All News Local News Peace

သတ္တမတန်းသင်ရိုးသစ်တွင် ကချင်လူမျိုး နာမည်နှင့်အသုံးအနှုန်းများ မှားယွင်းမှု ကန့်ကွက်ရှုတ်ချပြီး ပြင်ဆင်ပေးရန် တောင်းဆို

သတ္တမတန်းသင်ရိုးသစ်တွင် ကချင်လူမျိုးဆိုင်ရာ နာမည်နှင့်အသုံးအနှုန်းများ မှားယွင်းမှု ကန့်ကွက်ရှုတ်ချပြီး ပြင်ဆင်ပေးရန် တောင်းဆို

ရန်ကုန် ဇူလိုင် ၆

အခြေခံပညာသင်ရိုးသစ် သတ္တမတန်း ပထဝီဝင် ပြဋ္ဌာန်းစာအုပ်တွင် ကချင်လူမျိုးနှင့် ပတ်သက်ပြီး အကြောင်းအရာ၊နာမည်နှင့်အသုံးအနူန်းများ လွဲမှားနေသဖြင့် ကချင်လူမှုအဖွဲ့အစည်းများက တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချလိုက်ပြီး အမြန်ဆုံးပြင်ဆင်ပေးရန် တောင်းဆိုထားကြောင်း ကချင်စာပေ ယဉ်ကျေးမှုအဖွဲ့(တက္ကသိုလ်များ)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဆိုင်းမျိုးဆန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အခြေခံပညာသင်ရိုးသစ်၊ သတ္တမတန်း ပထဝီဝင် ကျောင်းပြဋ္ဌာန်းစာအုပ်၊ စာမျက်နှာ ၃၁ တွင် ကချင်လူမျိုးနှင့်ပတ်သက်၍ ဖော်ပြရာတွင် ကချင်တိုင်းရင်းသားလူမျိုးများသည် ကချင်၊ တဂုံ၊ ဒလောင်၊ ဂျိန်ဖော့၊ ဂေါ်ရီ၊ ခကူး၊ ဒုရင်း၊ မရှု ( လောဂီ)၊ ရဝမ်၊ လရှီ(လာချစ်)၊ အကီးနှင့် လီဆူးဟူ၍ မျိုးနွယ်စု ၁၂ မျိုးရှိကြောင်း အပါအဝင် ကချင်တိုင်းရင်းသားများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ဖော်ပြခဲ့ကြောင်း၊ ယင်းဖော်ပြမှုများတွင် နာမည်၊ အခေါ်အဝေါ်၊ အသုံးအနှုန်းနှင့် အကြောင်းအရာများ မှားယွင်းနေကြောင်း ကချင်လူမှုအဖွဲ့အစည်းများက ဆိုသည်။

ထိုကဲ့သို့မှားယွင်းမှုများနှင့်ပတ်သက်ပြီး ကချင်စာပေနှင့်ယာဉ်ကျေးမှုအဖွဲ့(တက္ကသိုလ်များ) အဖွဲ့ချုပ် က နိုင်ငံတော်သမ္မတထံသို့ ဇူလိုင်လ ၂ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ထားပြီး အမြန်ဆုံးပြင်ပေးရန်နှင့် မှားယွင်းမှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ တာဝန်ခံရမည်ဖြစ်ပြီး မှားယွင်းမှုများအတွက် ဥပဒေကြောင်းအရလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“ရည်ရွယ်ချက်ကတော့ သတ္တမတန်းမှာ ကချင်လူမျိုးနဲ့ပတ်သက်ပြီးအကြောင်းအရာနာမည်စာရင်းအသုံးအနှုန်းတွေက လွဲမှားနေလို့ အဲဒါနဲ့ပတ်သက်ပြီးပြောရတာပါ။ ဥပမာ- ကျွန်တော်တို့က တကယ်ကျတော့ အက်ဇီးလို့ခေါ်ရမှာ သူတို့က အကီးလို့ရေးထားတာဟာမျိုးတွေပေါ့။ အဲဒါမျိုးတွေကျတော့ တော်တော်လေးကို လွဲနေတာ။ တဂုံတို့ ဘာတို့ ဆိုလည်းကျွန်တော်တို့ မကြားဘူးတဲ့အမျိုးတွေပါနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးကျွန်တော်တို့က မဖြစ်စေချင်ဘူးပေါ့။ကချင်လူငယ်အနေနဲ့ ကချင်ကျောင်းသားတွေ အနေနဲ့ ဒါမျိုးကျတော့မဖြစ်သင့်ဘူးလို့ခံစားရတယ်ပေါ့နော်။လူမျိုးတစ်မျိုးအကြောင်းရေးမယ်ဆိုရင်ကောင်းကောင်းလေး စုံစမ်းထားစေချင်ပြီးတော့ ရေးစေချင်လို့ ကျွန်တော်တို့ဒါလက်မခံနိုင်ဘူးဆိုပြီး သူတို့ကို အိတ်ဖွင့်စာပေးတာပါ။ အဲဒါမျိုးတွေ ပြန်ပြင်စေချင်လို့ဗျာ။ရည်ရွယ်ချက်ကတော့ အဲဒီလိုပါပဲ” ဦးဆိုင်းမျိုးဆန်ကပြောဆိုသည်။

၁၉၅၅ ခုနှစ်ပြဋ္ဌာန်းစာများအရ ကချင်လူမျိုးသည် အရေအတွက်အားဖြင့် ၆ မျိုးရှိပြီး ကချင်တိုင်းရင်းသားများအားလုံးကလည်း အထက်ပါအတိုင်းလက်ခံထားကြောင်း၊ သတ္တမတန်း ပထဝီဝင်သင်ရိုးသစ်တွင်မူ ကချင်မျိုးနွယ်စု ၁၂ စု ပြဋ္ဌာန်းထားပြီး ကချင် တိုင်းရင်းသားများကိုယ်တိုင် မသိရှိသေးသည့် မျိုးနွယ်များ ပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့အဓိကလက်ခံထားတဲ့ အများစုပေါ့ ၉၀ ရာခိုင်နူန်းလက်ခံထားတဲ့ အရင်တုန်းက၁၉၅၅ထုတ်ပြန်ထားတဲ့ ပြဌာန်းစာကိုအဲဒီအရ ကချင်လူမျိုးများဟာ (၆)မျိုးရေးထားတယ်။အဲဒီအတိုင်းကတော့ အားလုံးနီးပါး လက်ခံတယ်။ တစ်ချို့ကျတော့ (၇)မျိုးလို့ပြောတယ် (၆)မျိုးနဲ့ (၇)မျိုးအတွင်းမှာပဲရှိတယ် ကျွန်တော်တို့ကတော့ ကျန်တဲ့ဟာတွေကျတော့ ကြားလည်းမကြာဘူးသိလည်းမသိဘူး။ အမျိုးတွေအရမ်းပါနေလိုဗျာအဲဒီက အများစုလက်ခံထားတာ (၆)မျိုးပဲရှိလို့ လက်ခံထားလို့ဗျာ(၆)မျိုးလို့လက်ခံထားတာ အများစု ဘယ်တုန်းကတည်းကလည်းဆိုတော့ ဟိုအရင်ကတည်းကလက်ခံထားတယ်။ ဒါပေမယ့် အဓိကအစိုးရအနေနဲ့တရားဝင်ထုတ်ပြန်ထားတယ်။ ၁၉၅၅ပြတန်းစာအရကိုက ထုတ်ပြန်ပေးလိုက်တာ ကချင်လူမျိုးဆိုသည်မှာ ၁၊၂၊၃၊၄၊၅၊၆ အထိ အဲဒီခြောက်မျိုးချရေးပေးလိုက်အဲဒီခြောက်မျိုး ပါပါတယ်ဆိုပြီး အဲဒါကျတော့ အားလုံးလက်ခံတယ်။အဲဒီလိုအားလုံးလက်ခံတဲ့ အတိုင်းအတာမှာရှိတယ်။ အဲဒါကျတော့ အခုလိုမျိုး (၁၂)မျိုးတို့ဘာတို့ညာတို့ အရမ်းများနေတဲ့ အခါကျတော့ ကျွန်တော်တို့လည်း လက်မခံနိုင်ဘူး ။ ကြားလည်းမကြားဖူးဘူး။ အဲဒီလိုမျိုး ပါနေတဲ့အခါကျတော့ မဖြစ်သင့်ဘူးလို့ထင်တယ်” ဟု ဦးဆိုင်းမျိုးဆန်ကပြောဆိုသည်။

သတ္တမတန်းသင်ရိုးသစ်တွင် မှားယွင်းဖော်ပြမှုများနှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်မှုဆောင်ရွက်ရန်လည်း ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

“သတ္တမတန်းဖတ်စာပါဝင်တဲ့မှားယွင်းမှုကို ရှေ့နေတွေနဲ့ ဆွေးနွေးပြီး ရှေ့ဆက်ပြီး ဥပဒေကြောင်းအရ ကြိုးစားသွားမယ်”ဟု ၎င်းဆက်လက်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts