All News Local News Peace

ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်တွင် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှု၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များအတွက် အလေးထားဖိအားပေးရန် HRW တောင်းဆို

ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်တွင် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှု၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များအတွက် အလေးထားဖိအားပေးရန် HRW တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၂၁

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi သည် မြန်မာနိုင်ငံသို့ ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ အထိ လာရောက်မည်ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း မြန်မာအစိုးရကို ရိုဟင်ဂျာများအပေါ် ဖိနှိပ်နေမှု၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး အလေးဖိအားပေးရန် နိုင်ငံကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဩဂုတ်လ ၂၀ ရက်နေ့ထုတ်ပြန်သော HRW ၏ တောင်းဆိုချက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် စိုးရိမ်ချက်များကို အင်တိုက်အားတိုက်ဖော်ထုတ်ဆွေးနွေးရန် အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်လူနည်းစုအပေါ် စနစ်တကျ ညှင်းပန်းနှိပ်စက်မှုများနှင့် အကြမ်းဖက်မှုများ ရှိနေခြင်း၊ နိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ပေါ်မှုများအပေါ် ဖိနှိပ်ရန် အသုံးပြုနေသည့် ဥပဒေများနှင့် ပြဌာန်းချက် များနှင့်ပတ်သက်၍ မြန်မာအစိုးရကို ဖိအားပေးရန် တောင်းဆိုတိုက်တွန်းထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံသို့ HRW ကပေးပို့သော တောင်းဆိုစာတွင် မြန်မာနှင့်ပတ်သက်၍ အချက် ၁၁ ချက်တောင်းဆိုထားပြီး ရိုဟင်ဂျာနှင့်ကမန် မွတ်စလင်များ၏ အခွင့်အရေးကို အလေးထားရန်၊ နေရပ်သို့ လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာခွင့်ပြုရန် ၊ ၎င်းတို့ နေထိုင်လိုသော နေရာများတွင် နေခွင့်ပြုရန်နှင့် ၎င်းတို့၏ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ရန်၊ ရိုဟင်ဂျာများအပေါ် ထိန်းချုပ်ကန့်သတ်ထားမှုများအားလုံး ပယ်ဖျက်ရန်၊ နိုင်ငံသားများကို ဖိနှိပ်နေသော ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၅၀၅ (ခ) ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ၊ ငြိမ်းစုစီဥပဒေ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ တို့ကို ပြင်ဆင်ဖျက်သိမ်းခြင်းများ လုပ်ဆောင်ရန်၊ ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ပိတ်ပင်မှုများ ဖယ်ရှားရန် တို့ကို မြန်မာအစိုးရထံ တောင်းဆို ဖိအားပေးရန် HRW က တိုက်တွန်းထားသည်။

ဂျပန်အစိုးရအနေဖြင့် စိုးရိမ်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သတ်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ ဂျပန်ယန်း သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၉၅၀,၀၀၀) လှူဒါန်းရန် စီစဉ်ထားခြင်းကို ချက်ချင်း ဖျက်သိမ်းသင့်ကြောင်း တောင်းဆိုထားသည်။

ဓာတ်ပုံ -ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ၊ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi နှင့် တွေ့ဆုံစဉ်။

Photo Credit – ဗိုလ်ချုပ်မှူးကြီးwebsite

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts