All News China Watch Local News

ရန်ကုန်အနောက်ပိုင်းစက်မှုဇုန်နှင့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်သစ် ဖော်ဆောင်မည်၊ မွန်အထူးစီးပွားရေးဇုန် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ချိတ်ဆက်မည်

ရန်ကုန်အနောက်ပိုင်းစက်မှုဇုန်နှင့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်သစ် ဖော်ဆောင်မည်၊ မွန်အထူးစီးပွားရေးဇုန် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ချိတ်ဆက်မည်

ရန်ကုန်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် ရန်ကုန်အနောက်ပိုင်းစက်မှုဇုန်နှင့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်သစ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မွန်ပြည်နယ် အထူးစီးပွားရေးဇုန်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောဆိုသည်။

ယမန်နေ့က မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို video conference ဖြင့် ကျင်းပစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးဦးသောင်းထွန်းက ရန်ကုန်အနောက်ပိုင်း စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းသစ်နှင့် မွန်ပြည်နယ်တွင် အကာင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန် သစ်တို့နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိကြောင်း ၊ အထူးစီးပွားရေးဇုန်အသစ် သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာတို့ကို ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မဟာမဲခေါင် ဒေသခွဲ၏ အရှေ့ – အနောက်စင်္ကြံ တို့သို့ ချိတ်ဆက်‌ ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန်သည် အခြားရှိနှင့်ပြီးသော အထူးစီးပွားရေး ဇုန်များထက် ပိုမို ကြီးမားပြီး ချိတ်ဆက်မှု ပိုရရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကဲ့သို့ပင် အထူးစီးပွားရေးဇုန်သစ်သည် ကမ္ဘာ့အဆင့်မီ ပွင့်လင်းမြင်သာမှု ရှိသည့်အပြင် နိုင်ငံတကာနှင့်လည်း ယှဉ်ပြိုင်လာနိုင်မည်ဖြစ် ကြောင်း ပြောဆိုသည်။

ဂျပန်နိုင်ငံ၏စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန် ကြီး Mr.Nakano Hiromasa က မြန်မာနိုင်ငံနှင့် ဂျပန် နိုင်ငံတို့၏ ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါမှု အပေါ် အသိအမှတ်ပြု ကြောင်းနှင့် မြန်မာနိုင်ငံသည် စက်မှု လုပ်ငန်း များတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု တည်ရှိရာ နေရာဖြစ်ကြောင်း ပြောဆိုသည်။

ဂျပန်နိုင်ငံ၏အကြီးမားဆုံး ကော်ပိုရေးရှင်းများဖြစ်သော ဆူမီတိုမို၊ မစ်ဆူဘီရှီ၊ မာရူဘီနီနှင့် ကာဗာကီတို့၏ ကိုယ်စားလှယ်များက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံ များနှင့်ပတ်သက်၍ မြန်မာ အစိုးရ အဆင့်မြင့် အရာရှိ များနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး သီလဝါရှိ One-Stop-shop ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှုများကိုနှင့်စပ်လျဉ်း၍ အပြု သဘောဆောင်သည့် အတွေ့အကြုံများကိုထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းသစ်များအား သိရှိနိုင်ရေး မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်ပေါင်း (၁၀၀၀) ကျော် တက်ရောက်ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး စီးပွားရေးဇုန်များ အကောင် အထည်ဖော်မည့်ကိစ္စ တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts