All News Local News

နိုင်ငံပိုင် စီးပွားရေးအဖွဲ့များ၏ ကိုယ်ပိုင် ရန်ပုံငွေစာရင်း Other Accounts ၅၀၅ ခုရှိပြီး ငွေကြေးကျပ် ၁၁၆၂၇ ဒသမ ၉၂ ဘီလီယံရှိ

နိုင်ငံပိုင် စီးပွားရေးအဖွဲ့များ၏ ကိုယ်ပိုင်ရန်ပုံငွေစာရင်း Other Accounts ၅၀၅ ခုရှိပြီး ငွေကြေးကျပ် ၁၁၆၂၇ ဒသမ ၉၂ ဘီလီယံရှိ

ရန်ကုန်၊ ဩဂုတ် ၁၉

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင်ရန်ပုံငွေစာရင်း Other Accounts ၅၀၅ ခုရှိပြီး ငွေကျပ်အားဖြင့် ၁၁၆၂၇ ဒသမ ၉၂ ဘီလီယံ ရှိကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုးကား၍ Citizen action for Transparency က သုံးသပ်အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။

သြဂုတ်လ ၁၈ ရက်နေ့ ထုတ်ပြန်သော Citizen action for Transparency ၏ သုံးသပ်ချက် အစီရင်ခံစာတွင် ဝန်ကြီးဌာန ၆ ခုနှင့် နိုင်ငံပိုင်းစီးပွားရေးလုပ်ငန်း ၂၅ ခု၏ Other Accounts ၅၀၅ ခုရှိပြီး ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ကိုယ်ပိုင်ရန်ပုံငွေစာရင်း လက်ကျန် ကျပ် ၁၁၆၂၇ ဒသမ ၉၂ ဘီလီယံရှိကြောင်း ဖော်ပြထားသည်။

လက်ကျန်ငွေ အများဆုံး လုပ်ငန်း ၇ ခုနှင့် ပိတ်သိမ်းလိုက်သော လုပ်ငန်း ၃ ခုရှိကြောင်း၊ ကုန်ကြမ်းဝယ်/လုပ်ငန်းစရိတ်/ အခွန်အခများကို Other Account အတွင်းမှ ကုန်ကျခံပြီး ကျန်သာမန်စရိတ်အားလုံး၊ ငွေလုံးငွေရင်း စရိတ်နှင့် ကြွေးမြီစရိတ်များကို နိုင်ငံတော်ပိုင် အစိုးရအဖွဲ့အစည်း ဘဏ်စာရင်းမှ ကျခံကြောင်း ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ Other Account လက်ကျန်အားလုံးကို နိုင်ငံတော်ပိုင် အစိုးရအဖွဲ့အစည်း ဘဏ်စာရင်းသို့ ရွှေ့ပြောင်းရမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ လက်ကျန်မသိရသေးသော်လည်း အများစုသုံးစွဲပြီးဖြစ်ကြောင်း၊ Other Account သုံးစွဲခဲ့မှုများသည် သတ်မှတ်ချက်နှင့် ညီ၊ မညီစစ်ဆေးပြီး လိုအပ်သလို အရေးယူဆောင်ရွက်ရန် အရေးကြီးကြောင်း Citizen action for Transparency ၏ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts