All News Election Local News

ဒေါ်ခင်ဝိုင်းကြည်၊ မိုက်ကယ်ကျော်မြင့် အပါအဝင် အမျိုးသားရေး လှုပ်ရှားသူများ ရွေးကောက်ပွဲဝင်မည်

ဒေါ်ခင်ဝိုင်းကြည်၊ မိုက်ကယ်ကျော်မြင့် အပါအဝင် အမျိုးသားရေး လှုပ်ရှားသူများ ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ ဩဂုတ် ၁၉

ဒေါ်ခင်ဝိုင်းကြည်၊ မိုက်ကယ်ကျော်မြင့် အပါအဝင် အမျိုးသားရေးဝါဒီနှင့် အမျိုးသားရေးလှုပ်ရှားသူများ ၂၀ ထက်မနည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်အရ ဒေါ်ခင်ဝိုင်းကြည်သည် ကြံ့ခိုင်ရေးပါတီ၏ ဒေါပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားရေးလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်သည် အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ၎င်းပါတီမှ အမျိုးသားရေး လှုပ်ရှားသူ ၂၅ ဦး ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“၂၅ နေရာပါ။ ပြည်ထောင်စု အဆင့်က ၁၁ယောက်ရှိပါတယ်။ ကျန်တာတွေက တိုင်းဒေသကြီးပါ။ ကျွန်တော်တို့ ပါတီက အမျိုးသားရေးအခြေခံပြီး သွားတဲ့ပါတီပါ။ ဒါကြောင့် အမျိုးသားရေး အခြေခံစိတ်အားကောင်းတဲ့သူတွေကိုပဲ အဓိက ရွေးသွားတာဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့က ပြောရရင်တော့ လက်ရှိ ဒီမိုကရေစီရေး။ လူ့အခွင့်အရေးဆိုတာထက် ကျွန်တော်တို့က အမျိုးသားရေးနဲ့ စားဝတ်နေရေးကို ဦးစားပေးပါတယ်။ လက်ရှိကျွန်တော်တို့ပါတီရဲ့ မူက အဲတာကြောင့် အမျိုးသားရေးသမားတွေကိုပဲ ကျွန်တော်တို့ ဦးစားပေးပြီး ရွေးချယ်သွားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ဓာတ်ပုံ- ယခင်နှစ်များက ကျင်းပပြုလုပ်ခဲ့သော အမျိုးသားလှုပ်ရှားသူများ၏ ဆန္ဒပြပွဲ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts