All News Health Local News

ရန်ကုန်၊ ကမာရွတ်မှ ကိုဗစ်ရောဂါကူးစက်ခံရသူသည် စစ်တွေမှ ‌လေကြောင်း ဖြင့် လာပြီး လှိုင်တွင် Quarantine ဝင်သူဖြစ်ပြီး ရပ်ကွက်ထဲသို့ ရောက်ရှိခြင်းမရှိ

ရန်ကုန်၊ ကမာရွတ်မှ ကိုဗစ်ရောဂါကူးစက်ခံရသူသည် စစ်တွေမှ ‌လေ ကြောင်း ဖြင့် လာပြီး လှိုင်တွင် Quarantine ဝင်သူဖြစ်ပြီး ရပ်ကွက်ထဲသို့ ရောက်ရှိခြင်းမရှိ

ရန်ကုန်၊ ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှ ကိုဗစ်ရောဂါကူးစက်ခံရသော လူနာအမှတ်စဉ် ၄၆၄ သည် စစ်တွေမှ လေကြောင်းဖြင့် လာပြီး Quarantine ဝင်ခဲ့သူဖြစ်ပြီး ရပ်ကွက်ထဲသို့ ရောက်ရှိခြင်း မရှိကြောင်း သက်ဆိုင်ရာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံ စုံစမ်းသိရှိရသည်။

လူနာအမှတ်စဉ် ၄၆၄ သည် ကမာရွတ်မြို့နယ်မှဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ လှိုင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမာရွတ်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “စစ်တွေကနေ တိုက်ရိုက်ပြန်လာပြီး Q ဝင်နေတာပါ။ ရပ်ကွက်ထဲမှာ ဖြစ်တာမရှိပါဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လှိုင်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကလည်း ဩဂုတ်လ ၂၀ ရက်နေ့က စစ်တွေမှ လာသူ ၇၉ ဦး လှိုင်မြို့နယ်တွင် Quarantine ဝင်ခဲ့ကြောင်း၊ အဆိုပါ Quarantine ဝင်ခဲ့သူများမှ ကိုဗစ်တွေ့ရှိရခြင်းဖြစ်ပြီး ရပ်ကွက်ထဲတွင် နေထိုင်သူများမဟုတ်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော်သိသလောက် ဩဂုတ်လ ၂၀ ရက်နေ့က စစ်တွေကလာတာ ၇၉ ဦးရှိတယ်။ သူတို့ Q ဝင်နေတာရှိတယ်။ အဲဒီအထဲက ဖြစ်မယ်။ သိသလောက် ရပ်ကွက်ထဲကတော့မဟုတ်ဘူး။ ရပ်ကွက်ထဲကဆိုရင် ကျနော်တို့က ကိုဗစ်မြို့နယ်ကော်မတီတွေရှိတယ်။ အဲဒီကော်မတီကနေ ချက်ချင်း ရပ်ကွက်ထဲကဖြစ်ရင် နေအိမ်၊ လမ်းကို Lock Down ချတာရှိတယ်။ အခု အဲလိုမရှိပါဘူး” ဟု ဦးကျော်ကျော်ထွန်းက ရှင်းပြသည်။

ကမာရွတ်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ရန်ကုန်တိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးလင်းနိုင်မြင့်က
“ကမာရွတ် မှ ပိုးတွေ့လူနာ အမျိုးသမီး မှာ စစ်တွေမြို့တွင် နေထိုင်သူ ဖြစ် ၍ ကမာရွတ် ၌ ပညာသင်ကြားရန် လေယာဉ် ဖြင့် လာရောက်စဉ် အသွား အလာ ကန့်သတ်ထားရာမှ ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည် ” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ၂၄ ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၇၄) ဦး ရှိပြီ ဖြစ်သည်။

Photo Credit – Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts