All News Local News Peace

ကျောက်ဖြူတွင် အရပ်သား၂ဦးကို တပ်မတော်က မသင်္ကာမှုဖြင့် ဖမ်းဆီးမှုမိသားစုနှင့် အဆက်အသွယ်ပြတ်နေ

ကျောက်ဖြူတွင် အရပ်သား၂ဦးကို တပ်မတော်က မသင်္ကာမှုဖြင့် ဖမ်းဆီးမှုမိသားစုနှင့် အဆက်အသွယ်ပြတ်နေ

ရန်ကုန်၊ ဇူလိုင် ၁ဝ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် ပြီးခဲ့သည် ဇူလိုင်လ ၇ရက်နေ့က နံနက် ၅နာရီခန့်က မသင်္ကာမှုဖြင့် ကျောက်ဖြူမြို့ အခြေစိုက် ခလရ ၃၄က ဖမ်းဆီးသွားသော အရပ်သား ၂ဦးကို ယနေ့ချိန်ထိ ပြန်လှစ်ပေးခြင်းမရှိသေးဘဲ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောဆိုသည်။

“ ကျွန်တော်တို့ ဇူလိုင်လ ၇ရက်နေ့ မနက် ၅နာရီလောက်မှာ ခလရ ၃၄ကနေပြီးတော့ ဇင်ချောင်းကျေးရွာနားကို ရောက်လာတယ်။ အဲလိုရောက်လာတဲ့အခါကျတော့ ပယောက ဆေးကုဆရာတစ်ယောက်ရယ်။ နောက်ဖုန်းဆိုင်ပိုင်ရှင် တစ်ယောက်ရယ်။ နောက် ၂ယောက်ကတော့ ပင်လယ်ကမ်းနားကို ထင်းခွေဖို့ သွားတဲ့သူလို့ပြောတယ်။ ၄ယောက်ကိုဖမ်းတယ်။ သူတို့ကိုဖမ်းပြီးတော့ သူတို့က စစ်ဆေးတဲ့အခါကျတော့ ပယောက ဆရာကောင်လေးမှာတော့ ဖုန်းထဲမှာ ကျွန်တော်တို့ AA နဲ့ ပတ်သက်တဲ့ဖိုင်တွဲတွေပေါ့။ တွေ့လို့ဆိုပြီး ဖမ်းထားတယ်ပေါ့။ နောက်တစ်ခါဖုန်းဆိုင်ကလည်း သူဆီကလည်း ဘာတွေတွေ့လည်းမသိဘူး။ အဲတာသူတို့နှစ်ယောက်ကို အခု ခလရ ၃၄မှာ ချုပ်နှောင်ထားတယ်။ ဟိုနှစ်ယောက်ကိုတော့ စစ်ဆေးပြီးတော့ ၂နာရီလောက်မှာလွှတ်လိုက်တယ်လို့ပြောတယ်။ သူ့တို့ရဲ့ မိသားစုဝင်က တပ်ထဲကို သွားမကြည့်ရဲဘူးပေါ့” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၄ဦးမှာ အသက် ၃၈ နှစ်အရွယ် ဦးမောင်အေးနိုင် ပယောက ဆေးကုဆရာနှင့် အသက် ၂၅ နှစ်အရွယ် ဦးဝင်းနိုင် ဖုန်းဆိုင်ပိုင်ရှင်တို့ဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူ ၂ဦးမှာ အသက် ၃၃နှစ်အရွယ် ဦးဝင်းသိန်းအောင် နှင့် အသက် ၅၅ နှစ်အရွယ် ဦးအောင်စိုးထွန်းတို့ဖြစ်ကြောင်း သိရသည်။

“ သူတို့က ဖမ်းပြီးရင် AA နဲ့ ပတ်သက်တယ် ပုံစံမျိုးပေါ့။ ဒါပေမယ့် ဖုန်းတွေတိုင်းမှာတော့ လူတိုင်းလူတိုင်းမှာတော့ အဲလို AAကထုတ်ပြန်တဲ့ဟာတွေ အွန်လိုင်းမှာ ထုတ်ပြန်တဲ့ဟာတွေ Download ဆွဲထားတာရှိတယ်။ Zapya နဲ့ကူးထားတာတွေရှိတယ်။ အဲလိုဟာတွေမြင်တွေ့တိုင်းကို သူတို့ကနေပြီးတော့ AA နဲ့ ပတ်သက်တယ်ဆိုပြီး သံသယနဲ့ဖမ်းမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ လူကျန်တော့မှာ မဟုတ်ဘူး။ လူတိုင်းမှာရှိတယ်။ သူတို့ကိုဖမ်းပဲဖမ်းထားတယ်။ ဘာဆက်လုပ်ဆောင်ထားလဲ။ ဘာမှမသိရသေးဘူး။ သူတို့ကိုတပ်ထဲမှပဲ ရှိလိမ့်မယ်။ တကယ်လို့များသူတို့က မသင်္ကာဘူးဆိုရင်လည်း ဒီလူတွေကို ပုဒ်မတွေ တတ်ပြီးတော့ ရဲစခန်းကို ပို့ရင်လည်း ပို့လိမ့်မယ်လို့ အဲလိုယူဆပါတယ်။ တကယ်လို့ ရဲစခန်းကိုပို့တယ်ဆိုရင်လည်း ဘာအမှုနဲ့ ပို့တယ်ဆိုတာ သူတို့က ကျွန်တော်တို့ဆီကို အကြောင်းကြားရင် ကာယကံရှင် မိသားစု သဘောအတိုင်းပဲပေါ့” ဟု ၎င်းကပြောဆိုသည်။

တပ်မတော်က ဖမ်းဆီးထားသူများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်ပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts