All News Election Local News

မွန်ညီညွတ်ရေးပါတီက ပြည်ထောင်စုအဆင့် ၂၈ နှင့် ပြည်နယ်အဆင့် ၃၄ စုစုပေါင်း လွှတ်တော်အမတ်နေရာ ၆၂ နေရာ ရွေးကောက်ပွဲဝင်မည်

မွန်ညီညွတ်ရေးပါတီက ပြည်ထောင်စုအဆင့် ၂၈ နှင့် ပြည်နယ်အဆင့် ၃၄ စုစုပေါင်း လွှတ်တော်အမတ်နေရာ ၆၂ နေရာ ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ သြဂုတ် ၁

မွန်ညီညွတ်ရေးပါတီက လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ၂၈ နေရာ၊ ပြည်နယ်အဆင့် ၃၄ နေရာ စုစုပေါင်း အမတ်နေရာ ၆၂ နေရာ ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှုး ၂ နိုင်စံတင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် အမျိုးသားလွှတ်တော်နေရာ ၁၇ နေရာ၊ ပြည်သူ့လွှတ်တော် နေရာ ၁၁ နေရာ စုစုပေါင်း ၂၈ နေရာ တွင်လည်းကောင်း၊မွန်ပြည်နယ်လွှတ်တော်နေရာ ၃၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ပြည်ထောင်စုအဆင့်ကျတော့ အမျိုးသားလွှတ်တော် မှာ ၁၇ ဦး ပြည်သူ့လွှတ်တော် မှာ ၁၁ ဦး ဆိုတော့ ၂၈ ဦးပေါ့ ။ ပြည်နယ်လွှတ်တော်မှာကျတော့ ၃၂ ဦး ။တိုင်းရင်းသားရေးရာဝန်ကြီးကျေတာ့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ ဦး မွန်ပြည်နယ်မှာ ၊ ကရင်ပြည်နယ်မှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ၁ ဦး ပေါ့ ။ မွန်ညီညွှတ်ရေးပါတီ အနေနဲ့ ကိုယ်စားလှယ်ပေါင်း ၆၂ ဦး ဝင်ပြိုင်မှာပါ ” ဟု ၎င်းက ရှင်းပြသည်။

လွှတ်တော်အမတ်နေရာ ၆၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားချိန်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အမျိုးသား ၄၆ ဦး အရေအတွက် ပါဝင်ကြောင်း သိရှိရသည်။

“၆၂ ဦးထဲမှာ ကျွန်တော်တို့ အမျိုးသမီး ၁၆ ဦးပါမယ် ။ အမျိုးသား ၄၆ ဦးပါမယ် ။ မွန်ပြည်နယ်မှာတော့ ၃၅ ဦး ဝင်ပြိုင်မယ် ။ မွန်ပြည်နယ် ၃၅ဦးမှာ အမျိုးသမီးက ၈ ဦး ယောကျာ်းလေးက ၂၇ ဦး ။ ကရင်ပြည်နယ်မှာ ၁၂ ဦးဝင်ပြိုင်မယ် ။ အမျိုးသမီးက ၃ ဦး ယောကျာ်း ၉ ဦး ၊ နောက်ပြီးတော့ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးမှာ ၈ ဦးဝင်ပြိုင်မယ် ။ တနင်္သာရီတိုင်းဒေသကြီး မှာ ကျွန်တော်တို့ ဘုတ်ပြင်းမြို့နယ်မှာ ၂ ဦးရယ် ၊ အခုလောလောဆယ် ရေဖြူမြို့နယ်မှာ ၁ ဦး ၊ နောက်ပြီးတော့ မြိတ်မြို့နယ်မှာ ၃ ဦးဝင်ပြိုင်မယ် ။ အဲ့ဒီ ၈ ဦးမှာ အမျိုးသမီး ၃ ဦးပါမယ် ။ နောက်ပြီးတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးပေါ့နော် ။ ရန်ကုန်တိုင်းဒေသကြီးကတော့ သူတို့တိုင်းဒေသကြီးမှာ ကျွန်တော်တို့ ၆နေရာ ပြိုင်မယ် ။ အမျိုးသားလွှတ်တော်မှာ ၁ နေရာ ပြိုင်မယ် ။ နောက်တိုင်းဒေသကြီး တိုင်း (၁ ) မှာကြီးပဲကျွန်တော်တို့ ၆ ဦးပေါ့ဗျာ ။ ဘယ်မြို့နယ်လဲဆိုတော့ ဒေါပုံမြို့နယ်ရယ် ၊ တောင်ဥက္ကလာရယ် ၊ ရွှေပြည်သာရယ် ၊ ထန်းတပင်ရယ် ၊ သာကေတရယ် ၊ စမ်းချောင်းရယ် တိုင်းဒေသကြီးမှာ ဝင်ပြိုင်မယ် ။ အမျိုးသားလွှတ်တော်က အမှတ် ဘယ်လောက်လဲ မသိဘူးပေါ့နော် ။ ရွှေပြည်သာ ၊ မှောဘီ ၊ ထန်းတပင် ပါတဲ့ အမျိုးသားလွှတ်တော်” ဟု ၎င်းက ရှင်းပြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts