All News Election Local News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီနှင့်နယ်မြေစည်းရုံးရေး လုပ်ဆောင်မည်ဟု NLD ကြေညာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီနှင့်နယ်မြေစည်းရုံးရေး လုပ်ဆောင်မည်ဟု NLD ကြေညာ

ရန်ကုန်၊ ဇူလိုင် ၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း NLD က ယနေ့ အထူးကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။

“ဟုတ်ပါတယ်။ ကျနော်တို့ NLD က အထူးကြေညာချက်အနေနဲ့ ထုတ်ပြန်လိုက်တာပါ။ သူတို့ ပါတီစည်းရုံးရေးတွေ စလုပ်တော့မှာပါ” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦးသည် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးကိုလည်းကောင်း၊နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ရှိသည်ဟု ကြေညာပြီးနောက် NLD က ယင်းသို့ ကြေညာလာခြင်းဖြစ်သည်။

NLD ၏ အထူးကြေညာချက်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ ၁ ဦးဝင်းမြင့်တို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိဘပြည်သူများနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များကို အသိပေး ကြေညာကြောင်းလည်း ဖော်ပြထားသည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts