Local News Web TV

နိုင်ငံ့အကျိုးအတွက် အနုပညာကို အားပေးရမည်ဆိုခြင်းမှာ အစိုးရမူဝါဒဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြော(ရုပ်/သံ)

နိုင်ငံ့အကျိုးအတွက် အနုပညာကို အားပေးရမည်ဆိုခြင်းမှာ အစိုးရမူဝါဒဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြော(ရုပ်/သံ)

ရန်ကုန်၊ဇူလိုင် ၂၈

ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ ပြုလုပ်နေသည့်ကာလအတွင်း ရုပ်ရှင်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ရေရှည်အကျိုးအတွက် အနုပညာလုပ်ငန်းများကို အားပေးရမည်ဆိုသည်မှာ အစိုးရမူဝါဒတစ်ခု ဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မင်္ဂလာရုပ်ရှင်ရုံများအုပ်စု၊ ကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဇူလိုင်လ ၂၈ရက်နေ့ ယနေ့တွင် အွန်လိုင်း အပြန်အလှန်ဆွေးနွေးခြင်းတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းဖက်မှာ အဲဒီဟာမှာလည်း အောင်မြင်စေချင်တယ်။ အောင်မြင်စေချင်တယ်ဆိုတာ ကျွန်မတို့ စီးပွားရေးအတွက်တင်မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အခုခေတ်ဆိုရင် ဘယ်လိုပဲပြောပြော ဖျော်ဖြေရေးလုပ်ငန်းဆိုတာ SOFT POWER တစ်ခုပေါ့။ အင်အားပျော့ တစ်ခုပဲဆိုပြီးတော့ တစ်ကမ္ဘာလုံးကနေပြီးတော့ လက်ခံထားပါတယ်။ ကိုယ့်ရဲ့ အနုပညာဆိုင်ရာ တိုးတက်မှု သြဇာရှိမှု လွှမ်းမိုးမှုဆိုတာ တစ်ကမ္ဘာလုံးကို ပျံ့သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က အားပေးတာပါ။ အနုပညာဖက်ကို ဝါသနာပါတာက သက်သက်ပေါ့နော်။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးအတွက် ကျွန်မတို့ကနေပြီးတော့ အနုပညာဆိုင်ရာလုပ်ငန်းတွေကို အားပေးရမယ်ဆိုတာလည်း ကျွန်မတို့ရဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။

ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံက နောက်လာမည့် အစီအစဉ်များတွင် အနုပညာရှင်များနှင့် ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ အခုအနုပညာအကြောင်း ပြောရင်းနဲ့ ရုပ်ရှင်လုပ်ငန်းအကြောင်းပြောရင်းနဲ့ တချို့တွေက အခုကျွန်မတို့ ပရိသတ်ထဲကဆိုရင် ရုပ်ရှင်လုပ်ငန်းအကြောင်း ပြောမယ်ဆိုတော့ ရုပ်ရှင်သရုပ်ဆောင်တွေများ ပါလာမလားလို့ စဉ်းစားတဲ့သူတွေရှိမလားတော့ မသိပါဘူး။ အဲတော့ ပါလာစေချင်တဲ့သူတွေကလည်း များမှာပေါ့။ အဲတာကြောင့် နောက်တစ်ကြိမ် တစ်ခါမှာတော့ အနုပညာရှင်တွေတဲ့ သပ်သပ်ဆွေးနွေးတာ ကျွန်မလုပ်ပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ရုပ်ရှင်လုပ်ငန်းရှိ လုပ်ကိုင်နေသူများကို ရောဂါမဖြစ်ပွားအောင် ပံ့ပိုးခြင်းသည် ရုပ်ရှင်လုပ်ငန်းသည် အလွန်ကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပြီး အလုပ်အကိုင်များ လူပေါင်းများစွာရရှိခြင်း၊ ပြည်သူများကို စိတ်ချမ်းသာပျော်ရွှင်အောင် လုပ်နိုင်ခြင်း၊ ဘဝပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသော လောကဖြစ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီလွန်နှင့် မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။

အနုပညာကို အားပေးရမည်ဆိုခြင်းမှာ အစိုးရမူဝါဒဟု ဒေါ်အောင်ဆန်းစုကြည်ပြော(ရုပ်/သံ)

နိုင်ငံ့အကျိုးအတွက် အနုပညာကို အားပေးရမည်ဆိုခြင်းမှာ အစိုးရမူဝါဒဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြော(ရုပ်/သံ)ရန်ကုန်၊ဇူလိုင် ၂၈ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ ပြုလုပ်နေသည့်ကာလအတွင်း ရုပ်ရှင်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ရေရှည်အကျိုးအတွက် အနုပညာလုပ်ငန်းများကို အားပေးရမည်ဆိုသည်မှာ အစိုးရမူဝါဒတစ်ခု ဖြစ်ကြောင်း ပြောဆိုသည်။အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မင်္ဂလာရုပ်ရှင်ရုံများအုပ်စု၊ ကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဇူလိုင်လ ၂၈ရက်နေ့ ယနေ့တွင် အွန်လိုင်း အပြန်အလှန်ဆွေးနွေးခြင်းတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။“ ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းဖက်မှာ အဲဒီဟာမှာလည်း အောင်မြင်စေချင်တယ်။ အောင်မြင်စေချင်တယ်ဆိုတာ ကျွန်မတို့ စီးပွားရေးအတွက်တင်မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အခုခေတ်ဆိုရင် ဘယ်လိုပဲပြောပြော ဖျော်ဖြေရေးလုပ်ငန်းဆိုတာ SOFT POWER တစ်ခုပေါ့။ အင်အားပျော့ တစ်ခုပဲဆိုပြီးတော့ တစ်ကမ္ဘာလုံးကနေပြီးတော့ လက်ခံထားပါတယ်။ ကိုယ့်ရဲ့ အနုပညာဆိုင်ရာ တိုးတက်မှု သြဇာရှိမှု လွှမ်းမိုးမှုဆိုတာ တစ်ကမ္ဘာလုံးကို ပျံ့သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က အားပေးတာပါ။ အနုပညာဖက်ကို ဝါသနာပါတာက သက်သက်ပေါ့နော်။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးအတွက် ကျွန်မတို့ကနေပြီးတော့ အနုပညာဆိုင်ရာလုပ်ငန်းတွေကို အားပေးရမယ်ဆိုတာလည်း ကျွန်မတို့ရဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံက နောက်လာမည့် အစီအစဉ်များတွင် အနုပညာရှင်များနှင့် ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ “ အခုအနုပညာအကြောင်း ပြောရင်းနဲ့ ရုပ်ရှင်လုပ်ငန်းအကြောင်းပြောရင်းနဲ့ တချို့တွေက အခုကျွန်မတို့ ပရိသတ်ထဲကဆိုရင် ရုပ်ရှင်လုပ်ငန်းအကြောင်း ပြောမယ်ဆိုတော့ ရုပ်ရှင်သရုပ်ဆောင်တွေများ ပါလာမလားလို့ စဉ်းစားတဲ့သူတွေရှိမလားတော့ မသိပါဘူး။ အဲတော့ ပါလာစေချင်တဲ့သူတွေကလည်း များမှာပေါ့။ အဲတာကြောင့် နောက်တစ်ကြိမ် တစ်ခါမှာတော့ အနုပညာရှင်တွေတဲ့ သပ်သပ်ဆွေးနွေးတာ ကျွန်မလုပ်ပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ရုပ်ရှင်လုပ်ငန်းရှိ လုပ်ကိုင်နေသူများကို ရောဂါမဖြစ်ပွားအောင် ပံ့ပိုးခြင်းသည် ရုပ်ရှင်လုပ်ငန်းသည် အလွန်ကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပြီး အလုပ်အကိုင်များ လူပေါင်းများစွာရရှိခြင်း၊ ပြည်သူများကို စိတ်ချမ်းသာပျော်ရွှင်အောင် လုပ်နိုင်ခြင်း၊ ဘဝပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသော လောကဖြစ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီလွန်နှင့် မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။

Posted by Khit Thit Media on Tuesday, 28 July 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts