All News Local News

တစ်နိုင်ငံလုံး စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၂၆၉ ခုတောင်းဆို

တစ်နိုင်ငံလုံး စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၂၆၉ ခုတောင်းဆို

ရန်ကုန်၊ ဩဂုတ် ၂၀

တစ်နိုင်ငံလုံး စစ်ပွဲများ ရပ်တန့်ပေးရန်၊ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ချက်ချင်းရပ်တန့်ပေးရန် တစ်နိုင်ငံလုံးရှိ အရပ်ဘက်အဖွဲ့အစည်း ၂၆၉ ခုက ဩဂုတ်လ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဩဂုတ်လ ၁၉ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့လူသားချင်း စာနာထောက် ထားရေးနေ့ဆိုင်ရာ သဘောထားထုတ်ပြန်ချက်အဖြစ် အရပ်ဘက်အဖွဲ့အစည်းများက အထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုချက် ၆ ချက် တောင်းဆိုထားပြီး တစ်နိုင်ငံလုံးစစ်ပွဲများ ရပ်တန့်ပေးရန် – ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအားလုံးနှင့် လူ့အခွင့်အရေး ချိုးဖော်မှုများအား ချက်ချင်း ရပ်တန့်ပေးရန်၊ ကိုဗစ်-၁၉ သည် မြန်မာနိုင်ငံအတွင်း ကွဲပြားသော တိုင်းရင်း သား လူမျိုးများအကြား အပြန်အလှန်လေးစားမှုနှင့် တရားမျှတမှုပေါ် အခြေခံသော ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြန်လည် လုပ်ဆောင်နိုင်ရန် အခွင့်အရေးတစ်ရပ် ဖြစ်ရန် တောင်းဆိုထားသည်။

အလားတူ စစ်ဘေးရှောင် ပြည်သူများနှင့် ဒုက္ခသည်များ၊ မိမိ၏နေရပ်ပြန်ခြင်းဆိုင်ရာ အခွင့်အရေးအား ကာကွယ်ပေးရန် – စစ် ရှောင် ပြည်သူများနှင့် ဒုက္ခသည်များမိမိနေရပ်ပြန်ခြင်း (သို့) ပြန်လည် နေရာချထားခြင်း ဆိုင်ရာ အခွင့်အရေးများ ကို လေးစားလိုက်နာပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေနှင့် Durable Solution စံချိန်စံညွှန်းများနှင့် ကိုက်ညီသော နေရပ်ပြန်ရေး၊ ပြန်လည် နေရာချထားရေး လုပ်ငန်းများကိုသာအကောင်အထည် ဖော်ရန်၊ နေရပ်စွန့်ခွာ စစ်ဘေး တိမ် းရှောင် ခဲ့ရသည့် ပြည်သူများ၏ နေရင်းရပ်ရွာရှိ အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုဆိုင်ရာရပိုင်ခွင့်များကို ပြန်လည်ရရှိနိုင်အောင် သေချာစွာ ဆောင်ရွက်ပေးရန်တို့ကိုလည်း တောင်းဆိုထားသည်။

ထို့ပြင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လက် လှမ်းမီ ရရှိအောင် ဆောင်ရွက်ပေးရန် – မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက် ရှိသည့် နိုင်ငံသားများ အထူး သဖြင့် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများနှင့် နေရပ်ပြန်သူများ ၏နိုင်ငံသားအခွင့်အရေးများကို အပြည့်အဝ တာဝန်ယူ တာဝန်ခံပေးရန် ၊ယင်းတို့အပါအဝင် လတ်တလော ပဋိပက္ခဒဏ်သင့် ပြည်သူများ၊အထူးသဖြင့် ရခိုင် နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူများနှင့် ကိုဗစ်-၁၉ တုံ့ပြန် ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတကာ လူသား ချင်း စာနာထောက်ထားရေး ဥပဒေအရ အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးကူညီနိုင်ရန် လုပ်ဆောင်ပေးရန်တို့ကိုလည်းတောင်းဆိုထားသည်။

အရေးပေါ် ထောက်ပံ့မှု ပေးနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို တားဆီး ပိတ်ပင်ခြင်းများကိုလည်း ဖယ်ရှားပေးရန်၊ သက်ဆိုင်သူအားလုံးအနေဖြင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ် သော အဖွဲ့အစည်းများအား ပဋိပက္ခဘေးဒဏ် သက်ရောက်ရာ ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပေးအပ်နိုင်ရန် ခွင့်ပြုပေးရန်၊ စစ်ဘေးရှောင်များနှင့် စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာ တွင် ဗဟိုအစိုးရမှ တစ်ဆင့် ပေးအပ်ခြင်းထက် အဆိုပါ ဒေသများအတွက် ဆောင်ရွက်လျက် ရှိသည့် ရှိနှင့်ပြီးသော လူထု အခြေပြု အဖွဲ့အစည်းများမှ တစ်ဆင့် နယ်စပ်ဖြတ်ကျော် အစီအစဉ်ဖြင့် ပေးအပ်ရန်လိုအပ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်လွယ်ဆုံးသော အုပ်စုများအား ကျန်းမာရေးနှင့် အခြားလိုအပ်သော ဝန်ဆောင်မှုများ ရပိုင် ခွင့် သေချာစေရမည် ဖြစ်ပြီး လူမှုကာကွယ်ရေးနှင့် သန့်စင်သောရေ/ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းများ/ ငွေသား ထောက်ပံ့မှုများ/ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများနှင့်အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ အစရှိသည့် ဝန်ဆောင်မှုများကို ဆက်လက် ပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွား ရေး ထိခိုက်သက်သာ ရေး စီမံချက် (Myamar: COVID-19 Economic Relief Plan) နှင့် ကိုဗစ်-၁၉ ဆိုင်ရာ အရေးပေါ် တုံ့ပြန်ချက် များသည် မြန်မာနိုင်ငံသို့ ပြန်လာသော ရွှေ့ပြောင်းလုပ်သားများ၊ စက်ရုံလုပ်သားများ၊ အသေးစား လယ်သမားများ၊ မြို့ပြဆင်းရဲသားများ၊ မသန်စွမ်းများ၊ အမျိုးသမီးများ၊စစ်ဘေးရှောင်နှင့် ဒုက္ခသည်များ ကဲ့သို့သော ထိခိုက်လွယ်ဆုံး သော လူအုပ်စုများအတွက် ဦးစားပေး ဆောင်ရွက်သော အစီအစဉ် ဖြစ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၆၉ ဖွဲ့က တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts