All News Local News Peace

တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် ဆိပ်ကမ်းဆိုင်ရာစီးပွားရေးဆက်နွယ်နေမှု ရပ်တန့်မည်ဟု ဗြိတိန်အခြေစိုက် Portia ကုမ္ပဏီကြေညာ

တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် ဆိပ်ကမ်းဆိုင်ရာစီးပွားရေးဆက်နွယ်နေမှု ရပ်တန့်မည်ဟု ဗြိတိန်အခြေစိုက် Portia ကုမ္ပဏီကြေညာ

ရန်ကုန်၊ ဇူလိုင် ၂၅

ဗြိတိန်နိုင်ငံအခြေစိုက် Portia ဝန်ဆောင်မှုကုမ္ပဏီက တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီ ပိုင်ဆိုင်သော ဗိုလ်အောင်ကျော်ဆိပ်ကမ်း TMT စီမံခန့်ခွဲမှု ဆောင် ရွက် ရေး လုပ်ငန်းများကို ရပ်တန့်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဗိုလ်အောင်ကျော်ဆိပ်ကမ်း (TMT ဟု အမည်ပြောင်းထား)ကို တပ်မတော်ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်ပြီး ယင်းဆိပ်ကမ်းကို တစ်နှစ်ငှားရမ်း ခ အမေရိကန်ဒေါ်လာ ၃ မီလီယံဖြင့် KT Group ငှားရမ်းခဲ့ကြောင်း၊ KT Group က Portia နှင့် ဆိပ်ကမ်းစီမံခန့်ခွဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်သည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း Burma Campaign UK ၏ ထုတ်ပြန်ချက်ကြေညာချက်အရ သိရှိရသည်။

Justice for Myanmar အဖွဲ့က Portia ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး နိုင်ငံတော်ပိုင်ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်း ကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်သို့ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်း ပေးအပ်ရာတွင် အဂတိလိုက်စားမှုရှိခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်အဖွဲ့ ပါဝင်ပတ်သက်ခဲ့ကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်အဖွဲ့ကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် ဒါရိုက်တာတစ်ဦးဖြစ်သူက ဦးဆောင်နေခြင်းဖြစ်ပြီး ပြစ်မှုမြောက်သည့် အကျိုးစီးပွား ပဋိပက္ခတစ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

မြန်မာစစ်တပ်နှင့်စီးပွားရေး ဆက်ဆံမှုဖြတ်တောက်ရန် စီးပွားရေးလုပ်ငန်းအားလုံးကို Justice For Myanmar က တောင်းဆိုလိုက်ပြီး စစ်တပ်စီးပွား ရေးလုပ်ငန်းစုများကို မဖြစ်မနေ ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ စစ်တပ်ကို အရပ်ဘက်ထိန်းချုပ်မှု အောက်တွင် မဖြစ်မနေ ထားရှိရမည်ဖြစ်ကြောင်း Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Portia ကုမ္ပဏီအနေဖြင့် ဦးပိုင်ကုမ္ပဏီနှင့် စီးပွားရေး ရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် Burma Campaign UK အမည်ပျက်စာရင်းမှ ပယ်ဖျက်ခံရမည်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်နွယ်သော ၊ လူ့အခွင့် အရေးချိုးဖောက်မှုနှင့်ဆက်နွယ်သော ကုမ္ပဏီ ၁၀၀ ခန့်ကို အမည်ပျက်စာရင်း Burma Campaign UK က ကြေညာထားသည်။

ဓာတ်ပုံ- ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း ယခု TMT Port ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts