Local News Web TV

ဒဂုံမြို့သစ်(တောင်ပိုင်း) လ၀ကရုံးတွင် မှတ်ပုံတင်တစ်ခုအတွက်ငွေကျပ် ၃၅၀၀၀ တောင်းဟုဆို၊ မြို့နယ်ဦးစီးမှူးက ခွင့်ပြုချက်ရှိမှ အင်တာ ဗျူးဖြေပေးမည်ဟုဆို(ရုပ်/သံ)

ဒဂုံမြို့သစ်(တောင်ပိုင်း) လ၀ကရုံးတွင် မှတ်ပုံတင်တစ်ခုအတွက်ငွေကျပ် ၃၅၀၀၀ တောင်းဟုဆို၊ မြို့နယ်ဦးစီးမှူးက ခွင့်ပြုချက်ရှိမှ အင်တာ ဗျူးဖြေပေးမည်ဟုဆို(ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ရုံးတွင် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်တစ်ခုအတွက် ငွေကျပ် ၃၅၀၀၀ တောင်းယူခြင်း၊ မှတ်ပုံတင်လာရောက်သူများကို မြို့နယ်တာဝန်ရှိသူများကွင်းဆင်းနေသည်ဟုဆိုကာ မှတ်ပုံတင်လာရောက်သူများကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း မှတ်ပုံတင်သွားရောက်လုပ်ကိုင်သူ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုကြသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသောအခါ

“ပြင်ပမှ တစ်ဆင့်ခံ ပိုက်ဆံ အပေးအယူ ကိစ္စများအတွက် ကျနော် ဘာမှ မပြောလိုကြောင်း၊ ကျနော်ကတော့ လာသမျှ အကုန်လုပ်ပေးလိုက်တာပဲ။ မှတ်ပုံတင်/သန်းခေါင်စာရင်း ကိစ္စပြုလုပ်ပေးရတာ ဘာမှတော့ အခက်အခဲ မရှိပါဘူး။ အချက် အလက် အစုံအလင်နဲ့လုပ်လို့ရတာ/လုပ်ပေးလို့ရတာ မှန်သမျှ အကုန်ပေးတာပဲ။ အင်တာဗျူးဖြေဆိုဖို့ နေဦး ကျနော် အထက်ကို ခွင့်တောင်းရဦးမှာ။ မေးခွန် ချရေးပေးခဲ့ပါလား။ ကျနော် နေပြည်တော်တင်ရမှာမို့ ဟိုဘက်က ဖြေဖို့ ခါင့်ပြုတယ်ဆိုရင် ကျနော် ပြန်ဆက်သွယ်လိုက်ပါ့မယ်နော်” ဟု ဦးမျိုးမြင့်က ဩဂုတ်လ ၁၉ ရက်နေ့က ဖြေဆိုသည်။

ထိုသို့ ဖြေဆိုစဉ် ဦးစီးမှူး ဦးမျိုးမြင့်က အသံဖမ်းထားခြင်း မပြုရန် ပြောဆိုခဲ့ပြီး မှတ်တမ်းရုပ်သံရိုက်ကူးမည်ဆိုပါက အထက် ခွင့်ပြုချက် ရှိမှသာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း၊ မေးခွန်းများ ပေးထားပြီး အထက်ခွင့်ပြုချက်ရရှိလျှင် ပြန်လည် ဆက်သွယ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့ အထိကြာသည်အထိ လ၀ကဦးစီးမှူးဦးမျိုးမြင့်က တစ်စုံတစ်ရာ ဆက်သွယ်လာခြင်းမရှိသကဲ့သို့ ဩဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖုန်း ၈ ကြိမ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ဒဂုံမြို့သစ်(တောင်ပိုင်း) လ၀ကရုံးတွင် မှတ်ပုံတင်တစ်ခုအတွက်ငွေကျပ် ၃၅၀၀၀ တောင်းဟုဆို၊ မြို့နယ်ဦးစီးမှူးက…

Posted by Khit Thit Media on Monday, 24 August 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts