All News Local News

ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီ ပုထိုးများ စိစစ်၍ ပြန်ဖွင့်ခွင့်ပြုမည်ဟု လူမှုရေးဝန်ကြီး ပြော

ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီပုထိုးများ စိစစ်၍ ပြန်ဖွင့်ခွင့်ပြုမည်ဟု လူမှုရေးဝန်ကြီး ပြော

ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းအတွင်းတွင် Covid – 19 ကပ်ရောဂါကြောင့် ပိတ်ပင်ထားခဲ့သော ဘုရားပုထိုးစေတီများကိုဇူလိုင်လကုန်တွင် ဘုရားစေတီတော်များကို ဇူလိုင် ၃၀ ရက်နေ့ နံနက် ၄ နာရီမှစပြီး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဘုရားစေတီများပြန်လည်ဖွင့်လှစ်နိုင်ခွင့်ရရန်အတွက် Check List များထုတ်ပေးထားပြီး ဘုရားစေတီများကို စိစစ်သွားမည်ဖြစ်ကြောင်း ၊ ဆောင်ရွက်ချက်များပြည့်စုံမှသာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောသည် ။

“ ကျွန်တော်တို့တွေက Check List လို့ခေါ်တာပေါ့ ။ သူတို့ဆောင်ရွက်ရမယ့်ကိစ္စတွေ ကျွန်တော် Check List ထုတ်ပေးထားတယ် ။အဲ့ဒီ Check List အတိုင်းကျွန်တော်တို့က စိစစ်မှာ ။ ဘုရားတွေလိုက်စိစစ်မှာ ။ စိစစ်လို့ သူတို့ဆောင်ရွက်ထားတာပြည့်စုံတယ်ဆိုရင် ကျွန်တော်တို့က ဖွင့်ပေးမှာပေါ့ ” ဟုရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောသည် ။

ဗိုလ်တထောင် စေတီတော်သို့ တက်ရောက်ဖူးမြော်နိုင်ရန်အတွက် Social Distancing ၊ လက်ဆေးခြင်း နှင့် ရင်ပြင်တော်ပေါ်တွင် လူအရမ်းများပြားပါက စောင့်ဆိုင်းစေပြီး တက်ရောက်ဖူးမြော်နိုင်ရန် လုပ်ဆောင်ထားကြောင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောသည် ။

“ ကျွန်မတို့ ဗိုလ်တထောင်ဘုရားထဲမှာတော့ ပေါ့နော် Social Distancing ပေါ့နော် ။ ခြောက်ပေအကွာပေါ့နော် လုပ်ဖို့ပေါ့ ကျွန်မတို့က နဂိုကတည်းက မဖွင့်ခင်ကာလတည်းကပေါ့လေ ။အဲ့လိုမျိုးရှိတယ် ။နောက်လက်ဆေးရမယ် ၊ အဖျားတိုင်းမယ်ပေါ့နော် ။ အဲ့ဒါပြီးမှဝင်ခွင့်ပေးမယ်ပေါ့ေနာ် ။ အဲ့လိုမျိုးပေါ့ ။ ဘုရားပေါ်မှာ လူများတယ်ဆိုရင် စောင့်ခိုင်းထားမယ်ပေါ့ လူတအားများနေရင် အဲ့လိုမျိုးလေးကတော့ အစပိုင်းက စီစဉ်ထားတာရှိပါတယ်ရှင့် ” ဟု ဒေါ်မေစိုးကပြောသည် ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များကို ဖွင့်လှစ်ခြင်းကို Covid – 19 ရောဂါဖြစ်ပွားသည့် ကာလတွင် ခေတ္တယာယီပိတ်ထားခဲ့ရာမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ညွှန်ကြားချက်များ ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပြီး Down Town တွင်းရှိဘုရားစေတီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည် ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts