All News China Watch Local News

ဧရာဝတီ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး တားမြစ်စေ အမိန့်စာချွန်တော်လွှာ ထုတ်ပေးရန် လျှောက်ထား

အာဏာရှင်အစိုးရလက်ထက် လူထုဆန္ဒမပါသော ဧရာဝတီ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး တားမြစ်စေ အမိန့်စာချွန်တော်လွှာ ထုတ်ပေးရန် လျှောက်ထား

ရန်ကုန်၊ ဇူလိုင် ၃

စစ်အာဏာရှင်အစိုးရလက်ထက် လူထုဆန္ဒမပါဘဲ အကောင်အထည်ဖော်ခဲ့သော ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေး တားမြစ်စေ အမိန့် စာချွန်တော်လွှာ ထုတ်ပေးရန် ရှေ့နေဦးဖိုးဖြူ ဦးဆောင်ဆောင်သော ရှေ့နေကိုယ်စားလှယ်အဖွဲ့က ယနေ့ နေပြည်တော် တရားလွှတ်တော်ချုပ်တွင် တရားဝင် လျှောက်ထားလိုက်ကြောင်း သိရှိရသည်။

“ဒီမြစ်ဆုံစီမံကိန်းက အာဏာရှင်လက်ထက်က အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ပြည်သူရဲ့ ဆန္ဒလည်း မပါဘူး။ သဘာဝပတ်ဝန်းကျင်ကိုလည်း ခြိမ်းခြောက်ပြီး နိုင်ငံရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်ဖွယ်ရာဖြစ်တယ်။ ဒေသခံ ၃၀၀ ကျော်ရဲ့ ကိုယ်စားလှယ်အဖြစ် ကျနော်က ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီမြစ်ဆုံစီမံကိန်းကြီး ရပ်ဆိုင်းဖို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရှေ့နေ ဦးဖိုးဖြူက အွန်လိုင်းမှတစ်ဆင့် မီဒီယာများသို့ ထုတ်ဖော်ပြောဆိုသည်။

ယနေ့ နေပြည်တော် တရားလွှတ်တော်ချုပ်ထံသို့ ရှေ့နေဦးဖိုးဖြူ၊ ရှေ့နေ ဦးဦးကျော်သိန်း အပါအဝင် ရှေ့နေများ က သွားရောက်လျှောက်လဲခဲ့ခြင်းဖြစ်ပြီး တားမြစ်စေ စာချွန်တော်လွှာ ထုတ်ပေးရန် လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အာဏာရှင် အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့ကာ NLD အစိုးရလက်ထက်တွင်မူ စီမံကိန်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts