All News interview Peace

ကရင်ပြည်နယ်၊ ဖာပွန်တွင် တပ်မ တော် ကို ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်လာနေမှုနှင့် အမြင်သဘောထားများ

ကရင်ပြည်နယ်၊ ဖာပွန်တွင် တပ်မတော်ကို ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်လာနေမှုနှင့် အမြင်သဘောထားများ

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် ကျေးရွာသူ အသက် ၄၀ နှစ်အရွယ် နော်မူနော်ကို ဇူလိုင်လ ၁၆ ရက်နေ့ တပ်မတော်သား ၂ ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများ လုယက်ပြီး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကရင်ဒေသခံ ၁၅၀၀ ကျော်က ဇူလိုင်လ ၂၃ ရက်နေ့တွင် လည်းကောင်း ၊ ကရင်ပြည်သူ ၄၅၀၀ ကျော်က ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်းကောင်းတပ်မတော်ကို ဆန္ဒပြခဲ့ကြကာ တပ်မတော်စခန်းများ ရုပ်သိမ်းရန် တောင်းဆိုနေကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇူလိုင်လ ၂၈ ရက်နေ့ တပ်မတော် ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော ဒေါ်နော်အုန်းလှ၊ ဦးစောဘီတို့ကိုလည်းကောင်း၊ ဆန္ဒပြပွဲဖြစ်ပွားရာ ယင်းဒေသမှ KNU မူတြော်ခရိုင် ဥက္ကဋ္ဌ ဦးကင်ဒန်းတို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှ

မေး။ ။ မနေ့က ဆန္ဒပြပွဲ ပါဝင်ခဲ့တယ်ဆိုတော့ သိသလောက် ပြန်ပြောပြပေးပါ။
ဖြေ။ ။ ကမမောင်းအဝင်ထိပ်မှာ သူတို့က JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) ကလူတွေက ညှိထားပေးတယ်ပေါ့။ အဲမှာ ကိုဗစ် ကာလရောဂါအခြေအနေကြောင့် အဲဒီမှာပဲ ရပ်ခိုင်းတယ်။ သူတို့လည်း အဲမှာပဲ ရပ်လိုက်ပါတယ်။

ကမမောင်း မဝင်ဘူးဆိုတာ JMC ကလည်း အဲဒီမှာပါဝင်ပြီးတော့မှ ကူညီတယ်ပေါ့။ ပြောချင်တာကတော့ အဲဒီတော့ ရွာကာလူတွေကလည်း အားလုံးပဲ နားထောင်ပါတယ်။ သူတို့အဲမှာပဲ ရပ်လိုက်တာပေါ့။

မေး။ ။အဲဒီဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမြင်သိချင်ပါတယ်။

ဖြေ။ ။ ဆန္ဒပြတယ်ဆိုတာ သူတို့က တစ်နေရာမဟုတ်ဘူး လေးငါးနေရာမှာ ဒီလိုစစ်သားတွေ သေနတ်နဲ့ ပစ်သတ်တယ်ဆိုတာ တော်တော်များတယ်ပေါ့။ ငါးနေရာလောက်ရှိတယ်။ ဒီလိုမျိုးဖြစ်တဲ့သူတို့မှာ တစ်အားကို စစ်တပ်တွေ ငြိမ်းချမ်းရေးယူပြီးမှဖြစ်လာတယ်။

စစ်စခန်း တိုးလာတယ်။ အဲဒါကျတော့ အဲဒီအပေါ်မှာ သူတို့ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အရပ်သား လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ လက်နက်ကိုင်ပြီးတော့မှ မတရားလုပ်တာပဲ။ အဲတော့ ဒီပေါ်မှာ သူတို့က ဒီပေါ်မှာ ရင်ဘတ်ခြင်းတူတယ်ပေါ့။ လူတိုင်းလာကျတယ်။ အဲလို မတရားလုပ်တာကို တစ်ယောက်တည်းမဟုတ်ဘဲ အားလုံးပေါင်းပြီးတော့ ဆန္ဒဖော်ထုတ်မယ်ဆိုပြီးတော့ သူတို့က အဲလိုလာတာ တချို့ဆိုရင် မသိဘူး။

မနက်မှ သိလို့လာကျတယ်ပေါ့။ အဲလိုမျိုးတွေ တွေ့ရတယ်။ တချို့ဆို မနေ့ကတည်းက ကြိုလာကျတဲ့သူတွေရှိတယ်။ သူတို့က ဘာလို့လာလဲဆိုတော့ သူတို့အနေနဲ့ ဒီလိုမျိုးမတရားခံရတဲ့အမှုအပေါ် ဖော်ပြမှ ရတော့မယ်ဆိုတဲ့ အသိနဲ့ သူတို့လာတာပေါ့။

မေး။ ။ ဒီလိုမျိုးသူတို့ တောင်းဆိုချက်တွေ မရဘူးဆိုရင် ဘာတွေဆက်ဖြစ်နိုင်မလဲ။

ဖြေ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတာကို အခုသူတို့ သိလာပြီပေါ့။ ငြိမ်းချမ်းရေးယူလိုက်တယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်လာတယ်။ အရင်တုန်းက ငြိမ်းချမ်းရေးမရှိလို့ အခုက ငြိမ်းချမ်းရေးယူပြီးမှ လက်မှတ်ထိုးပြီးမှ ဒီလိုစစ်သားတွေကျူးလွန်တာလေ။ အဲဒါကြောင့် ဒီအပေါ်မှာ သူတို့အနေနဲ့ ဒီတိုင်းနေလို့မရတော့ဘူး။ ကမ္ဘာသိအောင်လုပ်ရမယ်ဆိုပြီးတော့ သူတို့ ဆန္ဒထုတ်ဖော်တယ်လို့မြင်တာတယ်။

မေး။ ။ သူတို့တောင်းဆိုသလို တပ်စခန်းတွေ အဲဒီနယ်မြေက မထွက်သွားရင် ဒါမျိုးပုံစံတွေ ထပ်ဖြစ်လာနိုင်လား။

ဖြေ။ ။ အဲတာကတော့ ကျွန်မတော့ မပြောတတ်သေးဘူး။ လောလောဆယ်တော့ ဒေသခံတွေကတော့ သူတို့ရဲ့ ဒီအပေါ်မှာကတော့ ကျေနပ်မှုမရှိဘူး။ စစ်တပ်က ဒီလိုမျိုး လူတွေကို လေးလေးစားစား မရှိတဲ့ အပေါ်မှာတော့ ဒေသခံတွေက လက်မခံဘူးဆိုတာ ဖော်ပြတာပဲ။

မေး။ ။ ဒီလိုမျိုး ပြည်သူတွေကတောင်းဆိုတယ်ဆိုတော့ အန်တီနော်တို့ အနေနဲ့ ဘာဆက်လုပ်ပေးဖို့ရှိမလဲ။

ဖြေ။ ။ ဒီဟာက ဘာပြောပြော ဒီကိစ္စကတော့ စစ်သား ၂ယောက်သည် နိုင်ငံသားတွေအပေါ်မှာ သူတို့ နေ့တိုင်း သစ္စာဆိုနေတာက နိုင်ငံတော်နဲ့ နိုင်ငံသားသစ္စာရှိပါမည်။ ဒီလိုပြောပြီးတော့မှ နိုင်ငံသားတွေအပေါ်မှာ ဒီလိုလုပ်တာတော့ အန်တီတို့ လက်ခံစရာမရှိပါဘူး။ အဲတော့ ဥပဒေနဲ့အညီ လုပ်နိုင်အောင် အန်တီကြိုးစားမယ်။

မေး။ ။ ဥပဒေနဲ့အညီဆိုတော့ ဘယ်လိုပုံစံမျိုး လုပ်ဆောင်ဖို့ရှိမလဲ။

ဖြေ။ ။ သူတို့က လက်နက်ရှိတယ်။ လူထုတွေကို လက်နက်အားကိုးပြီးတော့မှ ဒါမတရား သတ်ဖြတ်ပြီးတော့ ပြစ်မှုကျူးလွန်တာပဲပေါ့။ ဒီအမှုက အမှုဖွင့်ရမယ့် ကိစ္စဖြစ်တယ်ပေါ့။ တကယ်တမ်း ဒီနေရာဒေသတွေက စစ်တပ်နယ်မြေဖြစ်တယ်။

စစ်တပ်နယ်မြေဖြစ်တဲ့အတွက် စစ်တပ်နယ်မြေမှာ သူတို့ရဲ့ စခန်းတွေလည်းရှိတယ်။ ရဲစခန်းတွေရှိတယ်။ ဒီအပေါ်မှာ အမှုဖွင့်ရပါလိမ့်မယ်။ အမှုဖွင့်တယ်ဆိုတာကတော့ ဒါကိုယ့်ရဲ့ နစ်နာမှု မတရားခံရမှုအပေါ် အမှုဖွင့်ရမှာပဲလေ။ ရဲစခန်းဆောင်ရွက်တဲ့အပေါ်မှာ ဘယ်လိုသွားမယ်ဆိုတာ အန်တီတို့ ပြောရမှာပဲဖြစ်တယ်။

မေး။ ။ ဘယ်စခန်းမှာဖွင့်မှာလဲ။

ဖြေ။ ။ အဲမှာဖြစ်တဲ့နေရာကတော့ ဖွာပွန်နဲ့ သိပ်မဝေးဘူးပေါ့။ အန်တီက သူတို့နဲ့ တိတိကျကျ စကားမပြောခဲ့ရဘူး။ စကားမပြောခဲ့ရတော့ ထပ်ပြီးတော့ သွားဖို့လိုတယ်။ သူတို့နဲ့ ညှိနှိုင်းတိုင်ပင်ရမှာပေါ့။ ရဲစခန်းမှာသွားပြီးတော့ အမှုဖွင့်ပေးဖို့တော့ရှိတယ်။

မနေ့က ဆန္ဒဖော်ထုတ်တာတွေနဲ့ အလုပ်တွေရှုပ်နေကျတော့ ဘယ်စခန်းမှာဖွင့်မှာလဲ ဘာလဲဆိုတာ ဆွေးနွေးဖို့ အချိန်မရတော့ မဆွေးနွေးရသေးဘူး။ ဒါပေမယ့် ပြောပြခဲ့တယ်။ အမှုဖွင့်ရမယ်။ ဒါက မတရားလုပ်တဲ့ ကိစ္စဖြစ်တဲ့အတွက် အမှုဖွင့်ကိုဖွင့်ရမယ်။ အမှုဖွင့်မှ ဒီအမှုက ပေါ်ပေါက်မှာလေ။ စစ်တပ်က လုပ်နေတဲ့ဟာနဲ့ တစ်ပိုင်းဆီပဲပေါ့။

မေး။ ။ အန်တီနော်တို့ကကော ဒီလိုအမှုဖွင့်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာတွေကူညီသွားပေးဖို့ရှိမလဲ။

ဖြေ။ ။ အန်တီတို့က ဥပဒေ ဒီလိုဒီလိုရှိတယ်ဆိုတာ သူတို့ကို ပြောပြမယ် အရင်ဆုံး။ သူတို့က နားလည်ချင်မှာ နားလည်မယ်။ ရွာမှာနေတဲ့အတွက်ကြောင့်လည်း သိချင်မှသိမယ်ပေါ့။ ဒီလိုအမှုဖွင့်လို့ ရတယ်ဆိုတာ သူတို့ကို ပြောပြမယ်လေ။ လုပ်တာက သူတို့ကိုယ်တိုင်လုပ်မှာပေါ့။ အန်တီနော်တို့က ဝန်းရံပေးရမှာပေါ့။

KNU မူတြော်ခရိုင် ဥက္ကဋ္ဌ ဦးကင်ဒန်းနှင့် ဆက်သွယ်မေးမြန်းချက်

မေး။ ။ မနေ့ကဆန္ဒပြပွဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း၊ အဲဒီဘက်က ဒေသခံတွေ ဘာကြောင့် လမ်းပေါ်ထွက်လာတယ်လို့ သိရလဲ။

ဖြေ။ ။ ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက် ပထမအချက်ကတော့ ၂ဝ၂ဝ၊ ၁လပိုင်း ၂ရက်နေ့ကပေါ့။ ဝါသိုးခိုရွာသားတစ်ဦးကို တပ်မတော် စကခ-၈ လက်အောက်ခံ ခမရ-၄ဝ၈က ပစ်သတ်တဲ့အချက်။ နောက်တစ်ခုက ၂ဝ၂ဝ၊ ၃လပိုင်း ၅ရက်နေ့က တပ်မတော် ခမရ- ၃၃၈ကနေပြီးတော့ သစ်တော် ပုလိပ်တစ်ယောက်ကိုလေ ပစ်သတ်ခဲ့တဲ့ကိစ္စ။ နောက်တစ်ချက်က ၂ဝ၂ဝ၊ ၅လပိုင်း ၇ရက်နေ့က စကခ-၈ လက်အောက်ခံ ခမရ ၄၁ဝ ကနေပြီးတော့ ဝါသိုးခို ကျေးရွာထဲကို လက်နက်ကြီးပစ်ချတဲ့ အချက်။ နောက်တစ်ခုက ၂ဝ၂ဝ၊ ၅လပိုင်း၊ ၉ရက်နေ့က စခက-၈ လက်အောက်ခံ ခမရ ၄၁ဝ ကနေပြီးတော့ ကူးဆိပ်ရွာသား တစ်ဦးကို ပစ်တဲ့ကိစ္စ။ နောက်တစ်ချက်က စကခ-၈ လက်အောက်ခံ ခမရ- ၄ဝ၉ ကနေပြီးတော့ ပိုလိုထာကျေးရွာသူလေးကို ပစ်သတ်တဲ့ကိစ္စ၊ နောက် စကခ-၈ လက်အောက်ခံ ခမရ- ၄ဝ၅ကနေပြီးတော့ ဝါသိုးထာရွာသားတစ်ဦးကို ပစ်တဲ့ကိစ္စ အဲဒီအချက်တွေကို မူတည်ပြီးတော့ သူတို့ ဒီလို အဖြစ်အပျက်မျိုးကို မကျေနပ်တဲ့အတွက်ကြောင့် ဆန္ဒပြရတာပေါ့။

မေး။ ။ လူထုဘက်က အဓိကဘာတွေ တောင်းဆိုတယ်လို့ သိထားလဲ။

ဖြေ။ ။ သူတို့ အဓိကတောင်းဆိုတဲ့ အချက်ကတော့ သူတို့နယ်မြေထဲမှာရှိတဲ့ဲ မြန်မာစစ်တပ်ရဲ့ တပ်စခန်းပေါ့လေ။ အဲတာ ဆုတ်ခွာပေးဖို့ သူတို့တပ်စခန်းရှိခဲ့ရင် သွားရေးလာရေးအတွက်သော်လည်းကောင်း စားသောက်ရေး အတွက်သော်လည်းကောင်း ပူပင်ကြောင့်ကျ နေရတဲ့အတွက် နောက်ပြီးတော့ သွားရေးလာရေးလည်း လွတ်လွတ်လပ်လပ်မရှိတဲ့အခါ ရွာတွေမှာ ဒီစခန်းရှိနေတဲ့ ကာလပတ်လုံး သူတို့အတွက်လည်း ဘဝအေးချမ်းလုံခြုံမှု မရှိတဲ့အတွက်ကြောင့် ဒီအချက်လေးတွေကို အခြေခံပြီးတော့ ဒီအထိုင်စခန်းလေးကို ဆုတ်ခွာပေးဖို့ သူတို့တောင်းဆိုတာပါ။

မေး။ ။ မနေ့က ဆန္ဒပြပွဲက သက်ဆိုင်ရာ အစိုးရဆီ ခွင့်ပြုချက် တင်ထားတာလား၊ KNU ကိုရော အသိပေးလား။

ဖြေ။ ။ အဲတာက ကျွန်တော်တို့ ဟိုဖက်မှာ အစိုးရဖက် ခွင့်ပြုချက် တင်တာလား။ မတင်တာလား။ မသိဘူး။ ဒါပေမယ့် မနေ့က သူတို့နဲ့ ကျွန်တော်တို့နဲ့ အဆက်အသွယ်လုပ်ပြီးတော့ အဲတာသူတို့ဆန္ဒ ပြရတဲ့ရည်ရွယ်ချက်ကတော့ ခုနအပေါ် အခြေခံပြီးတော့ သူတို့လုပ်တယ်။

နောက်ပြီးတော့ သူတို့ဆန္ဒဖော်ထုတ်တဲ့နေရာမှာ သူတို့အုပ်စု နှစ်အုပ်စုခွဲလိုက်တယ်။ အဲတာ မထော်ကျေးရွာဒေသကနေပြီးတော့ အပေါ်ပိုင်း ဖာပွန်ဖက်ကို တက်လာတဲ့ အုပ်စု တစ်အုပ်စုရှိတယ်။ နောက်ပြီးတော့ အောက်ဖက်ကို ဆင်းပြီးတော့ အဲတာ ဝါသိုးခို၊ ကမမောင်းထိ အဲတာ တစ်အုပ်စု သူတို့ အဲလိုသတင်းပေးလာတာလည်း တွေ့ရတယ်။

မေး။ ။ ဒါဆိုရင် ခွင့်ပြုမိန့်တင်မတင်ဆိုတာကတော့ မသိရသေးဘူးပေါ့။

ဖြေ။ ။ ဟုတ်တယ်။ ဒါပေမယ့် သူတို့က သူတို့နယ်မြေထဲမှာအဲ အစိုးရရဲ့ လုပ်ရပ်တွေကိုလည်း ဒီလိုအဖြစ်အပျက်မျိုးဟာ နောက်နောင်မဖြစ်အောင်သူတို့ ဒီလိုဆန္ဒဖော်ထုတ်တာ အဲလိုမျိုးကောက်ချက်ချလို့ရတယ်။

မေး။ ။ ဒီလိုမျိုးသာ တောင်းဆိုမှုတွေ ဖြစ်မလာရင် ရှေ့ဆက်ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ သူတို့ဆန္ဒ အစိုးရသိအောင် သူတို့ဒီလို ထုတ်ဖော်တာလည်း အဲလိုသိတယ်။ နောက်ပြီးတော့ ဒီလိုမျိုး အဖြစ်အပျက်မျိုး နောက်နောင်သူတို့ လုပ်ကိုင်စားသောက်ရေးအတွက်လည်း လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းဖြစ်စေချင်တယ်။ ဒီလိုဆန္ဒမျိုးဖော်ထုတ်တာဖြစ်ပါတယ်။

မေး။ ။ အခုဆန္ဒဖော်ထုတ်နေစဉ်အတွင်းမှာ လမ်းမှာတားဆီးတာ ရှိခဲ့တယ်လို့ သိရတယ်။ အဲဒါ ဘယ်လိုသိထားပါလဲ။

ဖြေ။ ။ သတင်းအရဆိုရင် အစိုးရက တားလာတာရှိတယ်။ လမ်းမပေါ်ကိုတော့ သူတို့ဘာမှမပြောခဲ့ဘူး။ ကမမောင်းတို့ ဖာပွန် မြို့တွင်းတို့ကတော့ မသွားပါနဲ့လို့ အဲလို သတင်းတော့ကြားရတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ ကာယကံရှင်တွေဆီကတော့ မသိသေးဘူး။ ဒါပေမယ့် သူတို့က အခု ဆန္ဒရှိတဲ့နေရာ သူတို့သွားဖို့ ရည်ရွယ်ထားတဲ့ နေရာကိုတော့ သူတို့သွားဖို့ဆန္ဒရှိတယ်။

မေး။ ။ ဒီလောက် ပြည်သူတွေ အများကြီး လမ်းပေါ်ထွက်လာတာကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ အမှန်မှန်က ကျွန်တော်တို့ဒေသက ပြည်သူလူထုရဲ့ သူတို့နေရာဒေသလေးတွေပေါ့လေ။ သူတို့ လွတ်လွတ်လပ်လပ် နောက်ပြီးတော့ သူတို့လူမျိုး သူတို့ဒေသမှာ ကရင်ပြည်သူထုရဲ့ အေးအေးချမ်းချမ်း နေရေးထိုင်ရေး အုပ်ချုပ်ရေးကအစပေါ့လေ။ အဲတာကျွန်တော်တို့ သူတို့ကိုယ်တိုင် သူတို့လူမျိုး ကိုယ်တိုင် အုပ်ချုပ်မှုကိုပဲ သူတို့လိုလားတယ်။

နောက်ပြီးတော့ အစိုးရတွေကလည်း NCA ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ပြောပေမယ့်လည်း အခုထပ်ထိ သူတို့က အာမခံချက် နောက်တစ်ချက်က စစ်ရေးပဋိပက္ခလည်း အခုထပ်ထိ ဖြစ်နေတဲ့ သူတို့က ဒီလိုမျိုး နောက်နောင် မဖြစ်အောင် သူတို့ အမှန်မှန်က အဲတာ ငြိမ်းချမ်းရေး တကယ်လိုချင်ရင် ဒီလိုမျိုးမဖြစ်သင့်ဘူး။

အဲတာသူတို့ အဲလိုဆန္ဒရှိတဲ့အတွက်ကြောင့် အဲတာသူတို့ဖော်ထုတ်တာပဲဖြစ်ပါတယ်။

မေး။ ။ မနေ့က ဆန္ဒပြပွဲက လူဦးရေ ဘယ်လောက်လောက်ရှိပြီးတော့ ဘယ်ဒေသက လာတဲ့သူတွေများလဲ။

ဖြေ။ ။ ကျွန်တော် သတင်းအရကတော့ လူဦးရေ ၄၆၅ဝလောက်က ကမမောင်းကားလမ်းတစ်လျှောက်ပေါ့လေ။ KNU ဘက်က ခန့်ထားတဲ့ အုပ်ချုပ်ရေးတွေပေးတဲ့ အုပ်စုပေါ့လေ။ အဲတာ ၁ဝခုပေါ့လေ။ ကျေးရွာအုပ်စု ၁ဝစုနောက်ပြီးတော့ ရွာပေါင်းကတော့ ၁၁၄ရွာပေါ့လေ။ လူဦးရေကတော့ ၄၆၅ဝလို့ အဲလိုသတင်းရတာရှိတယ်။ ဖာပွန် ခရိုင်ပါပဲ ကျွန်တော်တို့ KNU ဒီဖက်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေပေါ့။

မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။

ဖြေ။ ။ အဲတာ NCA ထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အချိန်ကာလမျိုးပေါ့လေ။ စစ်တပ်ကနေပြီးတော့ ပြည်သူလူထုကို အနှောက်အယှက်ပေးတာတို့ နောက်ပြီးတော့ စိုးရွံ့အောင် နောက်ပြီးတော့ ဝန်ထုတ်ဝန်ပိုး ဒီလိုမျိုးမဖြစ်အောင်လို့ ကျွန်တော်တို့ ဒီလိုမျိုး မဖြစ်စေချင်ဘူး။
အဲတာတကယ် ပြည်သူလူထု ငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်နေထိုင်နိုင်ဖို့အတွက်ကို ကျွန်တော်တို့ တစ်စိုက်မတ်မတ် လုပ်ဆောင်သွားဖို့ လိုတယ်လို့ ကျွန်တော်တို့ အဲလိုမျိုးပဲ ပြောလိုပါတယ်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကိုစောဘီနှင့် ဆက်သွယ်မေးမြန်းချက်

မေး။ ။ မနေ့က ဆန္ဒပြပွဲက အစိုးရဆီက ခွင့်ပြုချက်တင်ခဲ့ရဲ့လား။

ဖြေ။ ။ ခွင့်ပြုချက် ကျွန်တော်သိသလောက်ကတော့ ခွင့်ပြုချက်က မတင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြည်သူလူထုကို ပစ်သတ်တော့ သူတို့က ခွင့်ပြုချက်မှမတင်တာ ကျွန်တာ် ဆန္ဒအနေနဲ့ကတော့ ခွင့်ပြုချက် မတင်လည်း ဆန္ဒပြမှာပဲ။

မေး။ ။ ဆန္ဒပြပွဲကို ဘယ်အဖွဲ့အစည်းတွေ ဦးဆောင်တာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ကရင်ပြည်သူ လူထုပဲဦးဆောင်တယ်။

မေး။ ။ ဒီနေ့ဆန္ဒပြပွဲကို လာတာက ဘယ်ဒေသကလူတွေလည်း လူဦးရေဘယ်လောက်ရှိလဲ။

ဖြေ။ ။ ကတိုင်ကြီး၊ ဖာပွန် အောက်ပိုင်း အနီးတစ်ဝိုက်မှာရှိတဲ့ ရွာတွေပေါ့။ လူဦးရေတော့ တော်တော်များတယ်။ ၄ဝဝဝလား။ ၅ဝဝဝလားမသိဘူး။ တော်တော်များတယ်။

မေး။ ။ လမ်းကြောင်း နှစ်ခုခွဲပြီး ဆန္ဒပြတာလား။

ဖြေ။ ။ ခွဲထွက်တယ်လေ ဖာပွန် တစ်ဖွဲ့လေ။ ကမမောင်းတစ်ဖွဲ့ပေါ့။ ရဲစခန်းဘာတွေကတော့ ဘာမှမပြောသေးဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts