All News Local News Peace

NLD အစိုးရတက်လာချိန် နိုင်ငံရေး အတိုက်အခိုက်များပြီး မတည်ငြိမ်၊ မရင့်ကျက်မှုများရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

NLD အစိုးရတက်လာချိန် နိုင်ငံရေး အတိုက်အခိုက်များပြီး မတည်ငြိမ်၊ မရင့်ကျက်မှုများရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

ရန်ကုန်၊ ဇူလိုင် ၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတက်လာချိန်တွင် နိုင်ငံရေးအရ အတိုက်အခိုက်များပြီး မတည်ငြိမ် မရင့်ကျက်မှုများရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ရုရှားနိုင်ငံ တွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလ အတွင်း Arguments and Facts သတင်းဌာနနှင့် ZVEZDA သတင်းဌာန တို့နှင့်တွေ့ဆုံပြီး မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားခုနကပြောတဲ့ ထဲမှာ နိုင်ငံရေးတည်ငြိမ်မှုဆိုတာပါတယ်။ နောက်ပြီး ကျွန်တော်တို့ စောစောက ပြောခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခရှိတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက် လက်နက်ကိုင် ပဋိပက္ခ တွေပေါ် လာသလိုပဲ အဲ့ဒီလက်နက် ကိုင်ပဋိပက္ခတွေက အခုထိ မချုပ်ငြိမ်းသေးဘူး။ အဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ရတဲ့ အပိုင်းတွေရှိ တယ်။ ဆိုလိုတာ ကတော့ သူကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် ဆန့်ကျင် ရေး အရ လုံခြုံရေးအရ တည်ငြိမ်မှုမရှိဘူး လို့ပြော လို့ရတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

နိုင်ငံရေး တည်ငြိမ်မှုအနေဖြင့် ပထမ ကြံ့ခိုင်ရေးအစိုးရတက်လာပြီး ဒုတိယအနေဖြင့် NLD အစိုးရ တက်လာကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှု၊ မရင့်ကျက်မှုများရှိနေပြီး အတိုက်အခိုက်များလာကြောင်း၊ တပ်မတော်က လုပ်ပေးနေရကြောင်း၊ တည်ငြိမ်မှုရှိမည်ဆိုပါက တပ်မတော်အနေဖြင့် သူ့လမ်းကြောင်း သူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒုတိယနိုင်ငံရေးရဲ့ တည်ငြိမ်မှု ၂ဝ၁၁ခုနှစ်ပါတီစုံ ကူးပြောင်းသွားတဲ့ အချိန်မှာ ပထမပြည်သူ့လွှတ်တော်မှာ တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဦး ဆောင်တဲ့ အစိုးရ တက်လာတယ်။ဒုတိယရွေးကောက်ပွဲမှာကျတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာတယ်။ သွားတာက တော့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတာပဲ။ ဒါပေမဲ့ အကောင်အထည်ဖော်မှုပုံစံချင်း နည်းနည်းတော့ ကွဲပြားခြားနားတာရှိတယ်။ ဒီလိုပဲ တခြားနိုင်ငံရေးပါတီတွေလည်း ကွဲပြားမှုတွေနဲ့ ကျွန်တော်တို့သွားတာ တွေရှိမှာပဲ။ ဒီလိုပဲ သွားရတဲ့အချိန်မှာ နိုင်ငံရေးအရအတိုက်အခိုက်များလာတော့ ကျွန်တော်တို့မငြိမ်ဘူး။ နိုင်ငံရေးကမငြိမ် ဘူး။ နောက်တစ်ခါနိုင်ငံရေးက မရင့်ကျက် ဘူးပေါ့။ အဲ့ဒီတော့ ဒီနှစ်ခုမရှိသမျှကာလ ပတ်လုံး နိုင်ငံရေးက တည်ငြိမ်မှုရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေ နဲ့ကတော့ တပ်မတော်က ဒါကို လုပ်ပေး နေတာဖြစ်တယ်။တကယ်လို့သာတည်ငြိမ် မှုတွေရှိသွားပြီ ဆိုရင်တော့ တပ်မတော်က သူ့ရဲ့လမ်းကြောင်း အတိုင်းပဲ သွားဖို့ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts