All News Local News Peace

တောင်ကုတ် ဒေသခံတစ်ဦး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီး တစ်ဦးမှာလည်း ဖမ်းဆီးခံရကာ မိသားစုနှင့်အဆက်အသွယ်ပြတ်

တောင်ကုတ် ဒေသခံတစ်ဦး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီး တစ်ဦးမှာလည်း ဖမ်းဆီးခံရကာ မိသားစုနှင့်အဆက်အသွယ်ပြတ်

ရန်ကုန်၊ ဇူလိုင် ၇

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ချက်ဖောက်ကျေးရွာတွင် နေထိုင်သော ကိုကျော်တင်အောင်ကို တပ်မတော်က ဖမ်းဆီးပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါ အမှုကိစ္စလိုက်ပါဆောင်ရွက်ပေးသူ ကိုပိုင်သက်ကျော်ကပြောဆိုသည်။

ကိုကျော်ထင်အောင်ကို ပြီးခဲ့သည့် ဇွန်လ ၂ရက်နေ့က ၎င်းနေထိုင်ရာနေအိမ်တွင် တပ်မတော်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁လခန့်အကြာတွင် မိသားစုနှင့် တွေ့ခွင့်ရကာ လက်ရှိချိန်တွင် တောင်ကုတ်မြို့နယ် ရဲစခန်းအချုပ်တွင်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ သူ့ကိုဖမ်းသွားပြီးတဲ့နောက် နေအိမ်တွေကို ရှာဖွေရေးလာလုပ်တယ်။ ၃ခေါက်လောက် လာမွှေပြီးတဲ့နောက် ကိုကျော်တင်အောင်တို့နေအိမ်မှာ ဗုံးတွေ့တယ်ဆိုပြီးတော့ အကြမ်းဖက်ဥပမာနဲ့ စွဲထားတယ်လို့သိရတယ်။ ကိုကျော်တင်အောင်ကို သူ့မိသားစုဝင်တွေ အချုပ်မှာသွားကြည့်တုန်းက ရင်ဘက်မှာ ဆေးလိပ်မီးတွေနဲ့ ထိုးထားတာတွေတွေ့တယ်လို့ပြောတယ်။ အဖြူအကွင်းအကွင်းတွေ အများကြီးဖြစ်နေတယ်တဲ့ ပြီးတော့ မျက်နှာကို ပုဝါစီးရိုက်တယ်ပြောတယ်။ ကျွန်တော်တို့ မနေ့က တွေ့တဲ့အခါမှာ နှုတ်ခမ်းနားမှာ ပွန်းပဲ့ရာတွေ တွေ့တယ်။ နောက်မျက်နှာမှာ နည်းနည်းညိုညိုမဲမဲဖြစ်နေတယ်။ အဲဒီဒဏ်ရာတွေရှိတယ်” ဟု ကိုပိုင်သက်ကျော်ကပြောဆိုသည်။

ကိုကျော်တင်အောင်ကို လာမည့် ဇူလိုင်လ ၁ဝရက်နေ့တွင် တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်သွားမည်ဖြစ်ပြီး ၎င်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅ဝ(ဂ)၊ ၅ဝ (ဈ)၊ ၅ဝ (ည) တို့ဖြင့် တရားစွဲဆိုထားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ထို့ပြင် ကိုကျော်တင်အောင်ဖမ်းဆီးခံရသောနေ့တွင် ၎င်းနှင့် တစ်ရွာတည်းနေထိုင်သူ ကိုနေအေးဝင်းကိုလည်း ၎င်းနေအိမ်တွင် တပ်မတော်က လာရောက်ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို လက်ရှိချိန်ထိ မသိရှိရသေးကြောင်း ကိုပိုင်သက်ကျော်ကပြောဆိုသည်။

“ ကိုကျော်တင်အောင်နဲ့ တစ်ရက်တည်း ဖမ်းခံရတဲ့ ကိုနေအေးဝင်းကိုတော့ ဘယ်မှာဖမ်းဆီးထားလည်းဆိုတာ ကျွန်တော်တို့ အခုချိန်ထိ မသိရသေးဘူး။ သူ့ကို ဘာလို့ဖမ်းတာလဲ ကိုကျော်တင်အောင်နဲ့ အမှုတွဲလားဆိုတာ လည်းမသိရသေးဘူး” ဟု ၎င်းကပြောဆိုသည်။

တောင်ကုတ်မြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ဒုဥက္ကဋ္ဌ (၁) ဦးဝေသောင်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုမိုင်ကယ်(ခေါ်)ကိုစည်သူကျော်ဇင်တို့ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားသည်။

အလားတူ တောင်ကုတ်မြို့နယ်အတွင်းရှိ မအီမြို့တွင်လည်း ဒေသခံ၃ဦးခန့်ကို တပ်မတော်က ဇွန်လနှင့်ဇူလိုင်အတွင်း ထပ်မံဖမ်းဆီးမှုများပြုလုပ်ခဲ့ကာ မည်သည့်နေရာတွင် ဖမ်းဆီးထားပြီး မည်သို့အရေးယူဆောင်ရွက်ထားသည်ကို မသိရှိရသေးကြောင်း ကိုပိုင်သက်ကျော်က ဆက်လက်ပြောဆိုသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts