All News Health interview

“ဘယ်နှစ်ရက်ပိတ်မလဲဆိုတာတော့ မပါသေးဘူး။ လောလော ဆယ်တော့ အခြေခံပညာဦးစီးဌာနက ကျွန်တော်တို့ကို ရုံးတွင်းအကြောင်း ကြားတာပေါ့။ အဲဒီတော့ စာကတော့ထွက်မလာသေးဘူး။ ထွက်လာလိမ့်မယ်”

“ဘယ်နှစ်ရက်ပိတ်မလဲဆိုတာတော့ မပါသေးဘူး။ လောလော ဆယ်တော့ အခြေခံပညာဦးစီးဌာနက ကျွန်တော်တို့ကို ရုံးတွင်းအကြောင်း ကြားတာပေါ့။ အဲဒီတော့ စာကတော့ထွက်မလာသေးဘူး။ ထွက်လာလိမ့်မယ်”

ရန်ကုန်တိုင်းအစိုးရလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၄၀၈ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်း မနက်ဖြန်မှ စတင်၍ ယာယီပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ၏ လူမှုကွန်ရက်မှ သတင်းထုတ်ပြန်ရာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဦးနိုင်ငံလင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လူမှုကွန်ရက်မှာ အခြေခံပညာကျောင်းတွေ ယာယီပိတ်မယ်လို့သတင်းထုတ်ပြန်ထားတွေ့လို့ပါ။ အဲဒါလေး သိချင်လို့ပါ။

ဖြေ။ ။ ဟုတ်တယ်ဗျ ယာယီပိတ်မှာလေ။

မေး။ ။ ဘယ်နှစ်ရက်ပိတ်မလဲခင်ဗျာ။

ဖြေ။ ။ ဘယ်နှစ်ရက်ပိတ်မလဲဆိုတာတော့ မပါသေးဘူး။ လောလော ဆယ်တော့ အခြေခံပညာဦးစီးဌာနက ကျွန်တော်တို့ကို ရုံးတွင်းအကြောင်း ကြားတာပေါ့။ အဲဒီတော့ စာကတော့ထွက်မလာသေးဘူး။ ထွက်လာလိမ့်မယ်။

မေး။ ။ ရန်ကုန်ကျောင်းသားတွေထဲမှာ ရောဂါ တွေ့တာရှိပြီလား။

ဖြေ။ ။ ကျောင်းသားတွေ မတွေ့ပါဘူးဗျ။ ကျနော်တို့ကျောင်းတွေမှာတော့ ဘာမှ မတွေ့သေးဘူး။

မေး။ ။ ရန်ကုန်မှာ ကိုဗစ်လူနာ ဘယ်နှစ်ဦးထပ်တွေ့ပါသလဲ။ တောင်ဥက္ကလာက သင်္ဘောသားတစ်ဦးကတော့ ရောဂါ တွေ့တယ်လို့ သိထားပါတယ်။

ဖြေ။ ။ အဲဒါတော့ ကျနော်လည်း အသေးစိတ်တော့မသိသေးဘူး။ လေ့လာတုန်းပဲ။

Photo Credit – ဦးနိုင်ငံလင်း Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts