Election Local News political news

နေပြည်တော်တွင် NLD ယာယီ ရုံးချုပ် သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်

နေပြည်တော်တွင် NLD ယာယီ ရုံးချုပ် သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးဆောင်ရွက်မှု ဟုကြေညာပြီးနောက် ဇူလိုင်လ ၅ ရက်နေ့ နေပြည်တော်ရှိ NLD ပါတီရုံးချုပ် ယာယီ ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း NLD ပါတီက တရားဝင်သတင်းထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)၊ နေပြည်တော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်ကျင်းပပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း ပါတီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့သည် အဖွဲ့ချုပ်၏ ပါတီစည်းရုံးရေးကိစ္စရပ်များ၊ နယ်မြေစည်းရုံးရေးကိစ္စများကို ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထူးကြေညာချက် ၀၁/ ၀၇/ ၂၀၁၀ ဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ယာယီဌာနချုပ်(ရုံးခွဲ)နေပြည်တော်သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ မလှိုင်လမ်းနှင့် ပန်းရွေပြည်(၃)လမ်းထောင့်၊ အကွက်အမှတ် (၅၆၅၉) တွင်တည်ရှိကြောင်း သိရှိရသည်။

NLD ယာယီ ရုံးချုပ် ရုံးခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညို နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်တို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts