All News Election interview

“ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူခံရတာ ရှိတဲ့အတွက် ထိခိုက်မှုတော့ရှိတာပေါ့။ NLD က အရင်ကထက်စာရင် ဒီမှာ အင်အားလျော့သွားတာမျိုးပြောလို့ရတယ်”

“ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူခံရတာ ရှိတဲ့အတွက် ထိခိုက်မှုတော့ရှိတာပေါ့။ NLD က အရင်ကထက်စာရင် ဒီမှာ အင်အားလျော့သွားတာမျိုးပြောလို့ရတယ်”

By ရန်ကုန်ခေတ်သစ်

ထားဝယ်တိုင်းရင်းသားများပါတီ တွဲဘက်အတွင်းရေးမှူး ၂ ဦးသူရိန်လှိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ထားဝယ်တိုင်းရင်းသားများ ပါတီမှ တွဲဘက်အတွင်းရေးမှူး ၂ ဦးသူရိန်လှိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအခြေအနေဘယ်လိုရှိလဲ။

ဖြေ – ကိုယ်စားလှယ်လောင်းအရေအတွက်ကတော့မပြတ်သေးဘူးခင်ဗျ ။ နောက်အကျဆုံး ဟိုစောရင်တော့ သောကြာနေ့ပြတ်မယ်ပေါ့နော် ။ အများကြီးတော့ မရှိဘူး။ အများကြီးတော့ မရှိဘူးဆိုတာက ၁၀ နေရာ အောက်ပတ်ဝန်းကျင်လောက်ပဲ ပြိုင်ဖြစ်မယ်ခင်ဗျ ။ အဓိကကတော့ ကျွန်တော်တို့ ထားဝယ်ခရိုင်နဲ့ ကော့သောင်းခရိုင်ပေါ့ ။ အဲ့ဒီနေရာက အဓိကစည်းရုံးနေရာနှစ်ခုဖြစ်တော့ အဲ့နေရာပြိုင်ဖြစ်မယ်ခင်ဗျ ။

မေး – ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးအဆင့်နဲ့ လူမျိုးရေးရာဝန်ကြီးနေရာ ကော ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိလား ။

ဖြေ – အဲ့ဒါကမပြတ်သေးဘူး ။ အများအားဖြင့်ကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ပြိင်ဖို့များတယ်ခင်ဗျ ။ လူမျိုးစုရေးရာဝန်ကြီးက ကျွန်တော်တို့ဆီမှာက တနင်္သာရီတိုင်းမှာက ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ခုပဲရှိတယ်ဗျ ။ ကျွန်တော်တို့က အဲ့ဟာကိုဝင်ပြိုင်ဖို့မရှိဘူး ။ မရှိတော့ လူမျိုးစုရေးရာက ဝင်ပြိုင်ဖို့မရှိဘူး ။ ထားဝယ်တို့ မြိတ်တို့ကျတော့ မှတ်ပုံတင်မှာ ဗမာဖြစ်နေတော့ ပြသာနာကအဲ့ဟာတစ်ခုရှိနေတာပေါ့ေနာ် ။ အဲ့ဟာတစ်ခုရှိနေတာ့ လူမျိုးစုရေးရာဝန်ကြီးတော့မရကြဘူးဗျ ။

တိုင်းရင်းသားတော့တိုင်းရင်းသားပဲ ။ ပြသာနာကမှတ်ပုံတင်မှာ မြိတ်တို့ထားဝယ်တို့နေရာမှာ ဗမာဖြစ်နေတာပေါ့နော် ။ အစိုးရက ကောက်လုပ်တဲ့အခါမှာ မှတ်ပုံတင်မှာ ဗမာဖြစ်နေတာပေါ့။ ထားဝယ်လူူမျိုးစုပဲဖြစ်ဖြစ် ၊ မြိတ်လူမျိုးစုပဲ ဖြစ်ဖြစ် လူမျိုးစုရေးရာဝန်ကြီးမရှိဘူး ဖြစ်နေတယ် ။

မေး – ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ရှိမလဲ ။

ဖြေ – အခုဟာက ကျွန်တော်တို့က ပုံမှန်အားဖြင့် NBF နဲ့စကားပြောတာရှိတယ် ။ ဟိုတစ်ရက်ကတော့ မွန်ညီညွတ်ရေးပါတီနဲ့ လှမ်းစကားပြောတာတော့ရှိတယ်။ မဟာမိတ် သီးသန့်ရယ်လို့တော့ မရှိသေးဘူး ။ NBF နဲ့ များသောအားဖြင့် အစည်းအဝေးတွေဘာတွေသွားတာတော့တွေ့တယ် ။ ဒါပေမဲ့ ခက်တော့ခက်တယ် ပြောရတယ် လေ ဆက်ဆံရေးကတော့ ဒီ UNA အုပ်စုက ဆက်ဆံရေး ရှိတာမျိုးလည်းရှိတယ် ။

အခုချိန်ထိအဲ့ဒါတော့မပြတ်သေးဘူး ။ မပြတ်သေးဘူးဆိုတာက ကျွန်တော်တို့က မွန်ညီညွှတ်ရေးပါတီက မဲဆန္ဒနယ် ထပ်နေတဲ့ နေရာတော့ ရှိတာပေါ့ ။ အဲ့ဒါက ညှိနေတာတော့ရှိတယ် ။ အခုထိတော့ အကြောင်းက အဖြေ မထွက်သေးဘူးဖြစ်နေတယ် ။ ဒါပေမဲ့ မွန်ပါတီကတော့ ထုတ်ပြန်လိုက်ပြီပေ့ါ ။

မေး – ပါတီဆောင်ပုဒ်တွေထွက်ပြီလား ။

ဖြေ – အဲ့တာတွေက မထွက်သေးဘူးခင်ဗျ ။ အဲ့တာတွေက အစောကြီးရှိသေးတော့ မထွက်သေးဘူးခင်ဗျ ။

မေး – ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေကို အဓိကထားယှဉ်ပြိုင်သွားမလဲ ။

ဖြေ – အဓိကကတော့ အာဏာရပါတီဖြစ်တဲ့ NLD ပါတီနဲ့ အဓိက ပြိုင်ရမှာ ဖြစ်တာပေါ့နော် ။ဆိုတော့ ကျွန်တော်တို့ တနသာင်္ရီတိုင်းရဲ့ နိုင်ငံရေး အခြေအနေကတော့ သိတဲ့အတိုင်းပဲ NLD က ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက အားလုံးနိုင်ခဲ့တယ် နေရာအားလုံးနိုင်ခဲ့တယ် ။ နောက်ပိုင်းမှာ အစိုးရအဖွဲ့ကလည်း သိတဲ့အတိုင်းပဲ ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူခံရတာ ရှိတဲ့အတွက် ဒီဟာလည်းပါတီ ပုံရိပ်သော်လည်းကောင်း ၊ အစိုးရအဖွဲ့ရဲ့ပုံရိပ်သော်လည်း ကောင်း ထိခိုက်မှုတော့ရှိတာပေါ့ ။ အခြားတစ်ဖက်မှာလည်း ကျွန်တော်တို့ လွှတ်တော်ကလည်း နောက်ပိုင်း ကျတော့ ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လွှတ်တော်ကလည်း အစိုးရဘက်ကို သိပ်ပြီး ကျပ်ကျပ်မတ်မတ် လုပ်တာမျိုးမရှိဘူးလေ ။

အဓိကအဖြစ်တော့ NLD က အရင်ကထက်စာရင် ဒီမှာ အင်အားလျော့သွားတာမျိုးပြောလို့ရတယ် ၊ ပုံရိပ်ကို ထိခိုက်တယ်လို့ ပြောလို့ရပေမယ့် အင်အားကောင်းတဲ့ပါတီတစ်ခုအနေနဲ့တော့ ရှိနေတာပေါ့ ။ တခြားတစ်ဘက်က တိုင်းရင်းသားပါတီ ဒေသအခြေပြုပါတီတွေက ကျွန်တော်တို့တစ်ခုပဲရှိတယ် ။ ပြီးတော့ ပါတီသစ်တွေလည်း ရှိတာမျိုးရှိတာပေါ့ ။

အခုနောက်ပိုင်းထွက်လာတဲ့ပါတီတွေ က ကျွန်တော်တို့ဆီ အခြေစိုက်တာမျိုးရှိတာပေါ့ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အခုထက်ထိ အသံထွက်တာမျိုးတော့ မရှိဘူးလေ ။ ဆိုတော့ မေးခွန်းကို ခြုံပြောရရင်တော့ အဓိက အာဏာရပါတီဖြစ်တဲ့ NLD ပါတီနဲ့ အဓိက ယှဉ်ပြိုင်ရမယ့် သဘောမျိုးရှိတယ်ဗျ ။

မေး – NLD ပါတီနဲ့ မဟာမိတ်ဖွဲ့ဖို့ရှိမလား ။

ဖြေ – အဲ့ဒါတော့သိပ်မလွယ်ဘူးခင်ဗျ ။ ကျွန်တော်တို့ပါတီမပြောနဲ့ NLD က ရှေးအစဉ်အဆက်ကတည်းက မဟာမိတ်သဘောဆောင်လာတဲ့ မဟာမိတ် သဘောပြိုင်လာတဲ့ ဒီပါတီကြီးတွေတောင်မှ NLD ပါတီက မဟာမိတ်သဘောဆောင်တဲ့ စကားတွေမပြောဘူးဆိုတော့လေ ။ခက်တော့ခက်တယ် ။

မေး – NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားအခွင့်အရေးတွေ ဘာပြောင်းလဲသွားတာရှိလဲ ။

ဖြေ – ပြောရရင် မရှိဘူးခင်ဗျ ။ မရှိဘူးခင်ဗျဆိုတာက ဒီလက်ရှိ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ NLD ပါတီကအပြတ်အသတ်နိုင်တယ် ။ အစိုးရဖွဲ့နိုင်တယ် ။ ပြီးတော့ ဒီနိုင်ငံရေးရေးရာအားလုံးကို ဦးဆောင်လို့ရတယ် ။ငြိမ်းချမ်းရေးကိစ္စကို ဦးဆောင်လို့ရတယ် ။ ဒါမျိုးတော့ရှိတယ် ။ ဒီမှာတောင်မှ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးက ဘာမှ ထူးခြားပြောင်းလဲတာမျိုးမရှိသေလာက်ပဲ ။

ဥပမာအားဖြင့်ဆိုရင် အရင်ကဆိုကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစု ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်ရှိရှိမရှိရှိပေ့ါလေ နိုင်ငံရေးဆွေးနွေးပွဲမှာ ကိုယ်စားလှယ်တစ်ယောက်ကျွန်တော်တို့ တက်ခွင့်ရတယ် ။ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများပါတီဆိုလည်း ကိုယ်စားလှယ်တစ်ယောက်တက်ခွင့်ရှိတယ် ။ အပြင်ကနေပြီးတော့ တိုင်းရင်းသားကိုယ်စားလှယ် ဆိုပြီးတော့ အပြင်လူကို ကျွန်တော်တို့ ခန့်တာရှိတယ် ။ ခန့်ပြီးတော့ ပါဝင်တာရှိတာပေါ့ ။ ၂၀၁၅ ကနိုင်ငံရေးဆွေးနွေးပွဲမှာဆိုရင် တော့ ထားဝယ်လူမျိုး ကိုယ်စားပြုဆိုရင်တော့ နှစ်ယောက်ရှိတာပေါ့နော် ။ ပါတီ ကတစ်ယောက်ရယ် အပြင်ကတစ်ယောက်ရယ် ။ အပြင်ကတစ်ယောက်ဆိုတာတိုင်း ဆွေးနွေးပွဲကိုဦးဆောင်တဲ့ အစိုးရ က ရွေးတဲ့သူပေါ့နော် ။

အခုကတော့ ကျွန်တော်တို့ပါတီ က ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ဘူးပေါ့နော် ။ ဘာဖြစ်သွားလဲဆိုတော့ အခုလက်ရှိအစိုးရလက်ထက်မှာတော့ လွှတ်တော်ကိုယ်စားလှယ် မရှိတဲ့ပါတီတွေကို ဆွေးနွေးပွဲမှာ မပါခိုင်းတော့ဘူး ။ အဲ့ဒီအပြင်ကို ပြင်ပက အယောက် ၅၀ ဆိုတာကိုမတွေ့ရတော့ဘူး ။ မတွေ့ရတဲ့အခါကျတော့ ဒီကျွန်တော်တို့ရဲ့ အခုလက်ရှိ ထားဝယ်တိုင်းရင်းသားလူမျိုးစု တွေရဲ့ ပြောခွင့်ဆိုခွင့် က မရတော့တဲ့ အခြေအနေဖြစ်သွားပြီ ။ တစ်ယောက်မှမရတော့တဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာလေ အဲ့လိုမျိုးမရတော့တဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေရှိတယ် ။

ဥပမာ နာမည်တော့တပ်ပြောဖို့ခက်တယ် ။ လူမျိုးစုလေးတွေ ဥပမာ ရှမ်းပြည်မှာသော်လည်းကောင်း ၊ ကချင်ပြည်နယ်မှာသော်လည်းကောင်းေပါ့နော် ။ သက်ဆိုင်ရာအင်အားစုလိုက် တိုင်းရင်းသားအင်အားစုလိုက် ကိုယ်စားလှယ် ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ ကိုယ်စားလှယ်မရတဲ့ လူတွေရှိတယ်ပေ့ါနော် ။

ဥပမာ ကယားပါတီက ၂၀၁၅ မှာ တစ်ယောက်မှ မရတော့ သူတို့က ကယားလူမျိုးစုမှာတောင်မှ နောက်ပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပါတီက တစ်ယောက်စ နှစ်ယောက်စ အနိုင်ရရှိတာပေါ့ ။ အဲ့ဒီရှေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲ ကယားလူမျိုးမှာ ပြည်နယ်ရှိတယ် ။ဒါပေမဲ့ သူတို့ ပြောဖို့ဆိုဖို့အတွက်ဆိုပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကိုယ်စားလှယ်တစ်ယောက်တောင်မှ မရှိတာရှိတယ်ပေါ့နော် ။ ပြသာနာတစ်ပိုင်းက မြေပြင်အနေအထားမှာ သိပ်ပြီးတော့ ထူးထူးခြားခြား ပြောင်းလဲတာမရှိဘူး ။ အခြေအနေကပိုဆိုးသွားတယ် ။ ဒါပေမဲ့ နောက်လာမယ့် အခြေအနေရောက်ရင်တော့ မပြောတတ်ဘူး ။ ရွေးကောက်ပွဲရလဒ် ပေါ်မှာ မူတည်နေသလားပေါ့ ။ ဒါတော့မှန်းရခက်ပါတယ် ။

မေး – ၂၀၂၀ ရွေးကောက်ပွဲ အလားအလာက ဘယ်လိုရှိလဲ။

ဖြေ – ကျွန်တော်တို့က ကျတော့ နံပါတ်တစ်က စောနကပြောတဲ့ အနည်းဆုံးတစ်ယောက် ပေါ့နော် ။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နိုင်ဖို့ ပါတီကဦးတည်ထားပြီးယှဉ်ပြိုင်ဖို့ရှိတယ် ။ ဆိုတော့ အနိုင်မရပါတီဆိုတဲ့ အမြင်ကနေပြီးတော့ ဖြုတ်ချင်တာပေ့ါနော် ။ ဘာလို့လဲဆိုတော့ စောနကပြောတဲ့ အဓိကအားဖြင့် လွှတ်တော်တစ်ခုခုထဲမှာ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားတွေရဲ့ ပြောရေးဆိုခွင့် ဖြစ်ဖြစ်ရှိတဲ့သူတစ်ယောက် ကျွန်တော်တို့ဆီက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လိုတယ် ။

နံပါတ် ၂ ကတော့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေထဲမှာ ဒီထားဝယ်ကိုယ်စားပြု ပြောနိုင်ဆိုနိုင်မယ့် ကိုယ်စားလှယ်တစ်ယောက်လိုတာပေါ့ေနာ် ။ ဆိုတော့ အဓိကအားဖြင့် ဒီမှာက ကျွန်တော်တို့ ကကျတော့ပါတီကြီးတွေကို အားကိုးတာမျိုးရှိတယ် ။ ပြည်မပါတီတွေနဲ့ သိပ်ပြီးတော့ နီးကပ်တာမျိုးရှိတယ် ဆိုတော့ ပါတီကြီးတွေရဲ့ ပုံရိပ်အား လူပုဂ္ဂိုလ်ရဲ့ ပုံရိပ်အား ဒါမျိုးတော့ ရှိတာပေါ့ ။ ဒါပေမဲ့ အခု ချိန်မှာတော့ ကျွန်တော်တို့ ဒီ သူများနှာခေါင်းနဲ့ အသက်ရှုဖို့ထက် ကျွန်တော်တို့ကိုယ်ပိုင် နိုင်ငံရေးနှာခေါင်းပေါ့လေ ကိုယ်ပိုင်နိုင်ငံရေး အသက်ရှုဖို့လိုပြီလို့ ထင်တာပဲ ။ ဒါအတွက်ကြောင့် ကြိုးစားသွားဖို့ရှိတယ် ။ အကောင်းဆုံးလုပ်သွားဖို့ရှိတာပေါ့နော် ။

မေး – မဲပေးမယ့် ပြည်သူကို ဘာပြောချင်လဲ။

ဖြေ – စောနကကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့က ကိုယ့်အရေးကိစ္စကို ကိုယ်ပဲ ပြောတယ်လေ ဦးစားပေးပြီးတော့ ကိုယ်ပဲ ပြောနိုင်တာမျိုးရှိတယ် ။ ဆိုတော့ ပြည်မပါတီတွေရှိတယ် ။ ပါတီကြီးတွေရှိတယ် ။ တခြားပါတီတွေရှိတယ် ။ ဆိုတော့သူတို့က အဲ့ဒီပါတီကြီးတွေကကျတော့ ဒီတစ်တိုင်းပြည်လုံးခြုံပြီးတော့ လုပ်ရကိုင်ရတာလည်းရှိတယ် ။

ကိုယ့်ကိစ္စတွေ ဦးစားပေးမဟုတ်ဘူး ။ ကိုယ့်ကိစ္စဦးစားပေးဖြစ်ချင်ရင် ကိုယ့်ပါတီကသာ ကိုယ့်တိုင်းရင်းသားလူမျိုးစု ကို တကယ့်ကိုကိုယ်စားပြုတဲ့ အဲ့ဒီ့အတွက် အသံထွက်ပေးမယ့် ပါတီကသာ အဓိက ဒီဦးစားပေး အနေနဲ့ ရှိတာပေါ့နော် ။ ဆိုတော့ စောနက ကျွန်တော်ပြောသလို ပဲ ဒီသူများနှာခေါင်းပေါက်နဲ့ အသက်ရှုဖို့ထက်စာရင် ကိုယ်ပိုင်နိုင်ငံရေး အသက်ရှုလမ်းကြောင်းနဲ့ ကျွန်တော်တို့ ရှိဖို့လိုပြီ သို့မဟုတ်ဆိုရင်တော့ သူများအသက်ရှုခွင့်ပေးမှာ ကျွန်တော်တို့ အသက်ရှုခွင့်ရှိမယ့် သဘောဖြစ်တယ် ။

သူများအသံထွက်ခွင့်ပေးမှ ကျွန်တော်တို့ အသံထွက်ရမယ့် သဘော ။ ကိုယ်ပိုင်အသံထွက်ဖို့အတွက် ကိုယ့်ပါတီက ကိုယ့်လူမျိုးကိုယ့်ဒေသ မှာပဲလေ ။ ဆိုတော့ ကိုယ့်ပါတီအရေးကြီးတယ် ဆိုတဲ့အတွက်ကြောင့် မဲပေးရမယ်ဆိုတာ သိဖို့လိုတယ် ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts