All News Local News

ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားနှင့်ပတ်သက်ပြီး သာသနာညိုးနွမ်းစေမှုဖြင့် တရားဦးတိုက်လျှောက်ထားမှု ပလပ်

ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားနှင့်ပတ်သက်ပြီး သာသနာညိုးနွမ်းစေမှုဖြင့် တရားဦးတိုက်လျှောက်ထားမှု ပလပ်

ရန်ကုန်၊ ဇူလိုင် ၉

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ချစ်သုဝေနှင့် ဖခင်ဖြစ်သူ ဦးဇော်ဝင်းတို့ကို သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် တရားရုံးဦးတိုက်လျှောက်ထားမှုကို ယနေ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း သိရှိရသည်။

သရုပ်ဆောင် ချစ်သုဝေနှင့် သူ(မ) ဖခင်ကို အတိုင်ပင်ခံပန်းချီကားကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားရေး လှုပ်ရှားသူ ရှေ့နေ ဦးအေးပိုင်က တရားရုံးဦးတိုက်လျှောက်ထားပြီး တရားစွဲထားမှုအပေါ် ရဲတပ်ဖွဲ့၏ တွေ့ရှိချက်များကို ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က တရားရုံးသို့ တင်ပြခဲ့ပြီးနောက် ပလက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည် ။

“ ကျွန်တော်တို့ကဒီလိုဗျ ၊ တရားရုံးက ပလပ်တဲ့ သုံးသပ်ချက်က ဥပဒေကြောင်းအရ လွဲမှားတယ်လို့ ဒီလိုမြင်ပါတယ်လေ ။ လွဲမှားတယ်လို့မြင်တဲ့အတွက် ကျွန်တော်တို့ က ကျွန်တော်တို့အဖွဲ့ရဲ့အစည်းအဝေးမှာပေါ့နော် အစည်းအဝေးမှာ ပြန်တင်ပြပြီးတော့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။ ဥပဒေကြောင်းအရ ဆိုရင်တော့ အောက်ရုံးကဆုံးဖြတ်ချက်ကို မကျေနပ်ရင် အထက်ရုံးကို ပြင်ဆင်ဖို့အယူခံကိုတက်လို့ရပါတယ် ”ဟု ဦးအေးပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သရုပ်ဆောင်ချစ်သုဝေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားနှင့်ပတ်သက်ပြီး သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts