All News Health Local News

စစ်တွေတွင် ပြည်တွင်းကူးစက်ခံရသော ကိုဗစ်လူနာ ၃ ဦး ထပ်မံတွေ့ရှိ၊ မည်သို့ ကူးစက်ပုံ မသိရှိရသေး

စစ်တွေတွင် ပြည်တွင်းကူးစက်ခံရသော ကိုဗစ်လူနာ ၃ ဦး ထပ်မံတွေ့ရှိ၊ မည်သို့ ကူးစက်ပုံ မသိရှိရသေး


ရန်ကုန်၊ ဩဂုတ် ၁၉


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကိုဗစ်လူနာနှင့်လည်း ထိတွေ့ခြင်းမရှိ၊ ပြည်ပ ခရီးသွားလာခြင်းမရှိဘဲ ပြည်တွင်း ကူးစက်ခံရသူ ကိုဗစ်လူနာ ၃ ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်သည်။

အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ်စိစစ်တွေ့ရှိရခြင်းဖြစ်ပြီး လူနာအမှတ်စဉ် ၃၇၉ ဦးရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

စစ်တွေမြို့နယ်တွင် CB ဘဏ်မှ ဘဏ်ဝန်ထမ်းတစ်ဦး အမျိုးသမီး တစ်ဦး ကိုဗစ် ရောဂါ ပြည်တွင်းတွင်ပင် ကူးစက်ခံရပြီးနောက် ထပ်မံ၍ ပြည်တွင်းကူးစက်ခံရသော လူနာ ၃ ဦး ထပ်မံ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts