All News Local News Peace

ရခိုင်လူမျိုးချင်း AA က ALP အဖွဲ့ဝင်ကိုဖမ်းဆီးမှု လုံးဝမဖြစ်သင့်ဟုဆို

ရခိုင်လူမျိုးချင်း AA က ALP အဖွဲ့ဝင်ကိုဖမ်းဆီးမှု လုံးဝမဖြစ်သင့်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၄

ရက္ခိုင်တပ်တော် AA က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင် ၅ ဦးကို သြဂုတ်လ ၁၀ ရက်နေ့တွင် ဖမ်းဆီးမှုသည် ရခိုင်တိုင်းရင်းသားအချင်းချင်းဖြစ်၍ မဖြစ်သင့်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒုတိယဗိုလ်မှုးကြီး ခိုင်ကျော်လှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည် ။

“ဘာပြောမလဲဆိုတော့ ခင်ဗျားတို့လည်း ကြားမိမယ်ထင်ပါတယ် ။ RFA မှာခိုင်သုခနဲ့ RFA တို့အင်တာဗျူးဖြေတာ ကြားလိမ့်မယ် ။ RFA မှာတော့ သူတို့ငြင်းဆိုထားတာတွေ့တယ် ။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့အဖွဲ့ဝင်တွေ အတွင်းရေးမှူးတစ်ယောက်လည်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ဘက်ကလည်း ဒီ Statement က ထုတ်ပြန်ပြီးသားဖြစ်တယ် ။ နောက် ဆေးတပ်သားတွေဖြစ်တဲ့ ဆေးဝန်ထမ်းတွေပေါ့နော် ။ နောက်ပြီး ကျောက်တော် ဆက်ဆံရေးရုံးက ရုံးအဖွဲ့မှုးတစ်ယောက်ပါတယ် ။ ဒါကိုကျွန်တော်တို့ဘက်ကတော့ အခိုင်အမာ ဖြစ်တယ် ။ ဒါပေမဲ့ ခိုင်သုခ ဘက်က ငြင်းဆိုထားတာ ရှိတာပေါ့နော် ဒါတွေကတော့ လုံးဝမဖြစ်သင့်ဘူးလို့ မဖြစ်ထိုက်ဘူးလို့မြင်ပါတယ် ။ ကျွန်တော်တို့ဟာ ဘယ်လိုပဲ NCA မှာလက်မှတ်ပဲထိုးထားထိုးထား ကျွန်တော်တို့ဥက္ကဌက ဒီနေ့အထိကို အမျိုးသားရပိုင်ခွင့်ကို တိုက်ပွဲဝင်နေတာဖြစ်တယ် ။ ဒါကြောင့်ဒီနေ့ ရခိုင်ပြည်သူလူထူကပေါက်ဖွားလာတဲ့ တပ်မတော်တွေဖြစ်တယ် ၊ ပါတီတွေဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရခိုင်လူမျိုးအချင်းချင်း ရခိုင် သားသမီးတွေက မွေးဖွားတဲ့ လူမျိုးတွေဖြစ်တဲ့အတွက် ဒီလိုဖမ်းလားဆီးလားလုပ်တာတော့ မကောင်းဘူးလို့မြင်တယ်ဗျာ ။ ကျွန်တော်တို့တွေက ရန်သူတွေလည်း မဟုတ်သလို ရခိုင်အချင်းချင်းဖြစ်တဲ့အတွက် ဒါပေမဲ့ ဒီလို ကိစ္စမျိုးကတော့လုံးဝမဖြစ်သင့်ပါဘူး ” ဟု ဒုတိယဗိုလ်မှုးကြီး ခိုင်ကျော်လှိုင်ကပြောသည် ။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က RFA အင်တာဗျူး တွင် AA က ALP အဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးသည်ဆိုသော ထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့သည်။

“ဒါကတော့ လုံးဝလွဲနေတယ်ဗျ ။ လွဲနေတယ်ဆိုတာလုံးဝကို လွဲနေတာဖြစ်တယ် ။ရှင်းရှင်းပြောရရင် အခုပြောနေတဲ့ လူတွေဟာ တစ်ချက်က ပါတီရဲ့ အတွင်းရေးမှုးလည်းဖြစ်တယ် ။ နောက်ပါတီရဲ့သက်တမ်းဟာ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်အတွင်းရှိတယ် ။ ဒါတွေဟာ ကျွန်တော်တို့တပ်မှုးတွေဖြစ်တယ် ။ ကျွန်တော်တို့ အတွင်းရေးမှုးတွေဖြစ်တယ် ။ ဒါကတော့ ခိုင်သုခ က ဘယ်လိုပုံစံနဲ့ငြင်းတယ်ဆိုတာတော့ မသိဘူး ။ ဒါပေမဲ့ ကျွန်တော်တို့ လူတွေက အတွင်းရေးမှုးတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ အခိုင်အမာပြောနေတာဖြစ်တယ် ” ဟု ဒုတိယဗိုလ်မှုးကြီး ခိုင်ကျော်လှိုင်ကပြောသည် ။

ဖမ်းဆီးခံရသည့် ALP အဖွဲ့ဝင်များပြန်လည်လွတ်မြောက်ရန်အတွက် AA နှင့် တွေ့ဆုံဆွေးနွေးရန်မရှိဘဲ လက်ရှိတွင်လည်း ဖမ်းဆီးခံထားရသူများ၏ အခြေအနေကို မသိရှိရသေးဟု ၎င်းက ပြောဆိုသည်။

“လောလောဆယ်မှာတော့ ကျွန်တော်တို့က ဘယ်လိုပြောမလဲဗျ ။ ကျွန်တော် တို့ကတော့ လောလောဆယ် ဘာမှ မရှိသေးဘူး ။ မရှိသေးဘူးဆိုတာက ဘာကြော့င်လဲဆိုတော့ ကျွန်တော်တို့ဘက်က NCA ကိုလက်မှတ်ထိုးထားတဲ့ တရားဝင်အဖွဲ့အစည်း ငြိမ်းချမ်းရေးလမ်းကြောင်းမှာ တရားဝင်သွားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် သို့သော်ဘယ်လိုပြောမလဲဗျာ ။ ကိုယ့်လူတွေပါသွားတာကို ကျွန်တော်တို့ ကတွေ့ဆုံဆွေးနွေးမှုတွေကတော့ လုပ်တော့လုပ်သင့်တယ်လို့ မြင်တယ် ။ ဒါပေမဲ့လုပ်ထိုက်၏မလုပ်ထိုက်၏ဆိုတာတော့ ကျွန်တော် တစ်ယောက်တည်းပြောလို့မရဘူး ။ ကျွန်တော်တို့အထက်ပိုင်းခေါင်းဆောင်လည်းရှိတဲ့အတွက် ဗဟို ကော်မတီနဲ့ အစည်းအဝေးထိုင်ဖို့လိုတယ် ” ဟု ဒုတိယဗိုလ်မှုးကြီး ခိုင်ကျော်လှိုင်ကပြောသည် ။

ရန်ကုန်ခေတ်သစ်အနေဖြင့် AA အဖွဲ့ကို ဆက်သွယ်မေးမြန်းရန်မှာ ဥပဒေအရ အတားအဆီးများရှိနေသဖြင့် ဆက်သွယ်မေးမြန်းရန် မဖြစ်နိုင်ပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ၏တွဲဖက်အတွင်းရေးမှုး (၁) အပါအဝင် ရခိုင်လူထုကျန်းမာရေးလုပ်သား အဖွဲ့( RCHWA ) ၏ဆေးဝန်ထမ်းများကို ရက္ခိုင်တပ်တော် ( AA ) ကဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်၍ အချက်လေးချက်ပါ ထုတ်ပြန်ချက်ကို ALP က သြဂုတ်(၁၁) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဓာတ်ပုံ-ALP အဖွဲ့ဝင်များ။ Photo Credit – ALP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts