All News Local News Peace

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှု အကောင် အထည်ဖော်ပြီး ကရင်ပြည်သူများနှင့် ပူးပေါင်းမည်ဟု KNU ထုတ်ပြန်

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှု အကောင် အထည်ဖော်ပြီး ကရင်ပြည်သူများနှင့် ပူးပေါင်းမည်ဟု KNU ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင့်အမျိုးသားအစည်းအရုံးKNU က ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှု အကောင် အထည်ဖော်ပြီး ကရင်ပြည်သူများနှင့် ပူးပေါင်းမည်ဟု ယနေ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ဇူလိုင်လ ၂၁ရက်မှ စတင်ကာ ၃ရက်ကြာပြုလုပ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးခြင်းများကို ဆက်လက်အကောင်အထည်ဖော်ပြီး ကရင်ပြည်သူများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့များနှင့် ပူးပေါင်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

“ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် (၇)ကြိမ်မြောက် KNU-ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးမှ KNU(ကရင်အမျိုးသားအစည်းအရုံး)၏ ချမှတ်ထားသော ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးခြင်းဆိုင်ရာ အကောင် အထည်ဖော်ခြင်းများတို့ကို ဆက်လက်အကောက်အထည်ဖော် ပြုလုပ်သွားမည်ဖြစ်ပြီး မိမိကရင်ပြည်သူထုများနှင့် အတူ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ေကြာင်း ထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

KNU အရေးပေါ် အစည်းအဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ဆိုင်ရာအကောင်အထည်ဖော်မှုများ၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးဆိုင်ရာနှင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တို့နှင့် ပတ်သက်ပြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများတို့ကို ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု ပင်လုံ- စတုတ္ထအစည်းအဝေး) နှင့် ပတ်သက်သည့် အကြောင်းအရာများ ၂ဝ၂ဝ အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်သွားနိုင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်နှင့် အာမခံချက်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတို့ကို အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

KNUအရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၂၁ရက်နေ့မှ ဇူလိုင်လ ၂၃ရက်နေ့ထိ ၃ရက်တိုင်ပြုလုပ်ခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် (၅၂)ဦးရှိသည့်အနက် ကော်မတီဝင် (၃၉)ဦး နှင့် အထူးဖိတ်ကြားထားသူ ၇ဦးတက်ရောက်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့က အရပ်သားအမျိုးသမီးတစ်ဦးကို တပ်မတော်သား ၂ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများလုယက်ကာ ပစ်သတ်ခဲ့သောဖြစ်စဉ်အပါအဝင် တခြားကျေးရွာများရှိ အရပ်သားပြည်သူတစ်ချို့ကို တပ်မတော်က ပစ်သတ်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၂ရက်နေ့တွင် ဒေသခံပြည်သူ ၁၅ဝဝကျော်က တပ်မတော် တပ်စခန်း ၄ခုရုပ်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts