All News Local News Peace

ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၅၈ နှစ်ပြည့် ဗကသများအဖွဲ့ချုပ်က ရန်ကုန်တက္ကသိုလ်သမဂ္ဂရင်ပြင်နီသို့ သွားရောက်အလေးပြု

ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၅၈) နှစ်ပြည့် ဗကသများအဖွဲ့ချုပ်က ရန်ကုန်တက္ကသိုလ်သမဂ္ဂရင်ပြင်နီသို့ သွားရောက်အလေးပြု

ရန်ကုန်၊ ဇူလိုင် ၇

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ကျောင်းသားသမဂ္ဂအဆောက် အအုံကို မိုင်းခွဲဖျက်ဆီးခဲ့သည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၅၈) နှစ်ပြည့် အထိမ်းအမှတ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ရန်ကုန်တက္ကသိုလ်သမဂ္ဂရင်ပြင်နီသို့ သွားရောက်အလေးပြုခဲ့ကြောင်း သိရှိရသည်။

ကျောင်းသားများက ရန်ကုန်တက္ကသိုလ် သမဂ္ဂရင်ပြင်နီ သို့ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် သွားရောက် အလေးပြု ခဲ့ပြီး ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခဲ့ကြောင်း၊ ဗကသများအဖွဲ့ချုပ်နှင့်အတူရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့၊ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းသားများသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ တို့ပါ ပူးပေါင်းအလေးပြုခဲ့ကြကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts