China Watch Local News Peace Web TV

ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ဟု ဒုဝန်ကြီးပြောဆို(ရုပ်/သံ)

ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ဟု ဒုဝန်ကြီးပြောဆို(ရုပ်/သံ)

ရန်ကုန်၊ဇူလိုင်လ ၃၀

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက သဘာဝဓာတ်ငွေ့နှင့်ကျောက်မီးသွေး ဓာတ်အားထုတ်စက်ရုံများ အရန်အဖြစ်သာ ထားရှိမည်ဖြစ် ပြီး ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်ဝင်းက ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှု မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် ADB ထံမှ ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးငွေရယူရေး ကိစ္စ လာရောက်ရှင်းလင်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

” မြန်မာနိုင်ငံသည် ရေအားလျှပ်စစ် ရေအားအရင်းမြစ်များစွာ ပေါ်ကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်သောကြောင့် ထုတ်လုပ်မှုစရိတ် အနည်းဆုံး ရေအားလျှပ်စစ်ကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် နိုင်ငံတော် ရည်မှန်းချက်မှတ် ထားခြင်းဖြစ်ပါတယ်။ ယနေ့အခြေအနေမှာ ရေအားလျှပ်စစ် စက်ရုံ ၂၈ရုံမှ တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်နဲ့ မလုံလောက်သောကြောင့် သဘာဓာတ်ငွေစက်ရုံ ၁၆ရုံမှ ၃၃၄၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးရန် တပ်ဆင်ထားပါတယ်။ထို့အပြင် ကျောက်မီးသွေးစက်ရုံ ၁ရုံ ၁၂၀ မဂ္ဂါဝပ် ဖြင့်လည်း ထုတ်လုပ်ပေးနေပါတယ်။ ထပ်မံပြီးတော့လည်းနေရောင်ခြည်စွမ်းအင်သုံး စက်ရုံ ၁ရုံ ၄၀ မဂ္ဂါဝပ်မှာလည်း ထုတ်လုပ်ပေးလျက်ရှိပါ တယ်။ နှစ်စဉ်ဓာတ် အားသုံးစွဲမှု တိုးတက်မှု ရာခိုင်နူန်းကတော့ ၁၅ရာခိုင်နူန်းခန့်တိုးတက်နေတဲ့အတွက် ကြောင့်မို့လို လိုအပ်လာတဲ့ ဓာတ်အားတွေကို ဖြည့်ဆည်းဖို့ LNG ဓာတ်ငွေ့ကို အသုံးပြုပြီး ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံ ၃ရုံ ၉၀၀မဂ္ဂါဝပ်ကိုလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ယနေ့ဆိုလျှင် ၂၈ရာခိုင်နူန်းခန့်ဓာတ်အားထုတ်ပေးနေပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားအသုံးပြုမှု နှစ်စဉ်တိုးတက်နေသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်သင့်ကြောင်း ၎င်းက ရှင်းပြသည်။

“ground mounted solar plants တည် ဆောက်ရန်အတွက်လည်း ခွဲရုံ ၃၀ မှ ၁၀၆၀မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ဖို့ အတွက် တင်ဒါ ခေါ်ပြီး စီစစ်ရွေးချယ် နေပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ jမန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးချိန်တွင် ထုတ်လုပ်မှုစရိတ်မြင့်မားသော သဘာဝဓာတ်ငွေ့ စက်ရုံနဲ့ ကျောက်မီးသွေးစက်ရုံတို့ကို လိုအပ်မှသာ ဓာတ်အားထုတ်လုပ်မည့် အရန်စက်များဖြင့် ထားရှိပြီး ဓာတ်အားလိုအပ်ချက်ပေါ်မူတည်ပြီး ပြီးတော့မှာသာ မောင်းနှင်းဖို့အတွက် အစီစဉ်ရှိပါတယ်။ သို့ပါ၍ လက်ရှိတည်ဆောက်နေသော ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မြန်မာအတွင်းမှာရှိတဲ့ ရေအားအရင်းအမြစ်များမှ ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနိုင်ရေးအတွက်ကို လည်း မျှော်မှန်း ထားရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ၎င်းက ပြောဆိုသွားသည်။

ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးရန် လိုဟု ဒုဝန်ကြီးပြောဆို(ရုပ်/သံ)

ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ဟု ဒုဝန်ကြီးပြောဆို(ရုပ်/သံ) ရန်ကုန်၊ဇူလိုင်လ ၃၀မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက သဘာဝဓာတ်ငွေ့နှင့်ကျောက်မီးသွေး ဓာတ်အားထုတ်စက်ရုံများ အရန်အဖြစ်သာ ထားရှိမည်ဖြစ် ပြီး ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်ဝင်းက ပြောဆိုသည်။ဇူလိုင်လ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှု မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် ADB ထံမှ ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးငွေရယူရေး ကိစ္စ လာရောက်ရှင်းလင်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။ " မြန်မာနိုင်ငံသည် ရေအားလျှပ်စစ် ရေအားအရင်းမြစ်များစွာ ပေါ်ကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်သောကြောင့် ထုတ်လုပ်မှုစရိတ် အနည်းဆုံး ရေအားလျှပ်စစ်ကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် နိုင်ငံတော် ရည်မှန်းချက်မှတ် ထားခြင်းဖြစ်ပါတယ်။ ယနေ့အခြေအနေမှာ ရေအားလျှပ်စစ် စက်ရုံ ၂၈ရုံမှ တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်နဲ့ မလုံလောက်သောကြောင့် သဘာဓာတ်ငွေစက်ရုံ ၁၆ရုံမှ ၃၃၄၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးရန် တပ်ဆင်ထားပါတယ်။ထို့အပြင် ကျောက်မီးသွေးစက်ရုံ ၁ရုံ ၁၂၀ မဂ္ဂါဝပ် ဖြင့်လည်း ထုတ်လုပ်ပေးနေပါတယ်။ ထပ်မံပြီးတော့လည်းနေရောင်ခြည်စွမ်းအင်သုံး စက်ရုံ ၁ရုံ ၄၀ မဂ္ဂါဝပ်မှာလည်း ထုတ်လုပ်ပေးလျက်ရှိပါ တယ်။ နှစ်စဉ်ဓာတ် အားသုံးစွဲမှု တိုးတက်မှု ရာခိုင်နူန်းကတော့ ၁၅ရာခိုင်နူန်းခန့်တိုးတက်နေတဲ့အတွက် ကြောင့်မို့လို လိုအပ်လာတဲ့ ဓာတ်အားတွေကို ဖြည့်ဆည်းဖို့ LNG ဓာတ်ငွေ့ကို အသုံးပြုပြီး ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံ ၃ရုံ ၉၀၀မဂ္ဂါဝပ်ကိုလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ယနေ့ဆိုလျှင် ၂၈ရာခိုင်နူန်းခန့်ဓာတ်အားထုတ်ပေးနေပြီးဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားအသုံးပြုမှု နှစ်စဉ်တိုးတက်နေသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်သင့်ကြောင်း ၎င်းက ရှင်းပြသည်။"ground mounted solar plants တည် ဆောက်ရန်အတွက်လည်း ခွဲရုံ ၃၀ မှ ၁၀၆၀မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ဖို့ အတွက် တင်ဒါ ခေါ်ပြီး စီစစ်ရွေးချယ် နေပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ jမန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးချိန်တွင် ထုတ်လုပ်မှုစရိတ်မြင့်မားသော သဘာဝဓာတ်ငွေ့ စက်ရုံနဲ့ ကျောက်မီးသွေးစက်ရုံတို့ကို လိုအပ်မှသာ ဓာတ်အားထုတ်လုပ်မည့် အရန်စက်များဖြင့် ထားရှိပြီး ဓာတ်အားလိုအပ်ချက်ပေါ်မူတည်ပြီး ပြီးတော့မှာသာ မောင်းနှင်းဖို့အတွက် အစီစဉ်ရှိပါတယ်။ သို့ပါ၍ လက်ရှိတည်ဆောက်နေသော ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မြန်မာအတွင်းမှာရှိတဲ့ ရေအားအရင်းအမြစ်များမှ ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနိုင်ရေးအတွက်ကို လည်း မျှော်မှန်း ထားရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်" ဟု ၎င်းက ပြောဆိုသွားသည်။

Posted by Khit Thit Media on Thursday, 30 July 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts