ရန်ကုန်မြို့တော်ခန်းမရှေ့ နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်မြို့တော်ခန်းမရှေ့ နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး
ရန်ကုန်၊ ဩဂုတ် ၁၂
ရန်ကုန်မြို့ခန်းမရှေ့တွင် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခွင့် မပြုဘဲ အာဏာ ပိုင်များပိတ်ပင်သော်လည်း အခမ်းအနားကို ကျင်းပလျက်ရှိပြီး ကရင့်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပသူ စသိန်းဇော်မင်း အပါအဝင် ဦးဆောင်သူတချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။
“စသိန်းဇော်မင်းနဲ့ အခြားသူတွေပါတယ်ပြောတယ်။ ၃ ဦးလားမသိဘူး။ ကျောက်တံတားရဲစခန်းမှာ” ဟု ဒေါ်နော်အုန်းလှက ပြောဆိုသည်။
“စောစကွာလာနဲ့ စသိန်းဇော်မင်း ၂ ဦးကို ရဲကားနဲ့ဖမ်းခေါ်လာတယ်။ အခု ရဲစခန်းထဲမှာ ရောက်နေတယ်။ ရဲဘက်က အမှုဖွင့်တာက အခြားသူတွေလည်း ပါတယ်ပြောတယ်။ အခု ရဲစခန်းအပြင်မှာ အားလုံးက စောင့်နေပါတယ်” ဟု ကရင်အာဇာည်နေ့ လာရောက်ဝန်းရံသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရဲတပ်ဖွဲ့က ယမန်နှစ် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ ကျင်းပစဉ်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသူ ဒေါ်စိန်ထွေးကိုလည်း ယနေ့ အခမ်းအနားကို လာရောက်စဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ