All News Local News Peace

အရပ်သားတချို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် တပ်မတော်ကို ကရင်ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြပြီး တပ်မတော်စခန်း ၄ ခု ရုပ်သိမ်းရန် တောင်းဆို

အရပ်သားတချို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် တပ်မတော်ကို ကရင်ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြပြီး တပ်မတော်စခန်း ၄ ခု ရုပ်သိမ်းရန် တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် ကျေးရွာသူ အသက် ၄၀ နှစ်အရွယ် နော်မူနော်ကို ဇူလိုင်လ ၁၆ ရက်နေ့ တပ်မတော်သား ၂ ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများ လုယက်ပြီး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကရင်ဒေသခံ ၁၅၀၀ ကျော်က တပ်မတော်ကို ဆန္ဒပြခဲ့ကြကာ တပ်မတော်စခန်း ၄ ခု ရုပ်သိမ်းရန် တောင်းလိုက်ကြကြောင်း သိရှိရသည်။

“ဟုတ်တယ်။ ဆန္ဒပြတာပါ။ မတရားလုပ်တာတွေ များလာလို့ ။ မခံမရပ်နိုင်လို့ ဆန္ဒပြတာ။ နင်တို့ပြောတဲ့ ငြိမ်းစုစီတို့ ဘာတို့ ငါတို့ မတင်ဘူး။ ငါတို့ တွေ နှိပ်စက်သတ်ဖြတ်ခံနေရတယ်။ အဲဒါကြောင့် မခံနိုင်လို့ ငါတို့ ဆန္ဒပြတာ။ ငါတို့ မလုံခြုံဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇူလိုင် ၂၂ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီအထိတွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ မလေးလုံ၊ ဝေါမူ၊ မဲဝေနှင့်ခူသူထာကျေးရွာအုပ်စုများရှိ ကရင်လူထုသည် မြန်မာ့တပ်မတော်၏ တပ်စခန်း ၄ခုတွင် သွားရောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း၊ ဆန္ဒပြလူထုတွင် ဒွယ်လိုးမြို့နယ်ရှိ မလေးလုံကျေးရွာအုပ်စု၊ ဝေါ်မူကျေးရွာအုပ်စု၊ မဲဝေနှင့်ခူထာကျေူရွာအုပ်စု စုစုပေါင်း ကျေးရွာပေါင်း ၃၅ရွာမှ လူထုအင်အား ၁၅၂၄ဦးပါဝင်ကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် မြန်မာတပ်မတော်စခန်း ၄ခုဖြစ်သော (မဲဝေတပ်စခန်း၊ ကေးကိုတပ်စခန်း၊ ဝေါ်မူတပ်စခန်းနှင့် ခူသူထာတပ်စခန်း)များကို ဆန္ဒထုတ်ဖေါ်ခြင်းဖြစ်ပြီး ဖာဖွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ မြန်မာ တပ်မတော် တပ်စခန်း ၄ခု ဖြစ်သော မယ်ဝေတပ်စခန်း၊ ကေးကိုတပ်စခန်း၊ ဝေါ်မူတပ်စခန်းနှင့် ခူသူထာတပ်စခန်းများ ကို ပြန်လည်ရုပ်သိမ်းရန်တောင်းဆိုကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်သည့် အကြောင်းအရင်းများမှာ တပ်မတော် စကခ (၈) လက်အောက်ခံ ခမရ (၄၀၉) မှ စစ်သားနှစ်ဦးသည် သားသမီး ၃ ဦးမိခင် နော်မူနော်ကို ပစ္စည်းလု၍ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ခြင်း၊ အလားတူ ဝါသိုးခို ရွာသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ခြင်း၊ မဲဝေရွာလမ်းမပေါ်တွင်လည်း ဒေသခံသစ်တောထိန်းကို သေနတ်ဖြင့်ပစ်သတ်ခြင်း၊ ဝါသိုးခိုရွာထဲသို့ သေနတ်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကူဆံးဒေသခံကိုသေနတ်ဖြင့်ပစ်သတ်ခြင်း၊ ဝါသိုးထာရွားသူရွားသားများကို ပစ်သတ်မှုများအပြင် ဒေသခံများကိုခြိမ်းခြောက်လှန့် ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။

Photo Credit- Thoolei News

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts