Business interview Web TV

ကိုဗစ်ကာလမှာ ကားပိုင်ရှင်အမည်ပြောင်း ဝင်ငွေအခွန် ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း တိုးမြှင့်ရန်ရှိနေမှု NLD အစိုးရ ပြန်လည် စဉ်းစားရန် တောင်းဆို(ရုပ်/သံ)

ကိုဗစ်ကာလမှာ ကားပိုင်ရှင်အမည်ပြောင်း ဝင်ငွေအခွန် ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း တိုးမြှင့်ရန်ရှိနေမှု NLD အစိုးရ ပြန်လည် စဉ်းစားရန် တောင်းဆို(ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

ပြည်ထောင်စုလွှတ်တော်က ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေခွန်ဆိုင်ရာ အခွန်နှုန်းထားများကို ပြောင်းလဲသတ်မှတ်ရန် အတည်ပြုလိုက်ပြီး ၁ ကျပ်မှ ငွေကျပ် သိန်း ၁၀၀၀ အထိ အခွန် ၃ ရာခိုင်နှုန်း ကောက်ခံနေမှုကို ၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားရန် ရှိနေသည်။

ပြည်ထောင်စုလွှတ်တော်က အဆိုပါ ဝင်ငွေခွန်ဆိုင်ရာ အခွန်နှုန်းထားကို အတည်ပြုပြီးဖြစ်ရာ လာမည့် အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အသက်ဝင်လာမည်ဖြစ်သည်။

ယင်းသို့ ဝင်ငွေခွန်တိုးမြှင့်ကောက်ခံမှုသည် ကားပိုင်ရှင် အမည်ပြောင်း အခွန်ကိစ္စကို တိုက်ရိုက်အကျိုးသက်ရောက်ပြီး မော်တော်ယာဉ်ဥပဒေအရ ကားပိုင်ရှင်များအားလုံးသည် မိမိ၏ လက်ဝယ်တွင်ရှိနေသော ကားကို မိမိ၏ အမည်မပြောင်းလဲပါက သက်တမ်းတိုးခွင့်မပြုဟုဆိုရာ ကားပိုင်ရှင်အားလုံး ကားတန်ဖိုးအပေါ် ဝင်ငွေခွန်ဆောင်၍ အမည်ပြောင်းလဲရသည်။

လက်ရှိတွင် မော်တော်ယာဉ် အမည်ပြောင်းလဲမှုကို ၃ ရာခိုင်နှုန်း ပေးဆောင်နေရသော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၆ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ရာ ကိုဗစ်ကာလ စီးပွားရေးကျပ်တည်း အဆင်မပြေမှုများကြောင့် ကားအခွန်ကောက်ခံမှုသည် လူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ဖြစ်ကြောင်း၊ NLD အစိုးရအနေဖြင့် ပြန်လည် စဉ်းစားသုံးသပ်သင့်ကြောင်း ပြောဆိုကြသည်။

Photo Credit – Reuters

ကားအမည်ပြောင်း အခွန် တိုးမြှင့်ရန်ရှိနေမှု ပြန် စဉ်းစားရန် တောင်းဆို(ရုပ်/သံ)

ကိုဗစ်ကာလမှာ ကားပိုင်ရှင်အမည်ပြောင်း ဝင်ငွေအခွန် ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း တိုးမြှင့်ရန်ရှိနေမှု NLD အစိုးရ ပြန်လည် စဉ်းစားရန် တောင်းဆို(ရုပ်/သံ)By ရန်ကုန်ခေတ်သစ်ပြည်ထောင်စုလွှတ်တော်က ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေခွန်ဆိုင်ရာ အခွန်နှုန်းထားများကို ပြောင်းလဲသတ်မှတ်ရန် အတည်ပြုလိုက်ပြီး ၁ ကျပ်မှ ငွေကျပ် သိန်း ၁၀၀၀ အထိ အခွန် ၃ ရာခိုင်နှုန်း ကောက်ခံနေမှုကို ၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားရန် ရှိနေသည်။ ပြည်ထောင်စုလွှတ်တော်က အဆိုပါ ဝင်ငွေခွန်ဆိုင်ရာ အခွန်နှုန်းထားကို အတည်ပြုပြီးဖြစ်ရာ လာမည့် အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အသက်ဝင်လာမည်ဖြစ်သည်။ ယင်းသို့ ဝင်ငွေခွန်တိုးမြှင့်ကောက်ခံမှုသည် ကားပိုင်ရှင် အမည်ပြောင်း အခွန်ကိစ္စကို တိုက်ရိုက်အကျိုးသက်ရောက်ပြီး မော်တော်ယာဉ်ဥပဒေအရ ကားပိုင်ရှင်များအားလုံးသည် မိမိ၏ လက်ဝယ်တွင်ရှိနေသော ကားကို မိမိ၏ အမည်မပြောင်းလဲပါက သက်တမ်းတိုးခွင့်မပြုဟုဆိုရာ ကားပိုင်ရှင်အားလုံး ကားတန်ဖိုးအပေါ် ဝင်ငွေခွန်ဆောင်၍ အမည်ပြောင်းလဲရသည်။ လက်ရှိတွင် မော်တော်ယာဉ် အမည်ပြောင်းလဲမှုကို ၃ ရာခိုင်နှုန်း ပေးဆောင်နေရသော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၆ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ရာ ကိုဗစ်ကာလ စီးပွားရေးကျပ်တည်း အဆင်မပြေမှုများကြောင့် ကားအခွန်ကောက်ခံမှုသည် လူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ဖြစ်ကြောင်း၊ NLD အစိုးရအနေဖြင့် ပြန်လည် စဉ်းစားသုံးသပ်သင့်ကြောင်း ပြောဆိုကြသည်။

Posted by Khit Thit Media on Monday, 31 August 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts