All News Health Local News

ရခိုင်တွင် ပြည်တွင်းကူးစက်ခံရ​သော ကိုဗစ်လူနာ ၁၀ ဦးထပ်မံ​တွေ့ရှိ ၊ ၅ ရက်အတွင်း ၁၉ ဦး ကူးစက်ခံရ

ရခိုင်တွင် ပြည်တွင်းကူးစက်ခံရ​သော ကိုဗစ်လူနာ ၁၀ ဦးထပ်မံ​တွေ့ရှိ ၊ ၅ ရက်အတွင်း ၁၉ ဦး ကူးစက်ခံရ

ရန်ကုန်၊ ဩဂုတ် ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့်မြောက်ဦးမြို့နယ်တွင် ပြည်တွင်းကူးစက်ခံရသော ကိုဗစ်လူနာ ၁၀ ဦးထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်း စိစစ်တွေ့ရှိရသော ပြည်တွင်းကူးစက်ခံရသော လူနာ ၁၀ ဦးလုံးသည် ကိုဗစ်လူနာနှင့်လည်း ထိတွေ့ခြင်းမရှိသကဲ့သို့ ခရီးသွားရာဇဝင်လည်းမရှိကြောင်း၊ သို့ရာတွင် ကိုဗစ်လူနာနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူများနှင့် ဆက်နွယ်သူများဖြစ်ကြောင်း ၊ စစ်တွေမြို့နယ်မှ ၉ ဦး ပါဝင်ပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးပါဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တွေမြို့နယ် ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်နေ့က ပြည်ပခရီးသွား ရာဇဝင်မရှိသော ဘဏ်ဝန်ထမ်း အမျိုးသမီး လူနာအမှတ် ၃၇၅ နှင့် သြဂုတ်လ ၁၈ရက်နေ့တွင်လည်း ပြည်ပခရီးသွားရာဇဝင်မရှိသော ဘဏ်ဝန်ထမ်း မိသားစုနှင့် NGO ဝန်ထမ်း အမျိုးသမီး ၃ဦးဖြစ်သည့် လူနာအမှတ် ၃၇၇၊ ၃၇၈၊ ၃၇၉ တို့တွင် ကိုဗစ် ၁၉ရောဂါ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ ၂၀ ရက်နေ့တွင်မူ ကိုဗစ်လူနာအမှတ် ၃၇၅ နှင့် ထိတွေ့သူ အမျိုးသား လူနာအမှတ်စဉ် ၃၉၅ နှင့် ပြည်တွင်းကူးစက်ခံရသူ အမျိုးသမီး လူနာအမှတ်စဥ် ၃၉၆ တွင် ကိုဗစ် စိစစ်တွေ့ရှိရကြောင်း ၊ ဩဂုတ်လ ၂၀ ရက်နေ့ ညပိုင်းတွင် ကိုဗစ်လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုဗစ်လူနာသစ် ၁၀ ဦး စုစုပေါင်း ၁၉ ဦးကို ၅ ရက်အတွင်း တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၀၉) ဦးရှိပြီ ဖြစ်ပြီး ၆ ဦးသေဆုံးခဲ့ပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts