All News Election interview

“ရခိုင်ပြည်သူလူထု အကျိုး ၊ နိုင်ငံအကျိုးကို သယ်ပိုးမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မနဲ့ အတူတူ ရပ်တည်ပေးဖို့ ၊ ကျွန်မကို အားပေးဖို့ “

“ရခိုင်ပြည်သူလူထု အကျိုး ၊ နိုင်ငံအကျိုးကို သယ်ပိုးမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မနဲ့ အတူတူ ရပ်တည်ပေးဖို့ ၊ ကျွန်မကို အားပေးဖို့ “

ရန်ကုန်တိုင်းအစိုးရ ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ယှဉ်ပြိုင်မည့် ဒေါ်ထုမေနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

မေး – တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံမယ့် အကြောင်းပြောပြပေးပါ။

ဖြေ – တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ အကြောင်းရင်းကတော့ ပါတီတွင်းယှဉ်ပြိုင်ဖို့ အခြေအနေမပေးလို့ပေါ့နော် ။ ကျွန်မရဲ့မိခင်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေမပေးတဲ့အတွက်ကြောင့်မို့လို့ ဒါတစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ် ။

မေး – မိခင်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေမပေးတော့ မဲဆွယ်စည်းရုံး တဲ့အခါမှာ ဘယ်လိုမျိုးလှုပ်ရှားသွားမလဲ ။

ဖြေ – အဓိကကတော့ ကျွန်မကိုအားပေးထောက်ခံတဲ့ ပြည်သူတွေလည်း အများကြီး ရှိပါတယ် ။ ကျွန်မရဲ့ မိခင်ပါတီကလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကလည်း ကျွန်မကို အများကြီးပံ့ပိုးမှာဖြစ်ပါတယ် ။ အဲ့လိုဆိုတော့ ကျွန်မအနေနဲ့တော့ ဒီရွေးကောက်ပွဲကာလမှာတော့ တစ်သီးပုဂ္ဂလ ဖြစ်သွားတဲ့ အတွက်ကြောင့်မို့ လို့ အတိုင်းအတာတစ်ခုအထိ အခက်အခဲရှိနိုင်တယ် ။ ဒါပေမဲ့ ကျွန်မမိခင်ပါတီကနေပြီးတော့ အတိုင်းအတာအထိ ကူညီမယ်လို့ မျှော်မှန်းတယ် ။ နောက်တစ်ချက်ကနေပြီးတော့ ဒီ လူငယ်တွေကို ကျွန်မအနေနဲ့ အများကြီးစည်းရုံးရေးလုပ်ပြီးတော့မှ ကျွန်မအတွက် ကူညီဖို့ ရွေးကောက်ပွဲအတွက် ဖြတ်သန်းဖို့ လူငယ်တွေကို အများကြီး အကူအညီတောင်းရမှာ ဖြစ်ပါတယ်ရှင့် ။

မေး – အခုဝင်ပြိုင်မယ့်နေရာမှာ မိခင်ပါတီက အဲ့နေရာကိုကိုယ်စားလှယ်လောင်း ထည့်မယ်ဆိုတာရော ကြားလားဗျ ။

ဖြေ – လောလောဆယ်တော့ ကျွန်မမသိသေးပါဘူးရှင့် အဲ့ကိစ္စကိုလေ ။

မေး – တကယ်လို့ ဒီလိုကိုယ်စားလှယ်လောင်း ထည့်ပြီးယှဉ်ပြိုင်လာရင် ဘယ်လိုပြိုင်ဖို့ ပြင်ဆင်ထားသလဲ ။

ဖြေ – ကျွန်မအနေနဲ့ကတော့ ဒီလိုတစ်သီးပုဂ္ဂလဝင်ဖို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ကိုယ်ရဲ့ကူညီမယ့်လူငယ်တွေ နောက်ပြီးတော့ ကိုယ့်ရဲ့ နိုင်ငံရေးအရ ကူညီမယ့်သူတွေကနေ အတတ်နိုင်ဆုံးစည်းရုံးသွားဖို့ရှိတယ် ။ အခုလည်း ဒီကိုယ့်ရဲ့ Plan နဲ့ ပတ်သက်ပြီးတော့ ကျွန်မ Plan ဆွဲဖို့ ရှိနေပါတယ်ရှင့် ။

မေး – မဲဆွယ်စည်းရုံးတဲ့အခါ ရခိုင်အင်အားစုတွေများတဲ့ နေရာဒေသတွေကို အဓိကထား မဲဆွယ်စည်းရုံးသွားမလား။

ဖြေ – ကျွန်မအနေနဲ့ကတော့ ကျွန်မပြည်သူတွေရှိတဲ့ နေရာအားလုံးကို ရတဲ့ရက်တွေမှာ ကျွန်မစီမံခန့်ခွဲပြီးတော့ သွားမှာဖြစ်ပါတယ် ။ လူများတဲ့နေရာမို့လို့ လူနည်းတဲ့နေရာမို့လို့ ဆိုတာထက် ဒီရွေးကောက်ပွဲကာလမှာ အချိန်ရသမျှကျွန်မပြည်သူနဲ့ တွေ့ဆုံမှာဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့်မို့ အတိုင်းအတာတစ်ခုအထိ အတားအဆီးတစ်ခုတော့ ရှိပါလိမ့်မယ် ။ ဒါပေမဲ့ ကျွန်မအနေနဲ့ကတော့ ဒီကျန်းမာရေးဝန်ကြီးဌာနကထုတ်ြပန်ထားတဲ့ တခြားသောပါတီတွေကလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းနဲ့အတူ ကျွန်မပြည်သူတွေကိုပြီးတော့ ကျွန်မရတဲ့အချိန်မှာ အတတ်နိုင်ဆုံး ပြည်သူတွေနဲ့ တွေ့ဆုံဖို့ ဆောင်ရွက်သွားမှာပါ ။ ဒီမြို့နယ်မှာတော့ လူဦးရေများတယ် ၊ ဒီမြို့နယ်မှာတော့ လူဦးရေမရှိဘူးဆိုတဲ့ သဘောထားတော့ ကျွန်မမှာ မရှိပါဘူး ။ ဒါပေမဲ့ ကျွန်မအနေနဲ့ ကျလို့ရှိရင်တော့ ကျွန်မပြည်သူတွေ ကျွန်မတို့ ရခိုင်ပြည်သူတွေ ရှိတဲ့နေရာတိုင်းကို ရတဲ့အချိန်မှာ အရောက်သွားဖို့တော့ ကျွန်မပြင်ဆင်မှာပါရှင့် ။

မေး – မဲပေးမယ့် ရခိုင်လူထုကို ဘာများပြောကြားချင်တာရှိလဲ။

ဖြေ – ကျွန်မနိုင်ငံရေးထဲမှာ ရှိတဲ့ကာလပတ်လုံး ရခိုင်ပြည်သူလူထု အကျိုး ၊ နိုင်ငံအကျိုးကို သယ်ပိုးမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မနဲ့ အတူတူ ရပ်တည်ပေးဖို့ ၊ ကျွန်မကို အားပေးဖို့ ကျွန်မကနေပြီးတော့ ဒီအချိန်မှာ သတင်းစကားပေးချင်ပါတယ် ။

Photo Credit – Htoo May Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts