန် ထွက်လို့မရဘူး။

ဒီမှာ ဗဟိုဌာနချုပ်မှာ လူတွေစုနေရမယ့်အချိန် ဘာတွေလုပ်ကြမလဲဆိုတာ စုပြီးတော့ ဆွေးနွေးရမယ် တာဝန်ပေးရမယ့်အချိန်မျိုးမှာ လူစုလို့လည်းမရဘူး။ ခက်တာပဲ ခက်တယ်။ ဒါပေါ့ လှုပ်ရှားမှုတွေ အားနည်းပါတယ်။ လှုပ်ရှားမှုတွေအားနည်းပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အားရကျေနပ်မှုမဖြစ်ဘူး။

ဦးထွန်းသာစိန် (မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

မဲဆွယ်စည်းရုံးရေး အခြေအနေကတော့ UEC ကနေပြီးတော့ ကြေညာ ချက် ထုတ်ထားတာရှိတယ်။ အဲဒါဘာလည်းဆိုတော့ ဒီ Stay Home ထုတ်ထားတဲ့ မြို့နယ်တွေမှာပေါ့နော်။ မဲဆွယ်စည်းရုံးရေးမလုပ်ရဘူးလို့ အဲဒီလို ဒီထုတ်ထားတာ ထုတ်ပြန်ထားတာရှိတယ်။ အခုကလည်းပဲ ဒီလ ၈ရက်နေ့ကနေ နိုဝင်ဘာ ၈ရက်နေ့ အထိ ရက်ပေါင်း ခြောက်ဆယ်ကာလကို မဲဆွယ်စည်းရုံးရေးကာလအဖြစ် ဒီ UECကနေ သတ်မှတ်ထားတယ်။


သတ်မှတ်ထားတဲ့ အထဲမှာ Stay Home လုပ်ထားတဲ့ မြို့နယ်တွေကို မဲဆွယ်စည်းရုံးရေးအတွက် မဖြစ်နိုင်ဘူး။ မလုပ်နိုင်ဘူးဆိုတော့ ဒီကာလမှာပေါ့။ မဲဆွယ်စည်းရုံးတွေအတွက် တော်တော်လေးအခက်အခဲရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒီငါးမြို့နယ်လောက်ပဲ ရွေးကောက်ပွဲလုပ်လို့ရမယ်ဆိုပြီးတော့ ဒီထုတ်ပြန်ထားတာတွေလည်းရှိတယ်။ ဆိုတော့ ရွေးကောက်ပွဲနှင့်ပတ်သတ်လို့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သတ်လို့ကတော့ ဒီကျွန်တော်တို့ ရခိုင်ပြည်နယ်မှာတော့ တော်တော်လေးအခက်အခဲရှိမယ်လို့ထင်ပါတယ်။ ဘ

ယ်လိုမျိုးလုပ်မလဲ (မဲဆွယ်စည်းရုံးဖို့) ဆိုတာတော့ ဒီUEC ကလည်း ထုတ်ပြန်ထားတာမရှိသေးဘူး။ ကျွန်တော်တို့ဖက်မှာက အင်တာနက်အွန်လိုင်းလည်းမရ နောက်ပြီးတော့ Stay Home မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလလည်း မဲဆွယ်စည်းရုံးရေးအခန်းကဏ္ဍလည်း လုပ်လို့မရဘူး။့

ပွင့်ပွင့်လင်းလင်းလုပ်နိုင်တဲ့ မြို့နယ်က ငါးမြို့နယ်ပဲရှိတယ်ဆိုတော့ တော်တော်လေး အခက်ကြုံနေတယ်။ ကျွန်တော်တို့ဖက်ကတော့ ဒီကျွန်တော်တို့ ရခိုင်ပြည်နယ်အတိုင်းအတာနဲ့ပေါ့။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တော်တော်လေးအခက်အခဲရှိပါတယ်။ အခက်အခဲတွေ့နေပါတယ်။ အဲဒါကတော့ ( မြို့နယ်၅မြို့နယ်ပဲ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နိုင်သည့်ကိစ္စ) ဒီ ပြည်ထဲရေးနဲ့ ကာကွယ်ရေးက သူတို့က ဒီတာဝန်မယူနိုင်ဘူးလို့ အဲလောက် အကြားအားဖြင့် သိထားပါတယ်။

ဆိုတော့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးက တာဝန်မယူနိုင်ဘူးဆိုတော့ ကျန်တဲ့မြို့နယ်တွေကတော့ ရွေးကောက်ပွဲဖြစ်ဖို့ အလားအလာ သိပ်နည်းပါတယ်။ အတိအကျတော့ ဘယ်မြို့နယ် ဘယ်မြို့နယ်ကိုကတော့ မထုတ်ပြန်သေးဘူးပေါ့။ ကြားနေရတဲ့သတင်းကတော့ ငါးမြို့နယ်ပဲကြားနေရတယ်။ ငါးမြို့နယ်ကတော့ အတိအကျလုပ်နိုင်မယ်လို့ ကြားနေရတယ်။

အဲဒီလိုမျိုးတွေ (ပါတီ ဗီနိုင်းထောင်တာတို့ လက်ကမ်းစာစောင်ဝေ တာတို့) တော့လုပ်လို့ရမယ်ထင်ပါတယ်။ ဒါတော့ UECကို သတင်းမီဒီယာတွေဖက်က သေချာလေးမေးကြည့်ရင်တော့ အဖြေထွက်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ UECနဲ့လည်း အလှမ်းဝေးနေတယ်ပေါ့။ နယ်မှာလည်းနေနေရတယ်ဆိုတော့ အခုတလောက အပြင်ကိုလည်း ဒီသွားလို့လာလို့ မရဘူးဆိုတော့ ကျွန်တော်တို့ UECနဲ့ နီးစပ်မှုသိပ်မရှိဘူး။

ပြည်သူတွေရဲ့ စိတ်ဝင်စားမှုလည်းပဲ ဒီလိုမျိုး ကိုဗစ် ၁၉ကလည်း တစ်မျိုးပေါ့။ ဒါပေမယ့် ကြားနေရတဲ့ သတင်းတွေနဲ့ကော ဒီ ကျွန်တော်တို့ ဒီဘက်မှာတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းကျပါတယ်။ ကြားနေရတဲ့သတင်းဆိုတာကတော့ ငါးမြို့နယ်လောက်ပဲ ရွေးကောက်ပွဲဖြစ်မယ်။ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲဖြစ်နိုင်မယ့်အလားအလာမရှိဘူးလို့တော့ ကြားနေရတဲ့ သတင်းကိုပြောတာ။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်ပေါ့။ ထွက်နေတယ်ဆိုတာက ခုနကလိုမျိုး ငါးမြို့နယ်ပဲလုပ်လို့ရမယ်ပေါ့။ ကျန်တဲ့မြို့နယ်တွေကို ပြည်ထဲရေးနဲ့ ကာကွယ်ရေးက တာဝန်မယူနိုင်ဘူးဆိုတော့ ကျွန်တော်တို့ရဲ့ လူထုအသံက တော်တော်လေးအားနည်းသွားမယ်။ ပြီးတော့ ကျွန်တော်တို့ ဒီမိုကရေစီကို သွားနေတဲ့ကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာအဓိကလုပ်ရတဲ့ အလုပ်က တာဝန်သုံးရပ်ကို ထမ်းဆောင်ရတယ်။

အဲဒီတာဝန်သုံးရပ်ကဘာလည်းဆိုတော့ နံပါတ်(၁)က ဥပဒေပြုရေး နံပါတ်(၂)က စောင့်ကြည့်ရေး နံပါတ် (၃)က ကိုယ်စားပြုရေး အဲဒီ လူထုကို ကိုယ်စားပြုတဲ့အသံတွေရယ် လူထုဖွံ့ဖြိုးရေးကို ကိုယ်စားပြုမယ့် လူပုဂ္ဂိုလ်တွေရယ် လူထုရဲ့ အကျိုးစီးပွားအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေရယ်။ အဲဒီဟာတွေ အကုန်လုံးပျောက်ဆုံးသွားမယ်ပုံစံမျိုးဖြစ်နေတယ်။ ဒီလို ဒီမိုကရေစီကိုသွားနေတဲ့ကာလမှာ လူထုကို ကိုယ်စားပြုတဲ့ အသံရယ် လူထုကို ကိုယ်စားပြုမယ့် ဥပဒေတွေရယ်။

လူထုကို ကိုယ်စားပြုမယ့် ဒီ ကိုယ်စားပြုမှုတွေက တကယ်လို့ ပျောက်ဆုံးသွားတယ်ဆိုရင်တော့ ဒီကျွန်တော်တို့ ရခိုင်ပြည်သူ လူထုအတွက် တော်တော်လေး ဒီ လူ့အခွင့်အရေးမရတဲ့ ဒီပုံစံမျိုးဖြစ်နေတယ်။ လူအခွင့်အရေးမရှိဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့။

ဒေါ်ခင်စောဝေ
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

လောလောဆယ်မှာတော့ သူတို့ UEC က ကြေညာချက်ကလည်း အကုန်လုံးသိပြီးဖြစ်တယ်ပေါ့။ အဲဒီတော့ Lock down ချထားတဲ့နေရာတွေမှာ မဲဆွယ်စည်းရုံးခြင်းမပြုရဆိုပြီးတော့ သူတို့ရေးထားတာပေါ့။ အဲဒီအတွက်ကြောင့် ကျွန်မတို့အနေနဲ့ကတော့ ဒီရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမွာ ရောဂါပိုးမတွေတဲ့နေရာကတော့ ရမ်းဗြဲမြို့နယ်တစ်ခုတည်းရှိပါတယ်။ ဆိုတော့ ကျန်တဲ့မြို့နယ်တွေကတော့ အကုန်လုံး Lock down ချထားတယ်ပေါ့နော်။ အကုန်လုံး Stay at Home ပေါ့နော်။

အဲဒီအတွက် ဒီနေရာတွေမှာ မဲဆွယ်လို့ မရဘူးဆိုတဲ့ အဲဒီကြေညာချက်ထွက်လာတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့လည်း ဘယ်လိုမှ အဲမြို့နယ်တွေကို ကျေးရွာတွေ မြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို သွားလို့ မရတော့ပါဘူးပေါ့နော်။ ဆိုတော့ ဒီလိုကြေညာချက်ထုတ်လိုက်ပြီးမှ သွားတယ်ဆိုရင်လည်း ဒီကျန်းမာရေးဝန်ကြီးဌာန ဥပဒေအရသော်လည်းကောင်း ကျွန်မတို့ ဖောက်ရာကျမယ့်အတွက်ကြောင့် လောလောဆယ်မှာ ကျွန်မတို့ကတော့ ဒီFacebookကလည်း မရတဲ့နယ်မြေရှိတယ်။

ရသေ့တောင်မြို့နယ်ဆိုလည်း Facebook သုံးလို့မရတဲ့ နယ်မြေထဲမှာပါတယ်နော် ဆိုတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့တော့ ဒီဟာပေါ့နော် ကမ်ပိန်းအတွက်ဆိုရင် မဲဆွယ်စည်းရုံးမယ်ဆိုရင် ကျွန်မတို့ လေးယောက်ပေါ့။ ဥပမာ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် နှစ်ယောက် ဆိုင်းပိုဒ်တွေကို ရွာတိုင်းမှာ ထောင်ဖို့တော့ အဲဒီလိုတော့ စီစဉ်ထားတာတော့ရှိပါတယ်။

နောက်တစ်ခုတော့ လက်ကမ်းစာစောင်လုပ်မယ်ပေါ့နော်။ ဒီလက်ကမ်းစာစောင်တွေ ဝေဖို့လို့တော့ အစီစဉ်လေးတွေ လုပ်ထားပါတယ်။ သို့သော် ကျွန်မတို့တွေက သူတို့တွေက ပြောထားတာရှိပါတယ်။ နယ်မြေလုံခြုံရေးအရ ရွေးချယ်သော်လည်း ဒီလို ရွေးကောက်ပွဲမဖြစ်နိုင်တဲ့ နေရာတွေကိုလည်း အောက်တိုဘာလမှာ ကြေညာမယ်ဆိုတာလည်း သူတို့အစည်းအဝေးတွေမှာ ထည့်ပြောထားတာရှိတယ်ပေါ့နော်။

ကျွန်မတို့က ဒီစက်တင်ဘာ တစ်လလုံးမှာ ကျွန်မတို့က မဲဆွယ်ရတော့မယ် ဟုတ်တယ်။ အဲဒီလိုပဲ ဘုတ်တွေထောင်ရတော့မယ်။ ဥပမာဆိုင်းပိုဒ်တွေထောင်ရမယ်။ လက်ကမ်းကြေညာတွေ လုပ်ရတော့မယ်ဆိုတော့ ကျွန်မတို့မှာငွေလည်းကုန်တယ်။ နောက် အချိန်လည်းကုန်တာပေါ့လေ။ အကုန်လုံးအစစအရာရာက ကျွန်မတို့အတွက် အားသွန်ခွန်စိုက် ဒီစိန်ခေါ်မှု အများကြီးထဲကလုပ်ရမှာဖြစ်ပါတယ်။ အဲဒီဟာတွေကို အောက်တိုဘာလမှာပဲ။ ရသေ့တောင်မြို့နယ်က မပါနိုင်ဘူး။ ကျန်တဲ့မြို့နယ်တွေ မပါနိုင်ဘူး။

ကြေညာလိုက်တယ်ဆိုရင် ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ လုပ်ထားတဲ့ ကုန်ကျမှုတွေ ပင်ပန်းမှုတွေ အဲဒါမျိုးတွေကိုလည်း အလကား ဖြစ်သွားလိမ့်မယ်။ အချင်းနှီး ဖြစ်သွားလိမ့်မယ်လို့ ပြောချင်တယ်ပေါ့။ သူတို့ အနေနဲ့ တကယ်လို့ လုံးဝလုပ်လို့ မရဘူး လုံခြုံမှုအရ လုပ်လို့မရဘူးဆိုရင်လည်း ဒီကန်ပိမ်း မလုပ်ခင်တည်းကပေါ့။ ကြေညာဖို့ကို ကောင်းပါတယ်ဆိုတဲ့ UECကိုလည်း ကျွန်မတိုက်တွန်းချင်ပါတယ်။

Stay at Home ဆိုတည်းကလေ အကုန်လုံးမြို့နယ်တွေပါနေတယ်ပေါ့။ သူတို့ တရားဝင်မကြေညာသေးကတော့ ဘယ်မြို့နယ် ဘယ်မြို့နယ်ဆိုတာကိုတော့ ကျွန်မတို့ အနေနဲ့ အတိအကျပြောလို့မရပါဘူး။ သူတို့က ထုတ်ဖော်ကြေညာမှသာ ကျွန်မတို့တွေက ဒီဟာအတည်ပြုရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တစ်ချို့တွေကပြောတယ်။ ငါးမြို့နယ်ကိုပဲ ကျင်းပမယ်ဆိုတဲ့ အသံတွေလည်းထွက်နေပါတယ်။ ဒါပေမယ် UEC ဆုံးဖြတ်ချက်သည်သာအတည်ဖြစ်တယ်။ သူတို့လည်း ဥပဒေတွေရှိတယ်။

အဲဒီတော့ ဥပဒေအရ သူတို့ထုတ်လိုက်တဲ့အခါကျတော့ ကျွန်မတို့လည်း ဒါကိုဘာမှ ဝေဖန်ပိုင်ခွင့် ပြန်ပြင်ခွင့်လည်းမရှိဘူး။ သူတို့ ကြေညာတဲ့အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားရမှာပါ။ ရခိုင်မှာ အားလုံးပေါင်း ၁၇နယ်မြို့နယ်ရှိပါတယ်။ ဆရာမတို့ ရခိုင်အမျိုးသားပါတီက အားလုံးမြို့နယ်မှာ ဝင်ရောက်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ စာရင်းတင်သွင်းတာရှိပါတယ်။

ဥပမာ တကယ်ကို တိုက်ပွဲပြင်းထန်တဲ့နေရာတွေကတော့နည်းနည်းအားနည်းမှုတော့ရှိကျမှာပဲလေ (ရွေးကောက်ပွဲ မဲဆွယ်ဖို့)။ နောက်တစ်ခါ ဆရာမတို့ ရသေ့တောင်မြို့နယ်အနေနဲ့ နှိုင်းပြီးပြောရမယ်ဆိုလိုရှိရင် ရသေ့တောင်မြို့နယ်မှာဆိုရင် ကျောက်တန်းတိုက်နယ်က ရွာတစ်ချို့ (၁၀)ရွာလောက်ကတော့ လုံးဝနေလို့မရဘူး။ ကြောက်လန့်ပြီးထွက်ပြေးရတယ်ပေါ့။ တိုက်ပွဲတွေ မကြာခဏဖြစ်တယ်ပေါ့နော်။

အဲဒီအတွက်ကြောင့် စစ်ဘေးရှောင်နေရာတွေမှာ အများကြီး ရောက်နေတာတွေရှိတယ်။ တစ်ချို့ နယ်မြေ ကျောက်တန်းတိုက်နယ်တစ်ခုအပြင်ကိုဆရာမတို့နေရာမှာ နောက်ထပ် တိုက်နယ်က (၃)ခုလောက်ရှိတယ်ပေါ့။ ကျန်တဲ့ရွာတွေမှာတော့ ကိုယ်နေရာမှာ ကိုယ်နေထိုင်တဲ့ ကျေးရွာတွေလည်းအများကြီးရှိနေပါတယ်။

အဲဒီအတွက်ကြောင့် စစ်ဘေးရှောင်တွေကို ကိုယ်နေရာမှာ ဒီစစ်ဘေးရှောင်နေရာတွေမှာ မဲထည့်ပေးမယ် နောက်တစ်ခါ ဒီမှာတိုက်ပွဲမဖြစ်တဲ့နေရာတွေမှာက လက်ရှိကျေးရွာကတွေက မဲပေးမယ်ဆိုရင်တော့ ရနိုင်တယ်ပေါ့နော်။ ရနိုင်တဲ့သဘောရှိပါတယ်။ ဒါပေမယ်လည်း UEC ဘက်က ဘယ်လိုအကြောင်းပြချက်ရှိလာမလဲဆိုတာကိုတော့ ဆရာမတို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဦးမောင်သန်းစိန်
ကျောက်တော်မြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

ကျွန်တော်တို့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကိုဗစ်ကလည်း ဒီလိုမျိုးဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည် အနေအထား ဒီဘက် ကျွန်တော်တို့ မြို့နယ်တွေမှာ အင်တာနက်လိုင်းဖွင့်ရင်တော့ ကျွန်တော်တို့နည်းနည်း ဘာပဲဖြစ်ဖြစ် မဲဆွယ်စည်းရုံးနိုင်မယ့်အနေအထားရှိတယ်။

ဥပမာ အင်တာနက်ဖွင့်ရင် ၅၀ရခိုင်နှုန်းလောက်ကတော့ ကျွန်တော်တို့ သုံးနိုင်တဲ့အနေအထားရှိတာပေါ့။ အဲတာဆိုရင် ရခိုင်အမျိုးသား လူဦးရေကတော့ နည်းနည်းဘာပဲဖြစ်ဖြစ် ဖုန်းသုံးတဲ့သူတွေက ကိုယ်ဟာကိုယ် ရွေးချယ်လို့ရကျတာပေါ့။ ဒါပေမယ့် ဒီဘက်မှာလိုင်းကလည်းပိတ်တယ်။

ကိုဗစ်ကလည်း နေရာအကုန်လုံး တွေ့လာတယ်ဆိုတော့ နည်းနည်း အခက် အခဲတော့ရှိတာပဲ။ မဲဆွယ်တာကတော့ အခုပုံစံလိုမျိုးနဲ့ကတော့ ဘယ်လိုမှသွားလို့ ဘယ်လိုမှလုပ်လို့မရဘူး။ မဲဆွယ်စည်းရုံးဖို့ကတော့ ကျွန်တော်ဒီဖက်တွေမှာတော့ ခုနက ပြောသလိုပဲ ဗီနိုင်းတွေထောင်တို့ လက်ကမ်းစာစောင်တွေ ကပ်မယ့်ဟာတို့ ဟို ဒီရပ်မိရပ်ဖနဲ့ ကျွန်တော်တို့ တွေ့ပြီးတော့ ဒီစကားပြောတာတို့ အဲလိုမျိုးတွေတော့ ကျွန်တော်တို့လုပ်လို့ရတယ်။

ဥပမာ ရပ်ကွက်ကိုယ်စားပြုတဲ့ ရပ်မိရပ်ဘတွေကိုပေါ့။ တကယ်လို့ ဥပမာ ခေါ်ယူပြီးတော့ဖြစ်ဖြစ် တစ်ခုခုမှာပဲ တွေ့ဆုံဆွေးနွေးပြီးတော့ ကျွန်တော်တို့ရဲ့ ပါတီအခြေအနေတွေ ကျွန်တော်တိုရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ လုပ်ဆောင်မယ့် အခြေအနေတွေ ကျွန်တော်တို့ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သတ်တဲ့အခြေအနေ အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေ အဲဒါတွေကို ကျွန်တော်တို့က အကုန်လုံးကို ချမပြနိုင်ရင်လည်း ရပ်ရွာမှာအင်မတန်သြဇာညောင်းတဲ့ ရပ်မိရပ်ဖတွေကို ခေါ်ပြီးတော့ ကျွန်တော်တို့ကတော့ အဲဒီလို လုပ်ဆောင်ဖို့တော့ စဉ်စားထားတယ်။

သူတို့ (ရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ) ကတော့ ဒီဟာကတော့ သူ့အခန်းကဏ္ဍနဲ့ သူကတော့ နားလည်တဲ့လူတွေရှိတယ်။ စိတ်မဝင်စားတဲ့လူတွေရှိသလို စိတ်ဝင်စားတဲ့လူတွေရှိတယ်ဗျ။ အဲဒီလိုမျိုးတွေတော့ရှိတယ်။ ကျွန်တော်တို့ ရခိုင်ဒေသမှာက ဒီရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ဟာတွေကို စိတ်မဝင်စားပေမယ့် ကျွန်တော်တို့ရဲ့ ဒီအမျိုးသားရေးနဲ့ပတ်သတ်တဲ့ ဥပမာ ဒီပါတီတွေကိုတော့ စိတ်ဝင်စားကြတယ်။ ကျွန်တော်ပြောသလို သူဟာကတော့ လူအမျိုးမျိုးရှိကျတာပေါ့။

ကိုယ်ရဲ့ပတ်ဝန်းကျင်နဲ့ မူတည်ပြီးတော့ ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာ ကိုယ်တို့လေ့လာထားသလောက် အခြေအနေပေါ်မူတည်ပြီးတော့ သုံးသပ်ဆုံးဖြတ်ကျတာပေါ့။ တစ်ချို့ကလည်း ဒီရွေးကောက်ပွဲမရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူတွေ အတွက် ပြောနေတဲ့ဟာတွေ ဆုံးရူံးသွားနိုင်တယ်။ ဒီလိုဖြစ်နေတဲ့အချိန်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောတာဆိုတာကို မီဒီယာနဲ့ ဆွေးနွေးတာတို့ အခန်းကဏ္ဍတစ်ခုထိ ကျွန်တော်တို့ ပြည်သူတွေဖက်က အပြည့်အဝရပ်တည်ပေးတာတို့ လိုအပ်ချက်လေးတွေကို တိုက်တွန်းပေးတာတို့ကျတော့ အခုကာလမှာ လုပ်နိုင်တဲ့အလုပ်တွေလေ။

အဲဒါမျိုးတွေ အများကြီးဆုံးရှုံးသွားမယ့်အေနအထားမျိုးတွေရှိတဲ့အတွက် ဒီရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ ခုနကပြောသလို လိုအပ်တဲ့လူတွေလည်းသိတယ် တစ်ချို့ကတော့ အားမလိုအားမရတဲ့သူတွေလည်းရှိတယ်။ သူ့ပတ်ဝန်းကျင်နဲ့သူကတော့ ရှိတယ်။ ရွေးကောက်ပွဲအနေနဲ့တော့ အခုလိုမျိုးဖြစ်နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ကတော့ အားရစရာမရှိဘူးလေဗျာ။ အားမရဘူးဗျ။

အဲဒီလိုမျိုး ကျွန်တော်တို့ ရွေးကောက်ပွဲဆိုတာက ပြည်သူလူထုက မိမိတို့ ဖြစ်စေချင်တဲ့ မိမိတို့နဲ့ သင့်တော်မယ့် မိမိမြို့နယ်နဲ့ သဟဇာတကျမယ့် ကိုယ်စားလှယ်တွေကိုပဲ ရွေးချယ်တင်မြှောက်ချင်တာ မိမိတို့နဲ့ပတ်သတ်တဲ့ အမျိုးသားရေးပါတီထဲက

ကိုယ်စားလှယ်တွေကိုပဲ ရွေးချယ်တင်မြှောက်ချင်တဲ့အခါ အဲဒီကိုယ်စားလှယ်နဲ့ အဲဒီပါတီရဲ့ မူဝါဒသဘောတရားတွေ အဲဒီကိုယ်စားလှယ်ရဲ့ ဝိသေသ လက္ခဏာတွေ အကျင့်စရိုက်တွေ အကုန်လုံးကို Public အကုန်လုံးကို Rehearse ဖြစ်အောင် လုပ်ရမယ့်အချိန်မျိုးမှာမှ ဒီလိုမျိုး ရပ်မိရပ်ဖတွေနဲ့ ဆွေးနွေးပြီးမှ လုပ်ရတယ်ဆိုတာမျိုးကတော့ အားရစရာအကြောင်းမရှိဘူး။

ဒီ မဲဆွယ်စည်းရုံးရေးကာလဆိုတာက အမှန်က အကုန်လုံး ကျွန်တော်တို့ တောက်လျှောက် open ဖြစ်နေရမယ်။ အဲဒီလိုမျိုး စိတ်ကြိုက်မဲဆွယ်စည်းရုံးနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို မဆန့်ကျင်ဘဲနဲ့ ကျွန်တော်တို့ အတိုင်းအတာတစ်ခုထိ ကျွန်တော်တို့ မဲဆွယ်စည်းရုံးနိုင်တဲ့အနေအထားဖြစ်မှ ကျွန်တော်တို့ အားရကျေနပ်မှုတွေရမှာပေါ့။ အခုဟာက ဒီပုံစံမျိုးနဲ့ကတော့ ကိုယ်စားလှယ်လောင်းတစ်ယောက်အေနနဲ့ ဟိုပျင်းစရာကြီးလို့ မှတ်တာပေါ့ဗျာ။

ဓာတ်ပုံ- စစ်တွေတွင် ကိုဗစ်ကြောင့် Lock Down ကျနေသော လမ်းတစ်ခု ။ Photo Credit – ANP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts