All News Local News

COVID-19 ကြောင့် ပုဂံဘုရားများ ဖူးခွင့်ပိတ်ပင်

COVID-19 ကြောင့် ပုဂံဘုရားများ ဖူးခွင့်ပိတ်ပင်

ရန်ကုန်၊ ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ်တွင် COVID-19 ကပ်ရောဂါကြောင့် ပုဂံဘုရားများကို ဇူလိုင် ၂၉ ရက်နေ့ကစပြီး ဖူးမျှော်ခွင့်ပိတ်ပင်လိုက်ကြောင်း သိရှိရသည် ။

မန္တလေးတိုင်း ဒေသကြီးအစိုးရက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညွှန်ကြားချက်ထုတ်ပြန်၍ Covid – 19 ကြောင့် ဘုရားဖူးခွင့် ပိတ်ရခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ညောင်ဦးမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်ကပြောသည်။

“ ကျွန်တော်လည်း ဒီနေ့မှကြားလို့ ထွေအုပ်ကိုလှမ်းမေးကြည့်လိုက်တာ ။ ထွေအုပ်က တိုင်းဒေသကြီးအစိုးရကနေပြီးတော့ လှမ်းညွှန်ကြားလို့တဲ့ ။ အဲ့ဒါနဲ့ ပြန်ပိတ်လိုက်ရတာ ။ အခုဟာက Covid -19 အနေအထားနဲ့ပေါ့နော် ။ အဲ့ဒါဒီမှာ ပြီးခဲ့တဲ့ တစ်ပတ်က ဒီမှာ ဘုရားဖူး တွေက ပုဂံမှာ တော်တော်စည်သွားတာကိုး ။ စည်သွားတော့ လူစုလူဝေးတွေ ထူထပ်သွားတာပေါ့ ရွှေတိဂုံတို့ ၊မဟာမြတ်မုနိတို့တောင် မဖွင့်သေးဘူးဆိုတော့လေ ပုဂံမှာ တစ်နေရာတည်းလာစုပြီးတော့ ပြီးခဲ့တဲ့ ရုံးပိတ်ရက် ၃ ရက်က တော်တော်လေး စည်သွားတာကိုး ။ အဲ့ဒါလိုင်းတွေပေါ်မြင်ပြီး အခုက ဘာဖြစ်လို့လဲဆိုတော့ Covid – 19 ကိစ္စက တစ်ကမ္ဘာလုံးဖြစ်နေတဲ့ကိစ္စဆိုတော့ကမ္ဘာနဲ့ယှဉ်ြ့ပီးတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရန် ရှောင်ရန်တွေလုပ်ထားတာကိုး ။ အဲ့ဒါကြောင့်ပြန်ပိတ်တယ်ထင်တာပဲ” ဟု ဦးဝင်းမြင့်ခိုင်ကပြောသည်။

ပုဂံဘုရားများကို ရက်အကန့်အသတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟုသိရပြီး ဖွင့်မည့်ရက်ကို ကြေညာချက်ထုတ်ပြန်ပေးမှ သိရှိရမည်ဖြစ်ကြောင်း ဦးဝင်းမြင့်ခိုင်ကပြောသည် ။

“ ပြန်ဖွင့်မယ်ဆိုတာလည်း ရက်အကန့်အသတ်မပါဘူး ။ ပြန်ဖွင့်မယ်ဆိုတဲ့ ညွှန်ကြားချက် မထုတ်မချင်းပေါ့ ” ဟု ဦးဝင်းမြင့်ခိုင်ကပြောသည်။

Covid – 19 ကာလအတွင်း နိုင်ငံအတွင်းရှိ စေတီပုထိုးများကို ဘုရားဖူးခွင့်ပိတ်ပင်ထားပြီး ယခုလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများကို စိစစ်၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးမျှော်ခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည် ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts