All News Election Local News

ရွေးကောက်ပွဲ ၃ ကြိမ် စောင့်ကြည့်ခွင့်ရရှိခဲ့သော အရပ်ဘက် PACE အဖွဲ့ကို ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် UEC ပိတ်ပင်

ရွေးကောက်ပွဲ ၃ ကြိမ် စောင့်ကြည့်ခွင့်ရရှိခဲ့သော အရပ်ဘက် PACE အဖွဲ့ကို ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် UEC ပိတ်ပင်

ရန်ကုန်၊ဩဂုတ် ၁၃

ရွေးကောက်ပွဲ တရားမျှတမှု စောင့်ကြည့်ရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှု အဖွဲ့ PACE(People’s Alliance for Credible Elections) ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UEC က ပိတ်ပင်လိုက်ကြောင်း PACE က တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

PACE အဖွဲ့သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ရရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ခွင့် မပြုခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် PACE အဖွဲ့သည် သင်းဖွဲ့မှတ်ပုံတင်ထားခြင်းမရှိသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ PACE အဖွဲ့အနေက အသင်းအဖွဲ့ အဖြစ် မှတ်ပုံတင်ရန် လုပ်ဆောင်ရာတွင် UEC ဘက်က ထောက်ခံချက် မရှိသဖြင့် မှတ်ပုံတင်ရန် အခက်အခဲဖြစ်ခဲ့ကြောင်း သိရှိရသည်။ PACE အဖွဲ့အပေါ် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး ပိတ်ပင်မှုသည် ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်ပြီး အရပ်ဘက်အဖွဲ့အစည်းအခန်းကဏ္ဍကို ထိခိုက်စေနိုင်ကြောင်း PACE က သတင်းစာရှင်းလင်းပွဲ ထုတ်ပြန် ပြောဆိုလိုက်သည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts