All News China Watch Local News Peace

တရုတ်နိုင်ငံက အကြွေးထူစေခြင်းဖြင့် မြန်မာ့အချုပ်အခြာအာဏာကို ဆုံးရှုံးရစေသည့် ခေတ်သစ်နည်း လုပ်ဆောင်ဟု ရန်ကုန် အမေရိကန်သံရုံးလူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ဝေဖန်

တရုတ်နိုင်ငံက အကြွေးထူစေခြင်းဖြင့် မြန်မာ့အချုပ်အခြာအာဏာကို ဆုံးရှုံးရစေသည့် ခေတ်သစ်နည်း လုပ်ဆောင်ဟု ရန်ကုန် အမေရိကန်သံရုံးလူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ဝေဖန်

ရန်ကုန်၊ ဇူလိုင် ၁၈

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးနှင့်သစ်တောလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုမရှိသော ရင်းနှီးမြှုပ်နှံမှုများဖြင့် အကျင့်ပျက်ခြစားမှုဖြစ်စေရန် နှင့် ကုန်းတွင်းပိုင်းအဆောက်အအုံများ တည်ဆောက်ရမည့်အစား အကြွေးထူလာပြီး မြန်မာ့အချုပ်အခြာအာဏာဆုံးရှုံးရစေသည့်ခေတ်သစ်နည်း လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးလူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ဝေဖန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ချ်အန်ဆစ်ဘလီက တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ ခေါင်းစဉ်ဖြင့် သုံးသပ်ချက်တစ်ခုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး လူမှုစာမျက်နှာတွင် ယနေ့ ညနေ ၅ နာရီက ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်တွင် ပေါ်ပေါ်တင်တင် တရုတ်နိုင်ငံ၏ လုပ်ရပ်များနှင့်ပတ်သက်၍ ဝေဖန်လိုက်ခြင်းဖြစ်သည်။

ကိုဗစ်ကာလတွင် ကမ္ဘာ့နိုင်ငံများ ရုန်းကန်နေရချိန်တွင် တရုတ်နိုင်ငံသည် ဒီမိုကရေစီစနစ်ကို နှိမ်နှင်းမှုနှင့် အခြားနိုင်ငံများ၏အချုပ်အခြာအာဏာအပေါ် မလေးစားမှုများကို ဆက်လက်ပြသနေခဲ့ကြောင်း၊ ဟောင်ကောင်၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီစိတ်ဓာတ်ကို ရန်လိုစွာ နှိမ်နှင်းနေခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းမှ အာဆီယံနိုင်ငံများ၏ အချုပ်အခြာအာဏာကို အနှောင့်အယှက်ဖြစ်စေမည့် မကြုံစဖူးလှုပ်ရှားမှုကိုလည်း ဆက်၍လုပ်ဆောင်နေခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ မူ တရုတ်နိုင်ငံသည် အကြွေးထူစေခြင်းဖြင့် အချုပ်အခြာအာဏာ ဆုံးရှုံးရစေသည့် ခေတ်သစ်နည်း လုပ်ဆောင်နေသည်ဟု တရားဝင် လူသိရှင်ကြား ထုတ်ဝေဖန်လိုက်သည်။


“သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုမရှိသော ငှက်ပျောခင်းများစိုက်ပျိုးရေးကို ကချင်ပြည်နယ်အတွင်း လုပ်ဆောင်နေသည်။ မှန်ကန်သော ပင်လယ်ပြင်ဆိုင်ရာ တောင်းဆိုတင်ပြမှုအစား သတ္ထုတူးဖော်ခြင်းနှင့် သစ်တောလုပ်ငန်းများတွင် စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုမရှိသော ရင်းနှီးမြှုပ်နှံမှုများဖြင့် အကျင့်ပျက်ခြစားမှုဖြစ်စေရန် လုပ်ဆောင်နေသည်။ ကုန်းတွင်းပိုင်းအဆောက်အအုံများ တည်ဆောက်ရမည့်အစား အကြွေးထူလာပြီး စည်းမျဉ်းစည်းကမ်း ထိန်းချုပ်မှုကို ထိုးအပ်လိုက်ရကာ မြန်မာပြည်သူများထက် တရုတ်နိုင်ငံက ပို၍အကျိုးရှိစေမည့် အခြေခံအဆောက်အအုံစီမံကိန်းများနှင့် အထူးစီးပွားရေးဇုန်များကို တည်ဆောက်ရန် ဖော်ဆောင်နေသည်။ ဤသည်မှာ သိသိသာသာ၊ ဗြောင်ကျကျ မဟုတ်ဘဲ အချိန်ကြာလာသည်နှင့်အမျှ ဖြည်းဖြည်းချင်း တိုက်စားမှုကို ဦးတည်စေမည့် အသေးအနုတ်လေးများကို ဖြန့်ကျက်စေသော နည်းလမ်းတရပ်ကတဆင့် အချုပ်အခြာအာဏာ မကြာခဏ ဆုံးရှုံးရစေသည့် ခေတ်သစ်နည်းဖြစ်သည်” ဟု ရန်ကုန်အမေရိကန်သံရုံးယာယီတာဝန်ခံက ရေးသားထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts