All News Local News

ပြည်ပပြန် မြန်မာ ၅ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၊ လူနာစုစုပေါင်း ၃၀၄ ဦးရှိလာ

ပြည်ပပြန် မြန်မာ ၅ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၊ လူနာစုစုပေါင်း ၃၀၄ ဦးရှိလာ

ရန်ကုန်၊ ဇူလိုင် ၂

ပြည်ပ နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား ၅ ီဥးတွင် ကိုဗစ်ရောဂါပိုး ဆက်တိုက်တွေ့ရှိရပြီး ကိုဗစ်ရောဂါလူနာပေါင်း ၃၀၄ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၂ ဦး၊ အင်္ဂလန်မှ ပြန်လာသူ ၂ ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ ၁ ဦး စုစုပေါင်း ၅ ဦးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိရကြောင်း၊ အဆိုပါ ၅ ဦးစလုံးမှာ အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ လူနာ ၃၀၄ ဦးရှိလာပြီး လူနာ ၂၁၆ ဦး ရောဂါပိုးကင်းစင် ပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts