All News Local News

လောင်းလုံးကျွန်းဆွယ်ကမ်းခြေနှင့်ကျွန်းများပေါ်တွင် မြေဧက ၇၀၀ အသုံး ချခွင့် EFD Group ကုမ္ပဏီမှ ဦးစိုင်းမျိုးဝင်း လျှောက်ထားမှု ဒေသခံများကန့်ကွက်

လောင်းလုံးကျွန်းဆွယ်ကမ်းခြေနှင့်ကျွန်းများပေါ်တွင် မြေဧက ၇၀၀ အသုံး ချခွင့် EFD Group ကုမ္ပဏီမှ ဦးစိုင်းမျိုးဝင်း လျှောက်ထားမှု ဒေသခံများကန့်ကွက်

ရန်ကုန်၊ ဇူလိုင် ၈

လောင်းလုံးမြို့နယ် ရှိ ကျွန်းဆွယ်ကမ်းခြေနှင့် ကျွန်းများပေါ်တွင် လင်မယား နှစ်ဦးတည်းက မြေလွတ်၊ မြေလပ် ၊ မြေရိုင်း ဥပဒေကို အသုံးချပြီး လုပ်ပိုင်ခွင့်လျှောက်ထားမှုကို ဒေသခံများက ကွန့်ကွက်ထား ကြောင်း Dawei Watch Foundation အဖွဲ့ခေါင်းဆောင် ဦးအောင်လွင်က ပြောကြားသည်။

အဆိုပါ ကမ်းခြေနှင့် ကျွန်းများပေါ်ရှိ မြေနေရာ ၅ခုတွင် မြေဧက ၇၀၀ ခန့်ကို ရန်ကုန်မြို့အခြေစိုက် Excellent Fortune Development Group ကုမ္ပဏီ ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီတို့ ဇနီးမောင်နှံက​ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း လည်း ၎င်း က ပြောသည်။

လျှောက်ထားသောမြေနေရာများမှာ ထားဝယ်ရှေးဟောင်းယာဉ်ကျေးမှုနေရာများ၊ ကမ်းနီးရေလုပ်သားများ မှီခိုရာကျွန်းနှင့် ကမ်းခြေနေရာအများစုများဖြစ်ကြောင်း လည်း ဦးအောင်လွင်ကဆိုသည်။

“နောက်ထပ် ၂ နေရာမှာလည်းထပ်ပြီးလျှောက်ဖို့ပြင်ဆင်နေတဲ့ အခြေနေမျိုးတွေ့ရပါတယ်။ လျှောက်ဖို့ပြင်ဆင်နေတဲ့နေရာ အများစုဟာ ရေလုပ်သားအငယ်တွေ အများစု နေရာတွေဖြစ်နေတယ်” ဟု ၎င်း ကရှင်းပြသည်။

အဆိုပါ မြေနေရောလျှောက်ထားခြင်း ကိစ္စ ကို ပြည်ထောင်စု အစိုးရက သဘောထားမှတ်ချက်ပြုထားပြီးဖြစ်သော်လည်း ဒေခံများထံအသိပေးခြင်း မရှိကြောင်း ၎င်း ကဆိုသည်။

“ လျှောက်ထားတဲ့မြေနေရာထဲကတစ်ခုကိုပြည်ထောင်စုကို သဘောထားမှတ်ချက် ပေးလိုက်ပါတယ်။ သဘောထားမှတ်ချက်ပေးတဲ့အချိန်မှာ သဘောထားမှတ်ချက်ကို နိုင်ငံတော်အဆင့်အထူး လျှို့ဝှက်ဖြစ်တာကြောင့်မလို့ ဒေသခံတွေကို ပေးသိလို့မရတဲ့သဘောသက်ရောက်စေတဲ့ဖြေကြားမှုမျိုးပြုလုပ်ပါတယ် “ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

ယင်းကိစ္စကို ကန့်ကွက်ရခြင်းမှာ တနသာရီတိုင်းဒေသကြီးမှာရှိသည့် စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ရခြင်းမျိုး မဟုတ်ဘဲ လုပ်ထံလုပ်နည်းစံချိန်စံညွန်းအတိုင်းဆောင်ရွက်ရန်လိုကြောင်း ၎င်းမှထပ်လောင်းပြောကြားခဲ့သည်။

“သူတို့ကတိုင်းဒေသကြီးအစိုးရကတောင်ခွင့်မပြုသေးဘူး ကျွန်းပေါ်မှာရှိနေတဲ့သူတွေကိုမောင်းထုတ်နေတယ်။ အချင်းချင်းလာပြီးတော့ရန်တိုက်ပေးတာရှိတယ် ။ တရားမျှတမှုမရှိဘူးပေါ့ ။ဘိုးဘွားဘီဘင်အဆက်ဆက်ထဲကနေလာတဲ့နေရာ ဌာနေတိုင်းရင်းသားပေါ့ပြောရမယ်ဆိုလျှင်တိုင်းရင်းသားအခွင့်ရေးချိုးဖောက်တယ်လို့ပဲခံစားရတယ်။ လုပ်မယ်ဆိုရင် တိတိကျကျမှန်မှန်ကန်ကန်လုပ်ပါ”ဟုဘူထောင်ရွာ မှ ကိုဇော်မင်းလတ်က ပြောကြားခဲ့သည်။

မြေယာအများအပြာကိုလျှောက်ထားမှုရှိပြီး လုပ်ကိုင်မည့်လုပ်ငန်းများကို ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒေသခံများနှင့် ဆွေနွေးတင်ပြခြင်းမရှိသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

RiSE News

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေရှာဖွေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကြေးရုပ်ကို ဒေါ်လာ ၈၀၀၀၀ ဖြင့် EFD Group က စျေးအမြင့်ဆုံးပေး လေလံအောင်ခဲ့သည်။ Photo Credit – ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts